ယောက်ျားနှစ်ယောက်ကို အကြမ်းဖက်မှုနဲ့ စစ်ဆေးခံနေရတဲ့ Fitness Model

Image : IG/ Ryu Se Bi

နာမည်ကြီး Fitness Model  တစ်ယောက်ဖြစ်တဲ့ Ryu Se Bi  ကတော့ အမျိုးသားနှစ်ယောက်ကို အကြမ်းဖက်မှု အတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ koreatimes ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အသက်(၃၀)အရွယ် ရှိနေတဲ့ သူမကတော့ IG မှာ အရမ်းကို နာမည်ကြီး တဲ့ Fitness Model  တစ်ယောက်ပါ။ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှိတဲ့ Gangnam အရပ်က နိုက်ကလပ် အပြင်ဘက်မှာ အခင်းဖြစ်ပွားခဲ့တာပါ ။နိုက်ကလပ် အပြင်ဘက်မှာရှိနေတဲ့ အမျိုးသား နှစ်ယောက်ကို သူမက အကြမ်းဖက်တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခဲ့ပါတယ်။

Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi

ရဲတပ်ဖွဲ့ရဲ့ အပြောအရ ဆိုရင်တော့ သူမဟာ ကလပ်အပြင်ဘက်မှာ ရပ်နေတဲ့ ယောက်ျားတစ်ယောက် ဆီကနေ စီးကရက် တောင်းခဲ့ကြောင်း၊ရုတ်တရက်ဆိုသလို အဲ့ဒီအမျိုးသားရဲ့ လည်ပင်းနဲ့ ညို့သကျည်းကို တိုက်ခိုက် ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရန်ပွဲကို ကြားဝင်ဖျန်ဖြေဖို့ ကြိုးစားတဲ့ယောက်ကျားတစ်ယောက်ကိုပါ ရိုက်ခဲ့ပါတယ်။ရဲ တွေ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။Ryu Se Bi ကတော့ လက်ရှိမှာ fitness model တစ်ယောက် အဖြစ်တင်မကပဲ မင်းသမီးတစ်ယောက် အဖြစ် ပါ ရပ်တည် နေသူပါ။

READ
ညို့အားပြင်းတဲ့ အလှနဲ့ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ခါသွားစေတဲ့ စံရတီမိုးမြင့်
Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi
အဖမ်းခံရတဲ့ အချိန်တုန်းက သူမဟာ အရမ်းကို မူးနေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ‘Sports Seoul‘ ရဲ့ ဖော်ပြ ချက်အရ တော့ Ryu Se Bi ဘကက်နေ လည်း နစ်နာသူတွေ အတွက် ကျေအေးပေးဖို့ ကိစ္စကို ပြင်ဆင် နေတယ်လို့ ဆိုပါတယ်။သူမဘက်ကနေ လည်းလူချင်းတွေ့ပြီးလည်း မကြာခင်မှာ ဆက်သွယ်သွားဖို့ ရှိတယ်လို့ လည်း ဖော်ပြထားပါတယ်။
Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi
Image : alkpop

ကိစ္စတွေဖြစ်ပွားပြီးခါစမှာ ၀န်းရံသူတွေ အရမ်းများတဲ့ သူမရဲ့ IG အကောင့်ကို private account အဖြစ် ပြောင်းလဲခဲ့ပါသေးတယ်။

Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi
Image : IG/ Ryu Se Bi

#Shwemom

SHARE