ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူတစ်ဦးမှ ရောဂါအတွေ့အကြုံကို ပြန်လည်ဝေမျှ

Weibo/ZiZhan

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပေမယ့် ဗိုင်းရပ်စ်ကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ ပထမဆုံးတရုတ်အမျိုးသားတစ်ဦးရဲ့ အတွေ့အကြုံကို ladbible ကနေ သိခဲ့ရပါတယ်။ ဗိုင်းရပ်စ်ကို ခုခံနိုင်ခဲ့တဲ့ အမျိုးသားဟာ အသက် (၂၃) နှစ်အရွယ် ဟွမ်လို့ သိရပါတယ်။ ဟွမ်က သူကူးစက်ခံခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်က ဘယ်လိုရောဂါလက္ခဏာတွေပြနိုင်လဲဆိုတာ ရှင်းပြခဲ့တာပါ။

တစ်နေ့မှာ ဟွမ်ဟာ ခေါင်းတွေကိုက်ပြီး မူးဝေကာ အားမရှိသလို ဖြစ်တာကြောင့် ဆေးရုံသွားပြခဲ့ပါတယ်။ ဆေးရုံက ပေးတဲ့ဆေးကို (၃) ရက်ကြာသောက်ပြီးနောက်မှာလည်း သူက မသက်သာပါဘူး။ ဒီတော့မှ သူ့မှာ ဗိုင်းရပ်စ်ကူးခံနေရပြီဆိုတာ သိလိုက်ရတာပါ။ ဒါပေမယ့် ဟွမ်က ကံကောင်းပါတယ်။ ကိုယ်ခံအားကောင်းနေတဲ့အချိန် အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဖြစ်တာကြောင့် ဗိုင်းရပ်စ်ကို သူတွန်းလှန်နိုင်ခဲ့ပါတယ်။

Weibo/ZiZhan

“ကျွန်တော် နေပြန်ကောင်းတာ မြန်ပါတယ်။ ဘာကြောင့်လည်းဆို ကျွန်တော်က ငယ်သေးတယ်။ အသက်က (၂၃) ပဲ ရှိသေးတာ..” လို့ ဟွမ်က ဆိုပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ်စတင်ပေါက်ဖွားတဲ့ ၀ူဟန်မြို့မှာနေထိုင်သူ တစ်ဦးဖြစ်ပါတယ်။ သူက ဟန်ကူးဘူတာရုံမှာ အလုပ်လုပ်ပါတယ်။ ဟန်ကူးဘူတာရုံက ဟွာနန်းပင်လယ်စာ ဈေးကြီးနဲ့ သိပ်မဝေးပါဘူး။ ဟွာနန်းပင်လယ်စာ ဈေးကြီးကတော့ သိကြတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တယ်လို့ ယူဆထားတဲ့ နေရာပဲ ဖြစ်ပါတယ်။

READ
ကြောင်မွေးခြင်းက စိတ်ကျန်းမာရေးကို မထိခိုက်စေကြောင်း လေ့လာမှုတစ်ရပ်ဆို
Weibo/ZiZhan

ဟွမ်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပိုင်း အအေးမိတာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရတာပါ။ နောက်နေ့မှာတော့ သူ့ရောဂါအခြေအနေဟာ ပိုဆိုးလာပါတယ်။ ဟွမ်က သာမန်နေမကောင်းတာပဲလို့ ယူဆပါတယ်။ အလုပ်ကနေ ဆေးခွင့်ယူပြီး ဆေးရုံသွားပြခဲ့ပါသေးတယ်။ ဒါပေမယ့် အလုပ်ပျက်မှာစိုးလို့ မသက်သာသေးပေမယ့်လည်း ဟွမ်က အလုပ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်သွားဖို့ ကားစီးနေရင်းနဲ့ ဟွမ်က ရုတ်တရက် အဖျားတွေ တက်လာခဲ့ပါတယ်။ ဒါနဲ့ဆေးရုံဆီ ဟွမ်ဟာ နောက်တစ်ခေါက် ပြန်သွားပြခဲ့ပါတယ်။ ဆေးစစ်ချက်တွေထဲ တွေ့ရတာက သူ့ရဲ့ အသည်းလုပ်ဆောင်ပုံဟာ မူမမှန်ဘူးဆိုပြီး ပြသနေခဲ့တာပါ။

ဆရာဝန်တွေက ဟွမ် နမိုးနီးယားဖြစ်နေလားဆိုပြီး အကြိမ်ကြိမ်အထပ်ထပ် စစ်ဆေးခဲ့ပါတယ်။ နောက်တော့ ဟွမ်ဟာ ပင်လယ်စာဈေးနဲ့ မနီးမဝေးမှာရှိတဲ့ ဘူတာရုံမှာ အလုပ်လုပ်နေမှန်း သိသွားခဲ့ပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဝေဒနာရှင်တွေရှိရာ ဂျင်ယင်တန်ဆေးရုံဆီ ဟွမ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

READ
ကော်ဖီက ကျန်းမာရေးအတွက် သင့်/မသင့်ဆိုတာ ... ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်
Weibo/ZiZhan

“ကျွန်တော် ဒီဇင်ဘာ (၂၈) ရက်ကနေ ဇန်န၀ါရီ (၂) ရက်အထိ အဖျားတွေ တက်နေတာ။ ကျွန်တော့်ကို သီးသန့်ခွဲပြီး ဆေးကုပေးကြပါတယ်။ ဆေးဝန်ထမ်းတွေက ဘာမှ မဖော်ထားဘူး။ သူတို့ရဲ့အရေပြားတစ်လက်မစာတောင် မမြင်ရပါဘူး။ ဗိုင်းရပ်စ်အကာအကွယ် ၀တ်စုံတွေကို လုံလုံခြုံခြုံ ၀တ်ထားကြတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အသည်းအသန်ဖြစ်နေတဲ့ လူနာတွေထဲမှာ ပြန်ကောင်းလာတာ၊ ဆေးရုံက ဆင်းခွင့်ရတာ ကျွန်တော် ပထမဆုံးပါပဲ…” လို့လည်း ဟွမ်က ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE