သေဆုံးသူအလှူရှင်ရဲ့ သားအိမ်နဲ့ ပထမဆုံးအကြိမ် ကလေးမွေးဖွားနိုင်ပြီဖြစ်

ဘရာဇီးနိုင်ငံသူ အမျိုးသမီးတစ်ဦးဟာ ကွယ်လွန်သူဆီက အလှူခံရရှိတဲ့သားအိမ်နဲ့ သားအိမ်အစားထိုးခွဲစိတ်ပြီး ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကလေးမီးဖွားနိုင်ခဲ့ပါတယ်။ ဆေးသိပ္ပံလောကမှာတော့ တခေတ်ဆန်းတယ်လို့ ဆိုနိုင်တဲ့ အောင်မြင်မှု အကြီးကြီးတစ်ခု ဖြစ်ပါတယ်။ မျိုးမပွားနိုင်တဲ့ ဗြိတိန်လူမျိုး (၅၀,၀၀၀) အတွက်တော့ ဒီဖြစ်ရပ်က မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပါ။ များသောအားဖြင့် ဆွီဒင်နဲ့ အမေရိကန်နိုင်ငံတွေမှာ ကလေးလိုချင်တဲ့အခါ သွေးသားရင်းဆွေမျိုးတွေဆီကနေ အကူအညီတောင်းပြီး အငှားသန္ဓေသားကိုယ်ဝန်ဆောင်နိုင်ဖို့ပဲ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ သေဆုံးသူအမျိုးသမီးတစ်ဦးဆီက သားအိမ်အစားထိုးယူပြီး ကလေးမွေးတဲ့ ကိစ္စဟာ မအောင်မြင်ပဲ အဆုံးသတ်ခဲ့ရတာတွေသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအခါ ကွယ်လွန်သူဆီက သားအိမ်နဲ့ ကျန်းမာသန်စွမ်းတဲ့ သမီးကလေးတစ်ယောက် မွေးဖွားလာနိုင်တာဟာ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာပါတယ်။ အမေရိကန်၊ ချက်ခ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာ အရင်တုန်းက လူသေဆီက သားအိမ်နဲ့ အစားထိုးပြီး ကလေးမွေးဖို့ ကြိုးစားခဲ့ရာ ဆယ်ကြိမ်မှာ တစ်ကြိမ်တောင် မအောင်မြင်ခဲ့ကြပါဘူး။

READ
မွေးရာပါလက်မပါပေမယ့် ခြေနှစ်ချောင်းကိုအားပြုပြီးစီးပွားရေးမှာအောင်မြင်လာသူ
pexels

လက်ရှိ သားအိမ်အစားထိုးခွဲစိတ်ကုသသူကတော့ အသက်(၃၂) နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမက မျိုးဗီဇချို့ယွင်းပြီး သားအိမ်ပါမလာပဲ ရှိခဲ့တာပါ။ (၂၀၁၆) ခုနှစ်မှာတော့ သူမဟာ ဘရာဇီးနိုင်ငံ ဆောပိုလိုက ဆေးရုံတစ်ရုံမှာ သားအိမ်အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အလှူရှင်ကတော့ ဦးနှောက်သွေးယိုစိမ့်ပြီး လောလောလတ်လတ် သေဆုံးသွားတဲ့ (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။ ခွဲစိတ်ဆရာဝန်တွေဟာ (၁၁) နာရီနီးပါကြာအောင် သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ အရွတ်တွေ၊ သားအိမ်လမ်းကြောင်းတွေကို အဆိုပါအမျိုးသမီးရဲ့ သားအိမ်သစ်နဲ့ သေချာချိတ်ဆက်ပေးခဲ့ကြပါတယ်။

pexels

ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒါနီကတော့ “သေဆုံးသူဆီက ရတဲ့ သားအိမ်ကို အခုလို အသုံးချနိုင်တယ်ဆိုတော့ ဆေးပညာလောကအတွက် ကောင်းမွန်တာပေါ့။ သန္ဓေမအောင်တဲ့ အမျိုးသမီးတွေအတွက်လည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုရသွားတာပေါ့။ လူသေဆီက သားအိမ်အစားထိုးနိုင်တဲ့အပြင် ကလေးပါမွေးနိုင်ပြီဆိုတော့ ဆေးပညာအတွက် မှတ်ကျောက်တင်စရာကြီး တစ်ခုပါပဲ။” လို့ ဆိုပါတယ်။

READ
အောင်မြင်တဲ့လူတိုင်း ပေးဆပ်ခဲ့ရသောအရာများ

ဒါပေမယ့်လည်း မိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သေဆုံးပြီးနောက်မှာ လှူဒါန်းထားသူအရေအတွက်ဟာ အကန့်အသတ်နဲ့ ရှိနေတာကြောင့် အခုလိုသားအိမ်အစားထိုးတာက တွင်ကျယ်လာမလားဆိုတာတော့ မပြောတတ်သေးပါဘူး။ ယခုဖြစ်ရပ်ပါ အမျိုးသမီးကိုတော့ ဆရာဝန်တွေဟာ သားအိမ်အစားထိုးပေးပြီးနောက် သန္ဓေအောင်ပြီးသား မျိုးဥ(၈) ခုကို တစ်ပါတည်း ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ရက်သတ္တပတ်(၃၅) ပတ်အကြာမှာတော့ သူမဟာ (၂၀၁၇) ခုနှစ် ဒီဇင်ဘာလမှာတော့ သမီးကလေးတစ်ဦးကို အောင်မြင်စွာ ခွဲမွေးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆရာဝန်တွေဟာ အဆိုပါသတင်းကို ချက်ချင်းမထုတ်ပြန်သေးပဲ တစ်နှစ်နီးပါးလောက် အသေအချာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတော့မှ The Lancet ဆေးပညာဂျာနယ်မှာ အခုလိုမျိုး ကြေညာခဲ့တာပါ။ သမီးလေးကတော့ လက်ရှိအချိန်အထိ နို့တိုက်နေရဆဲဖြစ်ပြီး ကိုယ်အလေးချိန် ၇.၂ ကီလို ( ၁၆ ပေါင်) ရှိကြောင်းလည်း သိရပါတယ်။

pexels

လင်းလင်း (ShweMom)

Ref: TheSun, Independent

SHARE