သားဦး၊သမီးဦးတွေက ကျန်မွေးချင်းတွေထက် ပို၍ဥာဏ်ကောင်းကြောင်းတွေ့ရှိ

စကော့တလန်နိုင်ငံ အီဒင်ဘတ်တက္ကသိုလ်မှ စီးပွားရေး ပညာရှင်များက ဦးဆုံးမွေးဖွားကြတဲ့ ကလေးတွေဟာ ကျန်တဲ့မွေးချင်းတွေထက် IQ( intelligence quotient) ဥာဏ်ရည်ပြကိန်း ပိုမိုမြင့်မားကြောင်းအဆိုကို အရင့်ကလေ့လာချက်တွေအတိုင်း ထပ်မံ အတည်ပြုခဲ့ပါတယ်။သားဦး သမီးဦးတွေဟာ ပထမဆုံးကလေးတွေဖြစ်တဲ့အတွက် မိဘများထံမှ ငယ်ငယ်က တွေးခေါ်ပုံတွေးခေါ်နည်းတွေကို ပို၍သင်ယူနိုင်တဲ့အတွက် ဥာဏ်ရည် ပြကိန်းမြင့်မားနေခြင်း ဖြစ်တယ် လို့ သုတေသီတွေ ကဆိုပါတယ်။

ဒီတွေ့ရှိချက်ကို လူသားအရင်းအမြစ် ဆိုတဲ့ ဂျာနယ်မှာ ပုံနိုပ်ထုတ်ဝေခဲ့တာ ဖြစ်ပြီး ဒီတွေ့ရှိချက်ဟာ မိသားစုရဲ့ ၀င်ငွေဟာ မွေးဖွားခြင်းအစီအစဉ် အပေါ်ကို သက်ရောက်မှုရှိကြောင်း သက်သေပြနိုင်တယ် လို့ဆိုပါတယ်။ဒီလေ့လာမှုကို  ဩစတျေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ လေ့လာရေးအဖွဲ့များနှင့် ပူးပေါင်းလေ့လာခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံမှ ကလေးသူငယ်များကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

READ
ကြိုးစားပမ်းစား ၀ိတ်ချပေမယ့် မအောင်မြင်ရတာ ဘာကြောင့်လဲ?

Two child reading together

မွေးဖွားစ အရွယ်မှ  အသက် ၁၄ နှစ်အတွင်း ကလေးပေါင်း ၅၀၀၀ ကျော်ကိုလေ့လာခဲ့ပြီး မိသားစုစီးပွားရေးအခြေအနေနဲ့ အချိန်ကာလ ၂ နှစ်အထိ ဒီကလေးများရဲ့ ဖတ်နိုင်စွမ်းနဲ့ ဝေါဟာရ ကျွမ်းကျင်မှုအပေါ်အကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။လေ့လာသူတွေဟာ မိခင်ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းစတဲ့အချက်တွေကလည်း ကလေးတွေရဲ့ ဥာဏ်ရည်ကို ကြီးမားစွာ သက်ရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ်။

ဦးစွာမွေးဖွားတဲ့ ကလေးတွေဟာ နောက်မှမွေးတဲ့ကလေးတွေထက် မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု၊စာဖတ်ပြခြင်း၊ကစားခြင်း၊သီချင်းဆိုပြခြင်း စတဲ့လုပ်ဆောင်မှုတွေကို ပိုမိုရရှိတဲ့အတွက် ဥာဏ်ရည်ပြကိန်းပိုများခြင်း ဖြစ်ကြောင်းလေ့လာသူများက ဆိုပါတယ်။အီဒင်ဘတ်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာ အန်နာနူဗို ချီကတော့ ” ကျွန်မတို့တွေ့ရှိချက်ဟာ မွေးဖွားချင်းအစီအစဉ် နှင့် မိဘတွေရဲ့ ကလေးအပေါ်ပြုစုစောင့်ရှောက်ပုံဟာ ကလေးတွေရဲက ဥာဏ်ရည်ဥာဏ်သွေးကို ကြီးစွာ သက်ရောက်မှုရှိကြောင်း ရှင်းပြနိုင်တယ် ” လို့ဆိုပါတယ်။

READ
လူတိုင်း သိထားသင့်တဲ့ စိတ်ကျရောဂါရဲ့ ရှေ့ပြေး လက္ခဏာများ

Lumos (Shwemom)

Ref : Metro

SHARE