အီသီရိုးပီးယားရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့တဲ့ Sahle-Work Zewde

SahleWorkZewde/Tiwtter

Sahle-Work Zewde ဟာ နိုင်ငံရေးလောကထဲ ကြင်လ်နေခဲ့တာ နှစ်အတော်လေးကြာခဲ့ပါပြီ။ အီသီရိုးပီးယားကိုယ်စားပြုသံအမတ်အဖြစ် ဒုတိယမြောက်အမျိုးသမီးအနေနဲ့ အပ်နှင်းခံခဲ့ရဖူးပါတယ်။ ဒါကြောင့်ပဲ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ်တို့အတွင်း Senegal, Mali, Cape Verde, Guinea-Bissau, Gambia နဲ့ Guinea ဒေသတို့အတွက် သံအမတ်ကြီးအနေနဲ့ ကိုယ်စားပြုကာ သူတို့နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ငြှိနှိုင်းဆွေးနွေးမှုဆိုင်ရာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

ထပ်ပြီး ၁၉၉၃ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်အတွင်းမှာလည်း Djibouti ရဲ့ သံအမတ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစိုးရဖက်လုပ်ငန်းအဖွဲ့အစည်း (IGAD) မှာလည်း ရာသက်ပန်ကိုယ်စားလှယ်အဖြစ် ခန့်ထားခြင်း ခံခဲ့ရပါသေးတယ်။ ဒီအပြင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာလည်း ယူနက်စကိုကနေ အီသီရိုးပီးယားကိုယ်စားအဖြစ် ခန့်ထားခဲ့ပြီး အီသီရိုးပီးယား-အာဖရိကန်နိုင်ငံများ အတွက်ကိုယ်စားလှယ်၊ အာဖရိကစီးပွားရေးကောမရှင်ကိုယ်စားလှယ်နဲ့ အာဖရိကန်နိုင်ငံခြားရေးရာအဖွဲ့မှာ ဒါရိုက်တာအဖြစ် ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။

 

ဒါတွေအပြင် ကုလသမဂ္ဂနဲ့လည်း Sahle-Work ဟာ အလုပ်တွဲလုပ်ဖူးပါသေးတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကုလသမဂ္ဂထွေထွေအတွင်းရေးမှူး ဘက်ဂီမွန်နဲ့တွဲကာ ကိုယ်စားလှယ်အဖြစ်လုပ်ဖူးခဲ့ပြီး အဲဒီနှစ်မှာပဲ Nairobi ဒေသအတွက် အထူးကိုယ်စာပြုပြီး တိုးတက်ရေးအတွက် ကြိုးပမ်းပေးခဲ့ပါသေးတယ်။ ဒီအပြင် တခြားသော ရာထူးတွေနဲ့လည်း ကုလသမဂ္ဂက အပ်နှင်းပေးသေးပြီး လက်ရှိမှာတော့ အာဖရိကရဲ့ကုလသမဂ္ဂအဖွဲ့အစည်းမှာ အတွင်းရေးမှူးအဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။

READ
မိန်းမ(၆)ယောက်၊ကလေး(၁၉)ယောက်နဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်နေတဲ့ အိမ်ထောင်ရှင်

 

နိုင်ငံရေးမှာရော၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ရော အတွေ့အကြုံရှိပြီးသားဖြစ်ပြီး အုပ်ချုပ်သူအဆင့်အနေနဲ့လည်း တာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ Sahle-Work ပါ။ သူမဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ သမ္မတအဖြစ် ရာထူပေးခြင်းခံခဲ့ရပါတယ်။ အီသီရိုးပီးယားအနေနဲ့ ခေတ်သစ်သမ္မတနိုင်ငံထူထောင်ပြီးနောက်ပိုင်း Sahle-Work ဟာ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာခဲ့တာပါ။ အရင် ၂၀ ရာစုလောက် သိပ်မဖွံ့ဖြိုးသေးခင်တုန်းကတော့ အီသီရိုးပီးယားကို အုပ်ချုပ်ခဲ့ဖူးတဲ့ Zweditu အမည်ရှိ ဘုရင်မတစ်ယောက် ရှိခဲ့ဖူးပါတယ်။

READ
ခရီးသွားတစ်ဦးရဲ့ကော်ဖီအပြင်းကိုခိုးသောက်မိပြီး (၁၀)နာရီသတိလစ်ခဲ့တဲ့မျောက်ကလေး

အီသီရိုးပီးယားရဲ့ နိုင်ငံရေးလုပ်ထုံးလုပ်နည်းတွေအရ သမ္မတဟာ အမျိုးဘာသာ၊ သာသနာရေးဆိုင်ရာကို လုပ်ပိုင်ခွင့်အပြည့်အဝနဲ့ အထူးအာရုံထားရမှာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာကိုတော့ ဝန်ကြီးချုပ်တွေနဲ့ တိုင်ပင်ငြှိနှိုင်းပြီးမှ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Sahle-Work ဟာ သမ္မတရာထူးကို ၆ နှစ်သက်တမ်း ၂ ကြိမ်တိတိ တာဝန်ထမ်းဆောင်ဖို့ ရာထူးအပ်နှင်းခြင်း ခံထားခဲ့တာပါ။ အီသီရိုးပီးယားဟာ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်လို့ ယနေ့အချိန်အထိ သိပ်မတွင်ကျယ်ကြသေးတဲ့ နေရာတစ်ခုပါ။ ဒီအတွက် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် အပ်နှင်းခံခဲ့ရတဲ့ Sahle-Work ကတော့ သူမသမ္မတဖြစ်ဖြစ်ချင်းမှာပဲ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို လိုက်လံလုပ်ဆောင်နေခဲ့ပါတယ်။

Sahle-Work ဟာ ဖယ်ဒရယ်ပါလီမန်ညီလာခံရဲ့ ကန့်ကွက်မဲတစ်ခုမှမရှိဘဲ သမ္မတအဖြစ် မဲပေးခံခဲ့ရသူတစ်ယောက်ပါ။

 

Penny

SHARE