Tiktok ရိုက်လို့ ထောင်အချခံလိုက်ရတဲ့ အီဂျစ်နိုင်ငံက အမျိုးသမီး influencer (၅) ယောက်

Celebrities' Instagram

ကမ္ဘာတစ်ဝှမ်းလုံး လက်ရှိတဟုန်ထိုးလူသုံးများလာတဲ့ social app တစ်ခုကိုပြောပါဆိုရင် Tiktok လို့ပြောရမှာပါပဲ။ တစ်ကမ္ဘာလုံး သုံးနေတယ်ဆိုပေမယ့် Tiktok ကို တချို့သောနိုင်ငံတွေမှာ ပြည်သူတွေကို Tiktok အသုံးပြုတာတွေကို တားမြစ်တာတွေရှိနေပါတယ်။ ဥပမာ အိန္ဒိယလိုပေါ့။ တလောကပဲ အိန္ဒိယမှာ Tiktok အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ခဲ့ပြီး ခြားသော သြစတေးလျတို့လို့ နိုင်ငံကြီးတွေမှာလည်း ပိတ်ပင်ဖို့ စဉ်းစားနေပြီဆိုပြီး ပေါ်ပေါ်တင်တင်ပြောလာခဲ့တာကိုလည်း တွေ့ရမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ app မှတစ်ဆင့် privacy ချိုးဖောက်မှုတွေရှိနိုင်လို့ဆိုတဲ့ အကြေင်းပြချက်ကြောင့်ပါပဲ။

ဒါပေမဲ့ အခု အီဂျစ်မှာတော့ Tiktok ရိုက်လို့ဆိုပြီး အမျိုးသမီး Tiktok influencer ၅ ယောက်ကို ထောင်ချခဲ့တယ်ဆိုပြီး South China Morning Post မှာ ဖတ်လိုက်ရပါတယ်။ ဒီအပြင် အမျိုးသမီးတိုင်းကိုလည်း အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ဖိုးစီလည်း ဒဏ်ငွေဆောင်ခိုင်းခဲ့ပါသေးတယ်တဲ့။

@haniinhossam11لو مرجعنا اكتيڤ زي الاول و فكينا البلوك هايقف تيكتوك فترة❤️🙁♬ original sound – haniinhossam11

အဲဒီအထဲကတစ်ယောက်ကတော့ အသက် ၂၀ အရွယ် Haneen Hossam ပါတဲ့ Cairo University မှာ ပညာသင်နေတဲ့ တက္ကသိုလ်ကျောင်းသူလေးပါ။ သူမဟာ Tiktok account ဖွင့်ပြီး ဗီဒီယိုတွေ ရိုက်ကူးတဲ့အပြင် ယောက်ျားလေးတွေနဲ့လည်း စကားပြောမိတ်ဖွဲ့မှုတွေ ရှိနေခဲ့ပါတယ်။ ဒီလို chat ထားတဲ့စာတွေပေါက်ကြားသွားခဲ့ရာမှ အခုလိုမျိုး ဥပဒေနဲ့ အရေးယူခြင်းခံခဲ့ရတာပါ။

READ
နှစ်တော်တော်ကြာကွာရှင်းထားပြီးမှ ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့တဲ့ ခင်ပွန်းသည်

 

@haniinhossam11لو سبتك هاتدودي❤️تراك جديد اسمة ##حبوب_منع_الحمل @abolilaابوليله♬ original sound – haniinhossam11

နောက်တစ်ယောက်ကတော့ အီဂျစ်ရဲ့ influencer တစ်ဦးပေါ့။ Mawada al-Adham ပါတဲ့။ သူမဟာလည်း Tiktok နဲ့ Facebook တို့မှာ မမြင်အပ်တဲ့ ဗီဒီယိုနဲ့ပုံတွေ တင်ခဲ့တယ်ဆိုပြီး အစွတ်စွဲခံကာ ဥပဒေနဲ့ အရေးယူခြင်းခံလိုက်ရတာပါ။

နောက်ထပ်အမျိုးသမီးသုံးယောက်ကတော့ Haneen Hossam နဲ့ Mawada al-Adham တို့ရဲ့ social media account တွေကို ကူပြီးစီမံခန့်ခွဲနေတဲ့ အမျိုးသမီးတွေပါတဲ့။ သူတို့ကိုလည်း ထပ်တူကျတဲ့အပြစ်ဒဏ်ကို ကျစေခဲ့ပါတယ်။

READ
ညစာပုံမှန်စားရဖို့အတွက် စားသောက်ဆိုင်ရှေ့မှာ ညတိုင်း ဒရာမာခင်းတဲ့ခွေးလေး

အီဂျစ်ရဲ့ ရှေးရိုးစွဲအယူအဆနဲ့ဓလေ့တွေကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ အမျိုးသမီးများ social media အသုံးပြုမှုနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ၊ ဥပဒေကြောင်းရာ အရေးယူမှုတွေ စတဲ့ကိစ္စတွေ အများကြီးရှိလာခဲ့ကြပါတယ်။

@haniinhossam11روحي❤️@nancy_m_amrr شايفين فرق الطول😂❤️♬ original sound – haniinhossam11

penny

SHARE