သမ္မတ Duterte ကို ဆိုရှယ်မီဒီယာပေါ်ကနေ အကဲစမ်းခဲ့သူ (၅)ဦး အဖမ်းခံလိုက်ရ

(Ace Morandante/Malacanang Presidential Photographers Division via AP)
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကတော့ စကားပြောတာခပ်ပြတ်ပြတ် နဲ့ အုပ်ချုပ်မှု ပိုင်းမှာ ဆိုရင် ညှာတာထော က်ထားမှု မရှိပဲ ပြတ်ပြတ်သားသားလုပ်တတ်တဲ့ ခေါင်းဆောင် တစ်ယောက် အဖြစ် နာမည်ကြီးပါတယ်။အဲ့ဒီလို သမ္မတ ကိုမှ သွားပြီး ဆိုရှယ်မီဒီယာ ပေါ်မှာ တက်ပြီး အကဲစမ်း တဲ့ လုပ်ရပ် ကြောင့် ဖိလစ်ပိုင်ငါးဦး ထက် မနည်း အဖမ်းခံ လို က်ရပါပြီ။ဆိုရှယ်မီဒီယာ ပေါ် က နေ Rodrigo Duterte ရဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေ မယ့် လည်း လူတစ်ချို့ ကတော့ coronavirus quarantine  ကြောင့် အားလုံး စိတ်ညစ် နေချိန်မှာ သမ္မတ ရဲ့ ဒီလို ဖမ်းဆီး တဲ့ လုပ်ရပ်ဟာ ပြည်သူတွေ ကို ကျီးလန့်စာစားဖြစ်စေတယ်လို့ ဝေဖန် ခဲ့ ကြပါတယ်။ဒီ အ ကြောင်းကိုတော့ scmp မှာ ဖော်ပြ ထားတာပါ။

မေလ (၁၁)ရက်နေ့မှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်း ကနေ အသက် (၂၅)နှစ် အရွယ် Ronnel Mas ဆိုတဲ့ ကျောင်းဆရာ တစ်ယောက်ကို ဖမ်းလိုက်ပါတယ်။သူက တော့ သမ္မတ ကို လုပ်ကြံသတ်ဖြတ်နိုင်ရင် ဖိလစ်ပိုင် ပီဆို သန်း(၅၀)၊ အ မေရိကန် ဒေါ်လာ နဲ့ ဆိုရင် (US$9 88,000) ပေးမယ်ဆိုပြီး တွစ်တာ ပေါ် တက်ရေးခဲ့တာပါ။မေ (၁၂)ရက်နေ့မှာတော့ တောင်ပိုင်း ပြည်နယ် Cebu မှာ နေတဲ့ အသက် (၂၆)နှစ်အရွယ် Maria Ceron ဆိုသူကို ဖမ်းခဲ့ပါတယ်။ သူကလည်း Duterte ကို သတ်ပေးရင် ပီဆို ငွေ (၇၅)သန်း ပေးမယ်ဆိုပြီး လုပ်ခဲ့တာပါ။ မေ (၁၉) မှာတော့ အမည် မဖော်တဲ့ နောက်ထပ် လူငယ်တစ်ယောက် ထပ်ပြီး အဖမ်းခံလိုက်ရပါတယ်။Duterte ကို သတ်ေ ပးနိုင်တဲ့ ဘယ်သူ့ကို မဆို သန်း (၂၀၀) ပေးမယ်၊ ခေါင်းကို သူ နေတဲ့ ရွာကို ယူလာခဲ့ ဆိုပြီး Fb ပေါ် တက်ေ ရးခဲ့ တာပါ။အဲ့လို တွေ ဆိုရှယ်မီဒီယာ ပေါ်တက်ပြီး သမ္မတကို အကဲစမ်း Post တွေ တင်လို့ အဖမ်းခံ ခဲ့ ရတာပါ။

ဒါပေမယ့် လေ့လာ သုံးသပ်သူတွေ ကတော့ ဒီလို ဖမ်းဆီးမှုမျိုးက တရားမ၀င်ဘူး ဆိုပြီး ပြောခဲ့ပါတယ်။

Image:twitter/RonnelMas

ကိုရိုနာ  ကြောင့် quarantine လုပ် နေရတဲ့ အချိန် မှာ လူတွေ က ဒီလို မျက်စိ နောက် ချင်စရာ Post တွေ ကို တင် နိုင် ကြောင်းနဲ့ ဒါကို နားလည် ပေးပါလို့ ဆရာဝန် တွေ က တောင်းဆို ခဲ့ပါတယ်။(၁၉၈၇)ခုနှစ်က နိုင်ငံရဲ့ ဖွဲ့စည်း ပုံ အ ခြေခံ ဥ ပ ဒေကို ရေးဆွဲရမှာ ကူညီ ပေးခဲ့တဲ့ ရှေ့ နေ Christian Monsod က တော့ ဒီလို ဖမ်းဆီးမှု မျိုးက အ ခြေခံ ဥ ပ ဒေကို ဆန့်ကျင် နေ ကြောင်း၊ဖမ်းဆီးမှု အတွက် ၀ရမ်းမရှိ သလို ခုခံ ချေ ပ ခွင့်လည်း မရှိခဲ့ ကြောင်း၊ ဖမ်းဝရမ်းတောင်မှ မရှိတဲ့ ဒီလို ဖမ်းဆီးမှု မျိုးက မဖြစ်သင့်ဘူး၊အသ ရေ ဖျက်စာပဲ ဖြစ်ဖြစ်၊အသ ရေ ဖျက်စာ မျိုး မဟုတ်တာပဲ ဖြစ်ဖြစ် ဒါက တရားရုံးက ဆုံးဖြတ်ရမှာ၊ရဲက ဆုံးဖြတ်ရမှာ မဟုတ်ဘူးလို့ ပြော ခဲ့ပါတယ်။သမ္မတ လုံ ခြုံ ရေး အဖွဲ့ ကတော့ လူတစ်ယောက်ကို ရန်ပြုမယ် ဒါမှမဟုတ် သတ်မယ်လို့ ခြိမ်း ခြောက် လာရင် အဲ့ဒီ လူ ကို  ဥ ပ ဒေ အရ ဖမ်းဆီးလို့ရတယ် ဆိုပြီး ဖမ်းဆီးမှု  အ ပေါ် ဝေဖန် နေသူတွေ ကို တုံ့ပြန် ခဲ့ပါတယ်။သမ္မတ ဒူတာ တေး ကေ တာ့ Lockdown လုပ်တာကို ချိုးဖောက်ရင် တောင်မှ အဲ့ဒီချိုးဖောက်သူတွေ ကို ပစ်သတ်လို့ ရတယ်ဆိုပြီး ရဲ တွေ ကို မီးစိမ်းပြ ခဲ့တယ်သူပါ။အခုဖမ်းဆီးမှု ကတော့ အဲ့လို မီးစိမ်းပြပြီး တစ်လ လောက် အကြာမှာ ပေါ် ပေါက်ခဲ့တာပါ။

#SHWEMOM

READ
ဆေးရုံကို ဆီးအိမ်စစ်ဖို့အသွား လူမှားပြီး ခွဲစိတ်ခံလိုက်ရတဲ့ အမျိုးသား
SHARE