Fan Bingbing နေရာကို ဆက်ခံမယ်ဆိုပြီး နာမည်ကြီးနေတဲ့ မင်းသမီးငါးယောက်

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Fan Bingbing ရဲ့နေရာကို ဆက်ခံ မယ့် သူတွေဆိုပြီး နာမည်ကြီးနေတဲ့ တရုတ်မင်းသမီးငါးယောက်ရှိပါတယ်။Fan Bingbing ကတော့ တရုတ်မှာတင်မဟုတ်ပဲ ဟောလိဝုဒ်အထိပါ ၀င်ဆန့်တဲ့ မင်းသမီးတစ်လက်ပါ။သရုပ်ဆောင်တင်မ ဟုတ် ပဲ ကမ္ဘာတစ်ဝန်းမှာဆိုရင် သူမက တရုတ်အနုပညာလောကရဲ့ ကိုယ်စားပြု မျက်နှာဖုံးလို့ ပြောလို့ရသူပါ။ဖက်ရှင်နဲ့ပတ်သက်ပြီး စံပြအမျိုးသမီးတစ်ယောက်၊လက် ၀တ်ရတနာ၊cosmetics brands တွေမှာလည်း သူ မပါရင်မပြီးတဲ့သူတစ်ယောက်ပါ။

  1. Dilraba Dilmurat
pinterest.

တရုတ်နိုင်ငံ  Xinjiang ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ အသက်(၂၆)နှစ်အရွယ် မင်းသမီးလေးပါ။TV series Eternal Love (2017) နဲ့ နာမည်ကြီးခဲ့သူပါ။Shanghai Theatre Academy  ကနေ ဘွဲ့ရခဲ့သူပါ။မင်းသမီး Yang Mi  က သူမကို ရွေးချယ်ခဲ့ပြီး Yang ရဲ့ မီဒီယာအေဂျင်စီ နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။Yang Mi  ကတော့ အရင်တုန်းက တရုတ်ရဲ့ အအောင်မြင်ဆုံး ထိပ်တန်း Star တစ်ယောက် အဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပါတယ်။Dilmurat  ကတော့ အခုဆိုရင် သူမထက် အသက်(၆)နှစ်ကြီးတဲ့ စီနီယာ Yang ကို ကျော်တတ်တော့မယ့် မင်းသမီးတစ်ယောက် အဖြစ် ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

READ
ခရီးမထွက်ခင်လေးမှာ ချစ်သူလေးနဲ့အတူ အလွမ်းသယ်နေတဲ့ ထွန်းထွန်း
pinterest.
  1. Yang Chaoyue
pinterest

Yang ကတော့ Produce 101 မှာ တတိယနေရာရခဲ့သူပါ။အဲ့ဒီကနေ မှ နာမည်ကြီးခဲ့သူ ပါ။သူမဟာ CH2 အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။(၂၀၁၈)ရဲ့သြဇာအလွှမ်းမိုးနိုင်ဆုံး တစ်ေ ယာက် အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် အသက်(၂၀)ပဲရှိသေးတဲ့ သူမဟာ China Newsweek ရဲ့ကာဗာမှာ ဖော်ပြခံခဲ့ရပါတယ်။ကာဗာမှာ ငွေကြေးဆိုင်ရာသုတေသန Tsinghua တက္ကသိုလ် ရဲ့ Chairman တို့လို နာမည်ကြီးတွေနဲ့ အတူယှဉ်တွဲဖော်ပြခံခဲ့ရတာပါ။

pinterest
  1. Wu Jinyan
pinterest

Beijing Film Academy ကနေ ဘွဲ့ရခဲ့သူပါ။ပေကျင်းအကတက္ကသိုလ် ရဲ့ အသင်းသူတစ်ေ ယာက်ဖြစ်သလို အသက်(၁၇)မှာတည်းက တရုတ်နိုင်ငံကိုယ်စားပြုဘဲလေးအဖွဲ့မှာ ပါဝင်ခဲ့ သူပါ။(၂၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူမဟာ Story of Yanxi Palace ဆိုတဲ့ ဒရမ်မာကားနဲ့ နာမည်ကြီးခဲ့ပါတယ်။

scmp.
  1. Li Qin
scmp

အသက်(၂၈)နှစ်အရွယ်သူမဟာ(၂၀၀၈)တုန်းက The Dream of Red Mansions မှာ ပါဝင် ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့သူပါ။TVS Award ပွဲမှာ အကောင်းဆုံး မျက်နှာသစ် မင်းသမီးဆု ရခဲ့သူပါ။Jiangsu မှာ မွေးဖွားခဲ့ပြီး တရုတ်ရိုးရာ အော်ပရာပြဇာတ်တွေကို အရမ်းသဘောကျ နှစ်သက် သူလို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်တွေကစပြီး ဖြည်းဖြည်းချင်းနာမည်ကြီးလာခဲ့သူပါ။The Founding of an Army (2017) ၊ Ruyi’s Royal Love in the Palace (2018) တို့နဲ့ နာမည်ကြီးခဲ့တာပါ။

  1. Zhao Liying
READ
နှစ်သစ်မှာ စုံတွဲပုံလေးတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်လိုက်တဲ့ အေးသောင်း
pinterest.

အသက်(၃၁)နှစ်ပါ။ Yahoo, Zhejiang TV ၊ Huayi Brothers Media တို့ပူးပေါင်းပြုလုပ်တဲ့ လူရွေးပွဲမှာ အနိုင်ရခဲ့သူပါ။ဒရမ်မာကားတွေအများကြီးမှာ သရုပ်ဆောင်ခဲ့ဖူးသလို TV SHOW တွေ အများကြီးမှာလည်း ပါဝင်ခဲ့ဖူးသူပါ။The Journey of Flower (2015) ၊ Princess Agents (2017) တို့ကတော့ တရုတ်မှာကြည့်ရှုနှုန်းစံချိန်တင်ခဲ့ပါတယ်။

scmp

Source scmp

SHARE