လေလံတင်ပွဲမှာ ဒေါ်လာသိန်းကျော်နဲ့အဝယ်ခံခဲ့ရတဲ့ ပိုကီမွန်ကတ်လေး ၂၄ ကတ်

focal point/Shutterstock

၉၀ ခုနှစ်ရဲ့လူငယ်တွေဆို ပိုကီမွန်ကတ်တွေဟာ ကျွန်တော်တို့ကျောင်းသားဘဝအတွက် ဘယ်လောက်တောင် အရေးပါခဲ့ကြတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ငယ်ဘဝရဲ့အဖိုးတန်ရတနာ ကတ်ထူပြားလေးတွေဟာ အခုအချိန်မှာတော့ တော်ရုံလူငယ်တွေ ကြားတောင်မကြားဖူးကြတော့ပါဘူး။ တိမ်ငုတ်နေတဲ့ ပိုကီမွန်ကတ်လေးတွေနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ပုဒ်ကို TMZ မှာ ဖတ်ခဲ့ပါတယ်။

အဲဒါကတော့ ဒီပိုကီမွန်ကတ်လေးတွေကို လေလံပွဲမှာ ဂရုတစိုက်ဦးစားပေးခံနေရဆဲဖြစ်ပြီး မကြာသေးခင်ကမှ ကတ် ၂၄ ကတ်လောက်ပါတဲ့ အထုပ်တစ်ထုပ်(1st edition set)ကို ဒေါ်လာ ၁ သိန်းကျော်နဲ့ လေလံအောင်သွားတယ်ဆိုတာပါပဲ။

Divina Epiphania/Shutterstock

Goldin Auction ဆိုတဲ့ လေလံတင်ပွဲတစ်ခုမှာဖြစ်ခဲ့တာပါ။ ကတ်ထုပ်ကတော့ ၁၉၉၉ ခုနှစ်၊ ပထမအဆုံးအကြိမ်ထုတ်ခဲ့တဲ့ ရောင်ပြန်ကတ်တွေဖြစ်ပြီး Charizard, Alakazam, Blastoise, Chansey စတဲ့ ကတ်တွေပါဝင်ခဲ့ပြီး အထူးခြားဆုံးကတော့ Charizard ကတ်ပါတဲ့။ ဒီလိုကတ်မျိုး ပထမအကြိမ် ရောင်ပြန်ကတ်တွေဟာ ကမ္ဘာပေါ်မှာ ကတ် ၅၀ တောင် ပျမ်းမျှမကျန်တော့ဘူးလို့လည်း သိခဲ့ရပါတယ်။

READ
လက်ထဲမှာ ကိုင်ထားတဲ့ဖုံးက ပေါက်ကွဲတဲ့ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ပေါ်ခဲ့
Amazon.Com

အခု ဒေါ်လာ ၁ သိန်းကျော်တန် ကတ်တွေကိုတော့ လေလံပွဲမှာ လူ ၁၂ ယောက်က အလုအယက်ဈေးပေးကာ ဝယ်ခဲ့ကြပြီး အနည်းဆုံးလေလံဈေးဟာ ဒေါ်လာ ၂ သောင်းခွဲကနေ စခဲ့ပြီး လေလေံအောင်သွားတာကတော့ ဒေါ်လာ ၁၀၇,၀၁၀ နဲ့ပါ။ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ထောင့်ခြာက်ရာလောက်ရှိနေပါတယ်။ အံ့သြစရာပဲနော်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတုန်းက လုပ်ခဲ့တဲ့ ပွဲတုန်းကဆိုရင်လည်း Gem Mint 10 grade ကတ်တွေကို အခုလိုပဲ ဒေါ်လာ ၁ သိန်းနီးပါးနဲ့ လေလံအောင်ခဲ့ပါသေးတယ်။

Penny

SHARE