ပုံမှန်ဟိုတယ်တွေနဲ့ မတူဘဲ လုံးဝ ကွဲထွက်နေတဲ့ ကမ္ဘာ့အနှံ့က ဟိုတယ်အမိုက်စား(၅)ခု

[email protected] leviniglut [email protected] themantaresort

လူတော်တော်များများဟာ တစ်နေရာကနေ တစ်နေရာကို ခရီးသွားတော့မယ်ဆိုရင် အများစုက ကိုယ်သွားမယ့်နေရာမှာရှိတဲ့ ဟိုတယ်တွေမှာ တည်းလေ့ရှိပါတယ်။ ဟိုတယ်အများစုက များသောအားဖြင့် သာမန်အိမ်ပုံစံလိုပါပဲ။ သာမန်ထက်ထူးခြားတဲ့ ဟိုတယ်ဆိုတာ ရေကူးကန်ပါတာနဲ့ မပါတာလောက်ပဲ ကွဲနေတာပါ။ အခုပြောပြချင်တဲ့ အမိုက်စား ဟိုတယ် ၅ ခုကကျတော့ ခရီးသွားဟန်လွှဲ တည်းရမယ့် ဟိုတယ်မျိုးမဟုတ်ပဲ အဲဒီဟိုတယ်ကို တည်းချင်လွန်းလို့ ခရီးထွက်ရတဲ့ ပုံစံကိုဖြစ်စေတဲ့ ကမ္ဘာ့အနှံ့က အမိုက်စား ဟိုတယ် ၅ ခုပဲ ဖြစ်ပါတယ်။ ဒါေ့ကြာင့် ပုံမှန်ဟိုတယ်တွေနဲ့ လုံးဝကို ကွဲထွက်နေတဲ့ ကမ္ဘာ့အနှံ့က အမိုက်စား ဟိုတယ် ၅ ခုအကြောင်းကို National Geographic သတင်းဌာနမှာ ဖတ်ဖူးတဲ့ သတင်းအချက်အလက်တစ်ချို့အပေါ်မှာ မှီငြမ်းပြီး Shwemom ပရိသတ်ကြီးသိအောင် ရေးသားတင်ဆက်လိုက်ရပါတယ်။

၁။ Manta Resort

 

 

View this post on Instagram

 

In case you are not yet tired of pictures of our underwater room! Welcome to Pemba Island, Tanzania🌍 ~ #underwaterworld #earthfocus

A post shared by The Manta Resort (@themantaresort) on

Manta Resort ကတော့ Tazania နိုင်ငံရှိ Unguja ကျွန်းပေါ်မှာ တည်ရှိတဲ့ အပန်းဖြေဟိုတယ်တစ်ခုပဲ ဖြစ်ပါတယ်။ Manta Resort  မှာ တစ်ခြားဟိုတယ်တွေနဲ့ မတူတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ ပထမထူးခြားချက်ကတော့ ကျွန်းပတ်ပတ်လည်မှာရှိတဲ့ ပင်လယ်ရေပြင်ဟာ အင်မတန်မှာကို ကြည်လင်ပြီး ပြာလဲ့နေကာ ကျွန်းပေါ်မှာ စိမ်းလန်းနေတဲ့ သဘာဝ သစ်တောကြီးတစ်ခု ရှိနေတာပါပဲ။ Manta Resort ရဲ့ အခန်းကနေ အရှေ့ဘက်ကို ကြည့်လိုက်မယ်ဆိုရင် ပြာလဲ့နေတဲ့ ပင်လယ်ရေပြင်ကြီးကို အတိုင်းသား မြင်ရပြီး အနောက်ဘက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ စိမ်းလန်းနေတဲ့ သစ်တောကြီးကို မြင်နေရတာပါပဲ။ နောက်တစ်ခုကတော့ Manta Resort ရဲ့ အခန်းတွေဟာ ပင်လယ်ရေအောက်နဲ့ဆက်ထားတဲ့ အခန်းတွေရှိတာပါပဲ။ ပင်လယ်ရေအောက်အခန်းတွေရဲ့ ပတ်လည်မှာလည်း ကြည်လင်ပြတ်သားပြီး ခိုင်ခံ့တဲ့ မှန်အကြည်တွေနဲ့ တည်ဆောက်ထားတာကြောင့် ခုတင်ပေါ်မှာ အိပ်နေရင်းနဲ့ ပင်ယ်ရေအောက်ရှုခင်းတွေကို ကြည်ကြည်လင်လင် ကြည့်နေနိုင်တာပါပဲ။

၂။ Golden Crown Levin lglut

 

 

View this post on Instagram

 

Unforgettable once in a lifetime experience😍. Who would you take with you? 📸: @cumacevikphoto

