အမေရိကန်ဘက် ပြန့်နှံ့သွားပြီဖြစ်တဲ့ တရုတ်က ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်

twitter/Max Howroute

အမေရိကန်မှာ ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းသိမ်းရေးစင်တာ စီဒီစီက ဇန်န၀ါရီလ (၂၁) ရက် နေ့လည်ခင်းမှာ ကြေညာလိုက်ပါတယ်။ ဒီမတိုင်ခင်က တရုတ်ဟာ နမိုးနီးယားရောဂါမျိုးစိတ်သစ် ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း သတိပေးခဲ့ပါတယ်။ ၄င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၆) ဦးရှိခဲ့ပြီး လက်ရှိမှာ ကူးစက်ခံနေရသူ ဦးရေ (၃၀၀) ကျော်ရှိနေပါပြီ။

အမေရိကန်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူကတော့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ နမိုးနီးယားဝင်ကာ နေရင်းနိုင်ငံဆီ ပြန်လာခဲ့တာ ဖြစ်ပြီး အခုတော့ အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ အမေရိကန်ကို ပြန်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေက အဓိက လေဆိပ်ကြီး (၃) ခုမှာ ခရီးသည်တွေရဲ့ ကျန်းမာရေးကို စစ်ဆေးရာကနေ ထိုသူမှာ ဗိုင်းရပ်စ်ကူးလာမှန်း သိရှိခဲ့ကြတယ်လို့ forbes က ဆိုပါတယ်။

READ
Stop Button ကို ဆက်တိုက်နှိပ်ခဲ့တဲ့ ခရီးသည်ကို လက်သီးနဲ့ထိုးကြိတ်တဲ့ ဒရိုင်ဘာ
twitter/@Terremoti7

အရင်က အမေရိကန်ရဲ့ နယူးယောက် ဂျွန်အက်ဖ်ကနေဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆန်ဖရန်ဆစ္စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ လော့စ်အင်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးပါ၊ မပါ စစ်ဆေးခဲ့ရာမှ အခုဆိုရင် အတ္တလန္တာ ဟာ့စ်ဖီးလ်ဒ် ဂျက်ဆ် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အိုဟဲရ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာပါ ကျန်းမာရေးစီစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

twitter/@PDChina

တရုတ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO တို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေ လူချင်း ကူးစက်နိုင်တယ်လို့ ဇန်န၀ါရီ (၂၀) ရက်နေ့က အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီဒီစီအနေနဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို သိရှိဖို့ ရောဂါရှာဖွေတဲ့ စမ်းသပ်ချက်တစ်ခုကို အကောင်အထည်ဖော်နေကြောင်း ပြောခဲ့ပြီး မကြာခင် ရက်သတ္တပတ်တွေမှာ အပြည်ပြည်ဆိုင်ရာနဲ့  ဒေသတွင်းအဖွဲ့အစည်းတွေကို ၄င်းစမ်းသပ်ချက်အကြောင်း မျှဝေသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

READ
မွေးခန်းကိုသွားတဲ့ ဓာတ်လှေကားထဲမှာပင် မီးဖွားခဲ့တဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

SHARE