ပါးစပ်နှစ်ခု၊ ထူးဆန်းသည့် အမြှီးနဲ့ အမျိုးအမည်မသိ ငါးတစ်ကောင် ရုရှတွင်ဖမ်းမိခဲ့

အမျိုးအမည် မသိရသေးတဲ့ ထူးဆန်းတဲ့ ငါးတစ်ကောင်ကို ရုရှနိုင်ငံ ရေပိုင်နက်အတွင်းမှာ ရုရှတံငါသည်တစ်စုက ဖမ်းမိခဲ့ပါတယ်။ အဲဒီငါးဟာ သာမန်ငါးတွေနဲ့ မတူဘဲ၊ ပါးစပ်ပေါက် နှစ်ခုပါဝင်ပြီး၊ အမြှီးပုံစံကလည်း အလွန်ထူးခြားနေပါတယ်။ ပါးစပ်နှစ်ပေါင်အနက် တစ်ခုမှာ ပုံမှန်အတိုင်းဖြစ်ပေမယ့်၊ တစ်ခုကတော့ လည်ပင်းမှာ ပါဝင်နေတယ်လို့ The Sun က ဆိုပါတယ်။

အမြှီးကလည်း ငါးခန္ဓာကိုယ်ရဲ့ အောက်ပိုင်းမှာ ချိတ်ပုံစံအဖြစ် ပါဝင်ပြီး၊ သူရဲ့ဗိုက်ကတော့ ငါးပူတင်းကဲ့သို့ ဆူဖောင်းနေပါတယ်။ ဒီထူးဆန်းတဲ့ငါးကို ရုရှနိုင်ငံ အရှေ့တောင်ပိုင်း Primorsky Krai နယ်မြေအနီးက ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ငါးကို ဖမ်းမိခဲ့တဲ့ တံငါသည်က ငါးကို ကိုင်ပြပြီး ” ကျနော်တို့ ဘာအမျိုးစားမှန်းမသိတဲ့ သတ္တ၀ါကို ဖမ်းနိုင်ခဲ့ပါတယ် “လို့ ပြောခဲ့ပါတယ်။ သတင်းထဲမှာတော့ ငါးဟာ အသက်ရှင်သေးလား၊ သေသွားပြီလားဆိုတာ တိတိကျကျ ဖော်ပြမထားပါဘူး။ ဒါပေမယ့် လူမှုကွန်ယက်အသုံးပြုသူတွေကတော့ မတူညီတဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

READ
ကိုယ့်မုန့်ဖိုးကိုရှာပြီး V.day မှာ ကျောင်းက ကောင်မလေးတွေကို ပျော်စေခဲ့တဲ့ ၈ နှစ်သား

လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ဒီငါးကို ရွံစရာအဖြစ် မှတ်ချက်ပေးခဲ့ပြီး၊ အခြားတစ်ဦးကတော့ ငါးတွေဟာ ယခင်က သဘာဝအတိုင်းသာ ဖြစ်ပြီး၊ ဂျပန်နိုင်ငံမှာတည်ရှိတဲ့ ဖူကူရှီမားနယူကလီယားသိုလှောင်ရုံပေါက်ကွဲပြီးနောက် ဒီလို ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE