အမေနဲ့ အတူ လေယာဉ် မောင်းနှင် ပျံသန်းခွင့်ရလို့ ပျော်နေတဲ့ Pilot လေး

Image:IG/Donna Garrett

Captain Suzy Garrett နဲ့ သူမရဲ့ သမီး Donna Garrett တို့က တော့ SkyWest Airlines  လြေေ ကာင်းလိုင်း မှာ အတူတူ အလုပ် လုပ် နေကြတဲ့ သူပါ။သမီးဖြစ်သူ Donna Garrett လေးက တော့ အမေ့ ခြေရာကို နင်းဖို့ ကြိုးစားနေသူပါ။သူတို့သားအမိနှစ်ယောက်က တော့  ခရီးသည်တင်လေယာဉ်ကို အတူေ မာင်းနှင်ပျံသန်းပြီး သမိုင်းမှတ်တိုင် သစ် စိုက်ထူနိုင်ခဲ့ပါတယ်။အမေရော သမီးရော Pilot ဖြစ်ဖို့၊ ခရီးသည် တင် လေယာဉ်ကို အတူပျံသန်း မောင်းနှင်ခွင့်ရဖို့ ဆိုတဲ့ အခွင့် အရေးက လူတိုင်းရနိုင်တဲ့ အခွင့်အ ရေး မျိုး တော့ မဟု တ်ပါဘူး။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

Challenging biases, questioning stereotypes, and celebrating achievements of women worldwide…Happy International Women’s Day

A post shared by Donna Joanne (@donnaa_jo) on

Captain Suzy Garrett က တော့ အခုဆိုရင် အသက် (၅၆)နှစ်ပါ။သူမက တော့ SkyWest Airlines က နေ ခန့်အပ်လိုက်တဲ့  ပထမဆုံး အမျိုးသမီး Pilot တွေ ထဲက တစ်ယောက်ပါ။သူမက တော့ ပျံသန်းမှု အတွေ့အကြုံ နှစ် (၃၀)လောက် ရှိ နေပါပြီ။သူတို့ ရဲ့ မိသားစု က တော့ ပျံသန်းကြသူများ အဖွဲ့ လို့ တောင် ပြော လို့ရပါတယ်။

Suzy  ရဲ့ခင်ပွန်း Doug နဲ့ သား ဖြစ်သူ Mark တို့ ကလည်း Pilot တွေ ပါ။သမီးဖြစ်သူနဲ့ အတူတူ မပျံသန်းရ သေးခင်မှာ Captain Garrett က တော့ SkyWest Airlines blog မှာ “ ကျွန်မတို့ ရဲ့ အလုပ်ကို ချစ်တယ်။ကျွန်မ က လေးတွေ က Pilot ဖြစ်လာဖို့ တခါ မှ မ တွေးဖူးပေမယ့် သူတို့ ဘ၀ အတွက် Career လမ်း ကြောင်း ရွေး တော့ ဒီ လမ်းကြောင်းပေါ်ကို ရောက်လာတာပဲ. အခုသူတို့ ဘယ်လောက် ပျော်နေလဲ.” ဆိုပြီး ရေး ခဲ့ပါတယ်။

အမေ့ခြေရာ နင်းဖို့ ကြိုးစားနေတဲ့ Donna လေးက တော့ အသက် (၂၆)နှစ်ပါ။လေယာဉ်နဲ့ ကျွန်မ နဲ့က ကျွန်မ ဘ၀ တစ်ခုလုံး ထိ တွေ့ ဆက်စပ်လာခဲ့တာပါ။ကျွန်မ မိဘ တွေ စိတ်အားထက်သန်တာရယ်၊ကျွန်မ ကလည်း ပျံသန်းရတာ ကြိုက်လို့ ဒီ အလုပ်ကို ရွေးလိုက်တာပါ..” လို့ ပြောခဲ့ပါတယ်။ Suzy ကလည်း သမီး ဖြစ်သူနဲ့ အတူ အလုပ်တွဲ လုပ်ရ တော့ ပျော်ရွှင် မိတယ်လို့ ပြောခဲ့ပါတယ်။ Donna Garrett ရဲ့ Instagram အကောင့်မှာ တော့ သူမရဲ့ လေယာဉ် ပျံသန်းတဲ့ ပုံရိပ်လေးတွေ၊မိသားစု နဲ့ အတူတူ ပျော် နေတဲ့ ပုံလေးတွေ ကို ဝေမျှ ထားပါတယ်။

 

View this post on Instagram

 

Instagram vs reality #sleepingbeauty *stop adding me on Facebook*

A post shared by Donna Joanne (@donnaa_jo) on

#SHWEMOM

SHARE