Mulan (live-action) ဇာတ်ကားရဲ့ Trailer ထွက်ရှိ

Image:walt disney studios

ပရိသတ်တွေ အရမ်းကို မျှော်လင့်နေကြတဲ့ Mulan (live-action)ဇာတ်ကားရဲ့ Trailer ထွက်ရှိလာခဲ့ပါပြီ။ဒီအေ ကြာင်း ကိုတော့ .theverge.com မှာ ဖော်ပြထားတာပါ။Disney ကနေ Mulan ရဲ့ ပထမဆုံး Trailer ကို ပရိသ တ် တွေ ဆီကို အရောက်ပို့ ပေးလိုက်တာပါ။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Niki Caro  က ရိုက်ကူး ပုံ ဖော်ထားပြီး တရုတ်မင်းသမီးလေး Liu Yifei ကတော့ Hua Mulan နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ Hua Mulan (Liu Yifei )ရဲ့ ဖေဖေ  Hua Zhou  ရဲ့ နေရာကနေ Tzi Ma က သရုပ်ဆောင်သွားမှာပါ။

Image:walt disney studios
Image:@yifei_cc

တစ်အိမ်ထောင်မှာ အမျိုးသားတစ်ယောက် မဖြစ်မနေ စစ်တိုက်ရမယ့် အချိန်မှာ Hua Mulan (Liu Yifei ) က သူ့ အဖေရဲ့ ကိုယ်စားစစ်ထဲကို ၀င်မှာပါ။ဒီဇာတ်ကားထဲမှာတော့ တပ်မှူးTung အဖြစ်   Donnie Yen ၊ Yoson An  အဖြစ် Cheng Honghui နဲ့  Gong Li  ကတော့ Xianniang နေရာကနေ ပါဝင်သွားမှာပါ။မူလ anim ated ရုပ်ရှင်မှာတော့ Xianniang ဆိုတဲ့ ဇာတ်ကောင်က မပါဝင်ပဲ live-action ထဲမှာ ပါဝင်လာတာပါ။အခု ထွက်လာတဲ့ Trailer ထဲမှာတော့ Mulan ရဲ့ အဖော် Mushu  ဆိုတဲ့ နဂါး တော့ပါမလာပါဘူး။ဒါကြောင့် ပရိသတ်တွေ ကလည်း Mushu  ဘယ်မလဲဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေးခွန်းထုတ်ထား ကြပါတယ်။

READ
ထိုင်းနိုင်ငံမှာကျင်းပတဲ့ Joox ဂီတဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ မေရီရဲ့ ပုံရိပ်လေးများ
Image:walt disney studios/yifeifan
Image:walt disney studios
Image:walt disney studios

Mulan live-action ဇာတ်ကားကတော့ (၂၉၉၈)ခုနှစ်က Mulan Animation ဇာတ်ကားကို ပြန်ပြီး အသက် သွင်း ထားတာပါ။အဲ့ဒီ Mulan ကိုတော့ ဒါရိုက်တာ Barry Cook နဲ့ Tony Bancroft တို့က ရိုက်ခဲ့တာပါ။Disney  က Jungle Book, Beauty and the Beast, Dumbo နဲ့  Aladdin တို့ကို live-action အဖြစ် အသက် သွင်း ခဲ့ သလိုပဲ Mulan ကိုလည်း live-action ဇာတ်ကားအဖြစ် ပြန်ပြီး အသက်သွင်းခဲ့တာပါ။Mulan live-action ဇာတ်ကား ကိုတော့ (၂၀၂၀) မတ် (၂၇)မှာ ရုံတင်ပြသ သွားမှာပါ။

READ
ပရိသတ်တွေ သဘောကျနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာစုံတွဲပုံလေးတွေ

Image:walt disney studios

#SHWEMOM

SHARE