ခွဲခွာဖို့ဖြစ်မလာနိုင်တော့မယ့် နှလုံးသားချင်းထပ်တူကျသူဆိုတာသိနိုင်မယ့် အချက်(၅)ချက်

Shutter Stock

ချစ်သူရည်းစားဖြစ်ပြီး တစ်ဘဝလုံးစာအတွက် လက်တွဲတော့မယ်ဆိုရင် ဒီလူဟာ ကိုယ့်အတွက် ကိုက်ညီပြီး အဆင်ပြေပြေနဲ့ အေးအေးချမ်းချမ်းဖြစ်မယ့် လူဟုတ်မဟုတ် ဝတ္ထုငွေကြေးတွေနဲ့ပဲ တိုင်းတာရမှာမဟုတ်ပါဘူး။ မကိုင်တွယ်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုပါ ထည့်တွက်ပေးမှ အဆင်ပြေမှာဖြစ်မှာပါ။ ကိုယ့်ဘဝအတွက် လေးလေးနက်နက်နဲ့ ရည်ရှည်လက်တွဲလို့ရပြီး နှလုံးသားချင်းထပ်တူကျမကျ သိချင်ရင်တော့ အောက်ကအချက်(၅)ချက်နဲ့ ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။

Shutter Stock

၁။ တစ်ယောက်ရဲ့အသွင်အပြင်ကိုတစ်ယောက်က ပြောင်းလဲဖို့မပြောတော့တဲ့အခါ

အချစ်ဆိုတာ ကိုယ့်ရဲ့လက်တွဲဖော်အလုံးစုံပြီးပြည့်စုံခြင်းမဟုတ်၊ အချစ်ဆိုတာ သူဘာကြီးပဲဖြစ်ဖြစ် ချစ်နေမိတယ်ဆိုတဲ့ စိတ်ခံစားမှုခံစားလာရတဲ့အခါ တစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို တစ်ယောက်ပြောင်းလဲဖို့ ပြောနေမှာမဟုတ်တော့ပါဘူး။ ကိုယ့်လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေ၊ ပြစ်ချက်တွေကို မျက်ကမ်းတစ်ယောက်လို ဘာမှမမြင်တော့ဘဲ မျက်လုံးထဲမှာ သူနဲ့ပတ်သက်တဲ့ အရာအားလုံးဟာ အလိုလို လှပနေတော့မှာပဲဖြစ်ပါတယ်။

Shutter Stock

၂။ တစ်ယောက်ရဲ့ ဘဝနေထိုင်မှုကို တစ်ယောက်ကမြှင့်တင်ဖို့ အားဆေးဖြစ်နေတဲ့အခါ

ကိုယ့်ရဲ့လက်တွဲဖော်ဟာ ဘာမဟုတ်တဲ့ စိတ်ပူလို့၊ သဝန်တိုလို့၊ ချစ်လို့ စတဲ့ အကြောင်းပြချက်တွေကြောင့် ကိုယ့်ဘဝတက်လမ်းတွေကို ပိတ်နေပါသလား။ ဒါဆိုရင်တော့ လမ်းခွဲလိုက်ပါ။ တကယ်လို့ ဒီလိုမဟုတ်ဘဲ လုံးဝဆန့်ကျင်ပြီး သင့်ရဲ့ ဘဝတိုးတက်စေမှုတွေကို ထောက်ပံ့ပေးတဲ့လူ ဒါမှမဟုတ် ကိုယ့်လက်တွဲဖော်ကြောင့် ဘဝတိုးတက်စေဖို့ ကြိုးစားချင်စိတ်တွေ အရမ်းဖြစ်ပေါ်နေတဲ့အခါ သူ့လက်ကို မလွှတ်ပါနဲ့တော့။

READ
သင့်ကောင်လေးက သင်မှသင် အသည်းစွဲဖြစ်နေစေရန် လုပ်ဆောင်ရမယ့် အချက် (၅)ချက်
Shutter Stock

၃။ နှစ်ယောက်စလုံးမှာ တူညီတဲ့ တွေးပုံခေါ်ပုံနဲ့ ဘဝရဲ့အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့အခါ

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြလို့ လက်ထပ်ယူတော့မယ့်အခါ ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။ ဘဝရဲ့အခြေခံလိုအပ်ချက်ဆိုတဲ့ အရာအပေါ်မှာ ခံယူမှုခြင်းကွဲပြားသွားရင်ကို ရေရှည်မှာ ပြဿနာတွေ အကြီးအကျယ်တက်ပြီး အချစ်အိမ်လေးဟာလည်း ပျက်ဆီးသွားနိုင်ပါတယ်။ ဒီလိုခံယူချက်ခြင်းတူညီဖို့အတွက် အတွေးအခေါ်တူညီနေဖို့ အရင်ဆုံးလိုအပ်ပါတယ်။

Shutterstock

၎။ စိတ်ထဲမှာရှိနေတဲ့ စကားတွေကို လေးလေးနက်နက်ဖွင့်ပြောပြလို့ရနေတဲ့အခါ

ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ အချင်းချင်း ပြောပြလို့နိုင်တာမျိုးပါ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် ကိုယ့်လက်တွဲဖော်ကကိုယ့်ကို ဘယ်လိုထင်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကြီးမဖြစ်ပေါ်ဘဲ အရာရာကို ပွင့်လင်းစွာ လေးလေးနက်နက် တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့အခါ သေချာနေပါပြီ။

Shutterstock

၅။ တစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို တစ်ယောက်ကလေးစားသမှုနဲ့ ခွင့်ပြုပေးတဲ့အခါ

လူနှစ်ယောက် ချစ်သူရည်းစားဖြစ်ကြတယ်ဆိုတာ ကိုယ့်လက်တွဲဖော်အတွက်ချည်းပဲ အချိန်တွေပေးပြီး ကိုယ့်တစ်ဘဝလုံးသူ့အပေါ်ပုံအပ်နေခြင်းမဟုတ်ပါဘူး။ ကိုယ်ဘယ်လောက်ပဲ ချစ်ချစ် တွယ်တာတာ၊ ကိုယ့်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ဆိုတာ ထားရှိသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မပျောက်ဆုံးစေဘဲ ကိုယ့်အားကိုယ်ကိုးနိုင်မှာပါ။ အကယ်၍ သင့်ရဲ့လက်တွဲဖော်ဟာ သင့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားခွင့်ပြုပေးမယ်ဆိုရင်တော့ ဒီလူကို သင်လက်လွှတ်မခံသင့်တော့ပါဘူးနော်။

READ
ကောင်မလေးတွေကြွေတတ်တဲ့ဒီလိုကောင်လေး (၅)မျိုးထဲမှာ သင်အကြိုက်ဆုံးကိုပြောခဲ့ပါ။

Source : Re-rules

Penny

SHARE