ဂျပန်ရဲ့ဂိမ်းပြိုင်ပွဲမှာ ပထမဆုံးအမျိုးသမီးချန်ပီယံဖြစ်လာတဲ့ မော်ဒယ်ကျောင်းသူလေး

Instagram/miyu_0v0

အသက်(၁၇)နှစ်အရွယ် Miyu Otomo ဆိုတဲ့ကောင်မလေးက online multiplayer battle နာမည်ကြီးဂိမ်းဖြစ်တဲ့ League of Legends နဲ့ ဂျပန်အထက်တန်းကျောင်း E-sports Championshipပြိုင်ပွဲမှာ ပထမဆုံး အမျိုးသမီး ချန်ပီယံဖြစ်လာခဲ့ကြောင်း SoraNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Miyu ကိုင်တွယ်ကစားခဲ့တဲ့ ဇာတ်ကောင်အမည်ကတော့ ShakeSpeare  ဖြစ်ပြီးတော့၊ သူမရဲ့ N High School မှ အသင်းဖော်တွေနဲ့အတူ ဒီအောင်မြင်မှုကို  ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အရည်အချင်းရှိတဲ့မျိုးဆက်သစ်ကျောင်းသားတွေကို ဗီဒီိယိုဂိမ်းဖန်တီးသူတွေ၊ ကွန်ပျူတာပရိုဂရမ်မာတွေ၊ စာရေးဆရာတွေနဲ့ အန်တီမေးရှင်းပရိုဂျူဆာတွေဖြစ်လာဖို့ အဓိကထားပျိုးထောင်ပေးတဲ့ ပြိုင်ပွဲတစ်ခုဆိုလည်းမမှားပါဘူး။

 

View this post on Instagram

 

今年はガキ使見ないで終わってしまったーーーー……疲れてて寝ちゃってた……。 2019年は自分の人生が変わるきっかけになった歳のような気がします。 正直成功するかしないか分かんなかったけど、自分のやりたい事をやる為に行動を起こしてよかった。 ミスコンもTGCも高校生大会も全部いい思い出になりました。 みんな本当に支えてくれてありがとう。大好きだよ。 これからもよろしくな! #女子高生ミスコン #女子高生ミスコン2019 #女子高生ミスコンファイナリスト #ミスコン #ミスコンファイナリスト #ミスコン2019 #全国高校eスポーツ選手権 #eスポーツ #優勝 #lol #リーグオブレジェンド #tgc #tgcteen #jkブランド #jk #sjk #jk2 #followme #follow #likeforlikes #likeforfollow #フォローミー #フォロー #2019 #ありがとう

A post shared by みゆう (@miyu_0v0) on

Miyuဟာဂိမ်းကိုဘယ်လောက်ရူးသွပ်လဲဆိုရင် League of Legends  ကစားသမားကောင်းဖြစ်လာဖို့ မူလ Saitamaကျောင်းကနေ သူ့အတွက်ပိုပြီးအခွင့်အလမ်းရှိမယ်ထင်တဲ့Okinawan အထက်တန်းကျောင်းကိုပြောင်းရွှေ့ ခဲ့တာပါ။ ဘာလို့လဲဆို အဲ့ဒီကျောင်းမှာက ပရော်ဖက်ရှင် gamerတစ်ယောက်သင်ကြားပေးတဲ့ သင်ခန်းစာတွေအပြင် အခြားပြင်ပကလပ်တွေရှိတာကြောင့် ဖြစ်ပါတယ်။ အခုအောင်မြင်မှုနဲ့ပတ်သက်ပြီး သူမရွှေ့ပြောင်းမှုဟာ ချွင်းချက်မရှိ မှန်ကန်တယ်လို့ ဆိုထားပါတယ်။

မကြာသေးမီစစ်တမ်းအရ ဂျပန်နိုင်ငံမှာ ဂိမ်းကစားသူ အမျိုးသမီး(၃၀)ရာခိုင်နှုန်းရှိပြီးတော့၊ နိုင်ငံပြိုင်ပွဲလို အဆင့်မြင့်ပြိုင်ပွဲမှာ Miyu ရဲ့အောင်မြင်မှုလာမယ့် အမျိုးသမီး အချိန်အတော်ကြာ ထပ်ရှိလာပါအုံးမလားလို့တောင် သုံးသပ်ပြောဆိုကြပါတယ်။

Miyuက  အမျိုးသားတွေကြီးစိုးတဲ့ ဒီလိုဂိမ်းပြိုင်ပွဲတွေမှာ မိန်းကလေးတွေကိုလည်း အထင်မသေးသင့်ဘူးဆိုတာကို သက်သေပြချင်တယ်။  ဒါကို ဖြိုဖျက်ပြီး အနိုင်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မိန်းကလေးတွေကိုလည်း လျှော့တွက်လို့မရဘူးဆိုတာကို လုပ်ပြချင်ခဲ့တာလို့ Miyuက ပြောခဲ့ပါတယ်။

 

အခုလို အဆင့်ဆင့်ဖြတ်ကျော်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ ပထမဆုံးအမျိုးသမီး ချန်ပီယံဖြစ်လာတဲ့ သူမကို ကြည့်ပြီး ဘယ်အရာကိုမှ လျှော့တွက်မရဘူးဆိုတာ တကယ်လည်းသာဓကဖြစ်စရာပါ။

Miyu ဟာ ဂိမ်းဘက်မှာ တင်ကျွမ်းကျင်သူမဟုတ်ဘဲ အလှမယ်ပြိုင်ပွဲတော်တော်များများမှာလည်း ပါဝင်ခဲ့ဖူးသူတစ်ယောက်ပါ။  ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ အထက်တန်းကျောင်းသူအလှမယ်ရွေးပွဲ Miss JK Contestပြိုင်ပွဲမှာ နောက်ဆုံးဇကာတင်စာရင်းပါဝင်ခဲ့သူဖြစ်ပြီး၊ Tokyo Girls Collection ပွဲမှာ Catwalkမော်ဒယ်အဖြစ်ပါဝင်ခဲ့သူပါ။ သူမရဲ့ထူးခြားမှုကြောင့် အများစုက idol groups တွေရဲ့ အဖွဲ့ဝင်ပုံစံမျိုးဆိုပြီးတော့တောင် သူမကို တင်စားနှိုင်းယှဉ်ခဲ့ကြပါတယ်။

READ
မင်္ဂလာပွဲမှာ အရက်မူးပြီး သတို့သမီးကို လက်သီးနဲ့ထိုးတဲ့ သတို့သား အဖမ်းခံခဲ့ရ

အသက်(၁၇)နှစ်သာရှိသေးတဲ့ Miyuကတော့ သူမရဲ့တောက်ပတဲ့အနာဂတ်တွေနဲ့အတူ မော်ဒယ်အလုပ်ကိုရော၊ ဂိမ်းကစားခြင်း နှစ်ခုစလုံးကိုပါ ဆက်လက်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Khaing Sandar

SHARE