နှစ်သန်းပေါင်း (၃၈၀)ခန့်က တည်ရှိခဲ့တဲ့ ငါးမျိုးစိတ်မှာ လူကဲ့သို့ လက်ချောင်းများပါရှိ

WikimediaCommons

ကနေဒါက ရေအိုင်တွေမှာ ထူုးဆန်တဲ့ ရေနေသတ္တဝါမျိုးစိတ်တစ်ခု လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၃၈၀)လောက်က ကျင်လည်ကျက်စားခဲ့ပါတယ်။ အဲဒီသတ္တဝါကတော့ ငါးတစ်မျိုး ဖြစ်ပါတယ်။ ဒီးငါးဟာ ငါးမန်းနဲ့လည်း တူညီသလို၊ ပုံပန်းသဏ္ဍာကတော့ ရှေ့ပိုင်းကိုယ်တစ်ဝက်လောက်ဟာ ယနေ့ခေတ် ကင်းလိပ်ချောများနဲ့ တူညီပါတယ်။

ကျန်တဲ့အပိုင်းကတော့ အကြေးခွံနဲ့ ရေယက်ဆူးတောင်တွေကအစ ငါးသတ္တဝါမျိုးစိတ်ပါဘဲ။ ဒါပေမယ့် ထူးဆန်းတာက ရေယက်တွေရဲ့အဆုံးမှာ လူတွေရဲ့လက်ချောင်းပုံစံလေးတွေ ပါဝင်ပါတယ်။ ဒီသတ္တဝါကိုတော့ ဇီဝဗေဒအနေနဲ့ Elpistostege watsoni လို့ခေါ်ပါတယ်။

WikimediaCommons

ဒီငါးကို ကြည့်ချင်းအားဖြင့် လူသတ္တဝါတွေမှာ လက်ခြေတွေ ဘယ်လိုဖြစ်တည်လာခဲ့တာလဲဆိုတဲ့ ပျက်နေတဲ့ ကွင်းဆက်ကို ချိတ်ပေးနိုင်ဖွယ်ရာ ရှိနေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီငါးကို Scan ဖတ်ကြည့်ရာမှာ သူရဲ့ လက်ပုံစံရေယက်တွေက ယနေ့ခေတ် လူသားတွေရဲ့ လက်ဖွဲ့စည်းပုံနဲ့ အတော်လေး ဆင်တူနေတာပါ။

ငါးရဲ့လက်ဖွဲ့စည်းပုံမှာ လက်ဖျံ၊ လက်မောင်းနဲ့၊ လက်ချောင်းငယ်လေးတွေကအစ အသေးစိတ်ပါဝင်ပါတယ်။ သြစတေးလျအခြေစိုက်၊ Flinders University မှ ပါမောက္ခ John Long ကတော့ ငါးသတ္တဝါတစ်ကောင်မှာ ဒီလို ထူးဆန်းတဲ့ဖွဲ့စည်းတည်ဆောက်ပုံ ပါဝင်လာတာဟာ ရှာဖွေတွေ့ရျှိမှုတွေထဲမှာတော့ အစောဆုံးလို့ ဆိုခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Twitter/ProfessorJohnLong

Elpistostege ငါးတွေ တည်ရှိခဲ့ကြောင်း သက်သေတွေကို (၁၉၃၈)ခုနှစ်က ကနေဒါနိုင်ငံ၊ Quebec ပြည်နယ်အတွင်း၊ Miguasha National Park အတွင်းက တောင်စောင်းတွေ၊ တောင်ကမ်းပါးယံတွေမှာ စတင်တွေ့ရှိခဲ့တာပါ။ (၂၀၁၀)ခုနှစ်မှာတော့ ပြီးပြည့်စုံတဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီသတ္တဝါဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၃၉၃)သန်းနဲ့၊ (၃၅၉)သန်း ကာလအတွင်း ဒီဗိုနီယံခေတ်အလယ်ပိုင်းနဲ့ နှောင်းပိုင်းတွေမှာ သမုဒ္ဒရာရေတိမ်ပိုင်းမှာ ကျင်လည်ခဲ့ပုံရပါတယ်။ အရှည်မှာ (၅)ပေအထိ ရှိနိုင်တာကြောင့်၊ နီးစပ်တဲ့သတ္တဝါတွေကို ဖမ်းဆီးစားသောက်နိုင်တဲ့ သတ္တဝါမျိုးစိတ်လို့ ယူဆရပါတယ်။

Twitter/ProfessorJohnLong

နောက်ပြီး ကုန်းပေါ်ကို ခဏသဘော တက်ရောက် အစာရှာနိုင်ဖို့ရှိပါတယ်။ ဒီငါးရဲ့ ရေယက်တောင်တွေအတွင်းမှာ သေးငယ်တဲ့အရိုးတွေ များစွာပါဝင်ခြင်းကြောင့် ကိုယ်ရဲ့အလေးချိန်ကို ရေယက်တောင်တွေဆီ ဖြန့်ကျက်နိုင်တဲ့ သဘောလက္ခဏာကိုလည်း တွေ့ရပါတယ်။ ဒီအကြောင်းကို Nature ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။

လင်းသုတ

SHARE