A post shared by Golden Crown – Levin Iglut (@leviniglut) on

ဒီဟိုတယ်ကတော့ Finland နိုင်ငံ၊ Levi မြို့အပြင်မှာရှိတဲ့ အမိုက်စားဟိုတယ်တစ်ခုပါပဲ။ Finland နိုင်ငံကတော့ အအေးပိုင်းဒေသဖြစ်တာကြောင့် အချိန်ပြည့် နှင်းတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ဒီဟိုတယ်ရဲ့ ထူခြားချက်ကတော့ Private ဟိုတယ်အခန်းလေးတွေဟာ ကြည်လင်ရှင်းသန့်နေတဲ့ မှန်တွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညဖက်တွေမှာဆိုရင် ကောင်းကင်မှာရှိတဲ့ ကြယ်တွေကို တိုက်ရိုက်ကြည့်ရှု့ပြီး အိပ်နိုင်သလို ဂလက်ဆီအလင်းတန်းကြီးတွေကိုပါ တစ်ဝကြီး ကြည့်ရှု့ခံစားနိုင်မှာ ဖြစ်ပါတယ်။

READ
Economy class ထဲ အိပ်ခန်းတွေပါ ထည့်သွင်းဖို့စဉ်းစားနေတဲ့ Air New Zealand

၃။ Book and Bed Tokyo

 

ဂျပန်နိုင်ငံ၊ Tokyo မြို့မှာရှိတဲ့ ဒီဟိုတယ်လေးကတော့ စာအုပ်ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံလေးတစ်ခုလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ တစ်ခုရှိတာကတော့ စာအုပ်ချစ်တဲ့လူတွေ၊ စာအုပ်ဖတ်တွေလူတွေအတွက်သာ ဒီဟိုတယ်ရဲ့ ထူးခြားချက်ကို သိနိုင်မှာပါ။ ဒီအတိုင်း မရောက်ဖူးလို့ သွားတဲ့လူတွေအတွက်ကတော့ အင်မတန်ပျင်းဖို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်နေပါလိမ့်မယ်။ စာအုပ်စင်တိုင်းမှာ အိပ်လို့ရတဲ့ နေရာလေးတွေ ထည့်သွင်းပေးထားတာကြောင့် ကိုယ်ကြိုက်တဲ့စာအုပ်လေးကို အေးအေးဆေးဆေး ဇိမ်နဲ့ဖတ်ပြီး တန်းအိပ်နိုင်မှာပဲ ဖြစ်ပါတယ်။

၎။ Kokopelli’s Cave

 

အမေရိကန်နိုင်ငံ၊ New Mexico ပြည်နယ်ထဲမှာရှိတဲ့ Kokopelli’s Cave ကတော့ သဘဝတရားကြီးရဲ့ ရင်ထဲမှာ ခိုလှုံချင်တဲ့လူတွေအတွက် သီးသန့်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ကျောက်ဂူကြီးတစ်ခုအတွင်းမှာ အခန်းတွေကို သေသေချာချာ စနစ်တကျ တည်ဆောက်ထားပုံကတော့ တော်တော်လေးကို မိုက်ပါတယ်။ ကျောက်ဂူအတွင်းမှာ တည်ဆောက်ထားတာကြောင့် လူတော်တော်များများက အသက်ရှုကြပ်မယ်လို့ ထင်ကောင်း ထင်နေကြပါလိမ့်မယ်။ ဒါပေမယ့် လေဝင်လေထွက်စနစ်တွေကို သေသေချာချာ ပြုလုပ်ထားတာကြောင့် စိတ်ချလက်ချတည်းခိုနိုင်တဲ့ ဟိုတယ်တစ်ခုပါပဲ။

READ
Jodipan (သို့) အင်ဒိုနီးရှားနိုင်ငံက သက်တန့်ရောင်ရွာငယ်လေး အကြောင်း

၅။ Palacio de Sal

 

 

View this post on Instagram

 

A post shared by Palacio De Sal (@palaciodesal) on

Palacio de Sal ဟိုတယ်ကတော့ Bolivia နိုင်ငံရဲ့ နာမည်ကြီး Salar de Uyuni လို့ အမည်ရတဲ့ ဆားရေကန်ကြီးနားမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ ထူးခြားတဲ့ အချက်တော့ ဟိုတယ်မှာ ရှိသမျှ အရာဝတ္ထုပစ္စည်းတွေဟာ ဆားနဲ့ ပြုလုပ်ထားတာပါ။ ကြမ်းပြင်တွေ၊ ပရိဘောဂတွေ၊ အခန်းနံရံတွေအကုန်လုံးဟာ ဆားနဲ့သာ ပြုလုပ်ထားတာကြောင့် တော်တော်လေးမိုက်တယ် ပြောရပါမယ်။ ဆားဓာတ်ဟာ လူသားတွေ အရေးကြီးတာကြောင့် ဒီဟိုတယ်မှာ တည်းတဲ့လူတော်တော်များများဟာ သွေးလည်ပတ်မှု အင်မတန်ကောင်းပြီး ကျန်းမာရေးကေင်းစေတယ်လို့ သိရပါတယ်။

Pyi Hein Kyaw

SHARE