ဂိုဏ်းစတားတွေအကြောင်း ရိုက်ထားတဲ့ ခပ်ကြမ်းကြမ်း ဖြစ်ရပ်မှန်ဇာတ်ကား ၅ ကား

IMDb-The God Father (1972)

အက်ရှင်ကား မကြိုက်တဲ့သူတွေတော့ ရှိလောက်မယ်မထင်ပါဘူး။ အက်ရှင်ကားထဲမှာမှ အပြင်မှာလည်း အကြမ်းဆုံးဆိုတဲ့ ဂိုဏ်းစတားတွေအကြောင်း ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တွေဆိုရင်ရော စိတ်ဝင်စားကြမယ်မဟုတ်လား။ ဒါဆို ကျွန်တော်ကြည့်ဖူးသမျှ အသည်းစွဲအောင်ကြိုက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဂိုဏ်းစတားရုပ်ရှင် ၅ ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

1. American Gangster

American Gangster ရုပ်ရှင်ဟာလည်း ဟောလီးဝုဒ်ရဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတွေထဲကတစ်ကားအပါအဝင်ဖြစ်ပါတယ်။ အမေရိကန်-ဗီယက်နမ်စစ်ပွဲကာလအတွင်းမှာ အမေရိကန်ရဲ့ မူးယစ်ဆေးအရှုပ်တော်ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးကတော့ 1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါး ဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်အစအဆုံးဟာ (၃)နာရီကျော်ကြာမြင့်ပေမယ့်လည်း နည်းနည်းလေးမှ ပျင်းရိမသွားအောင် ဖမ်းစားနိုင်လွန်းလှတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။

2. Outlaws

ဒီဇာတ်ကားဟာလည်း နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Train to Busan ထဲက Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စသူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်။ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက် မား နဲ့သူ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပါတယ်။နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူမိုက်အချင်းချင်းနယ်မြေလုပွဲတွေစပါတော့တယ်။အဲဒီအချိန်မှာ စုံထောက်မားနဲ့သူ့အဖွဲ့ဟာ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြတယ်ဆိုတာကိုတော့ အသည်းတအေးအေးနဲ့ရှုစားရမှာဖြစ်ပါတယ်။

READ
အနက်ရောင် ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ထက်ထက်ထွန်း

3.God Father (1,2,3)

ဒီဇာတ်ကားကတော့ လူတိုင်းနီးပါးတော်တော်ကြားဖူးကြမှာပါ။အော်စကာဆု(၃)ဆုရထားတဲ့ဇာတ်ကားဖြစ်သလို ဘယ်နှခါကြည့်ကြည့်မရိုးအီနိုင်တဲ့ဇာတ်ကားတစ်ခုလဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့မရေးပေးတော့ပါဘူး။ဇာတ်ကားရဲ့အရဿာ ပျက်သွားမှာစို့လို့ပါ။အစပိုင်းမိနစ်၂၀ကျော်လောက်ကတော့နဲနဲပျင်းဖို့ကောင်းပေမယ့် နောက်ပိုင်းဇာတ်လမ်းတစ်ခုလုံးကိုအစပိုင်းနဲ့ပြန်ချိတ်ဆက်သွားတဲ့ ဇာတ်ကွက်တွေဟာ တော်တော်လှပလွန်းပါတယ်။God Father ကြီး ဒွန်ကော်လီယွန်ရဲ့ လုပ်ကွက်တွေ၊ မိသားစုကို သံယောဇဉ်အရမ်းကြီးမားပုံတွေ၊ God Father ဆိုတဲ့နာမည်နဲ့လိုက်အောင် အရာရာတိုင်းကို Gangsta ဆန်ဆန်မရှင်းပဲ တည်ငြိမ်ရင့်ကျက်စွာဖြေရှင်းပုံတတ်ပုံတွေက ဒီဇာတ်ကားကြည့်ပီး ခင်ဗျားတို့ရင်ထဲက လုံးဝမထွက်စေရဘူးကို ရဲရဲကြီးအာမခံပါတယ်။

4.Gangsterland

Gangster Land ဇာတ်ကားဟာ ၂၀၁၇မှာ ထွက်ရှိခဲ့တဲ့ ဂိုဏ်းစတားကားလေးတစ်ကားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့၁၉၂၀ခုနှစ်နောက်ပိုင်း တန်ခိုးထွားခဲ့တဲ့လူမိုက်ဂိုဏ်းတွေကြားကပြိုင်ဆိုင်မှုရက်စက်မှု၊ နယ်မြေချဲ့ထွင်မှု၊ တွေကိုနောက်ခံထားပြီး လူငယ်လေးတစ်ယောက်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပုံကိုရိုက်ကူးပြထားတာပါ။ ဇာတ်ကားနာမည်လေးအတိုင်းပဲ တကယ်ကို ဂိုဏ်းလောကထဲ ရောက်သွားတဲ့သူတွေရဲ့အဖြစ်သနစ်တွေကိုရိုက်ကူးပြသွားပါတယ်။
အမေရိကန်ပြည်ထောင်စုက အီတလီလူမိုက်ဂိုဏ်းတွေ၊ အိုင်းရစ်လူမိုက်ဂိုဏ်းတွေ၊ ပါရှန်းလူမိုက်ဂိုဏ်းတွေရဲ့ နယ်မြေလုမှု ၊ စီးပွားရေးဈေးကွက်ရှာဖွေမှု၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်လိုချောက်ချလဲဆိုတာတွေကိုလည်းတွေ့ရမှာပါ။

READ
မန္တလေးကို ရောက်နေတဲ့ ဖုန်းသီရိကျော်

5.City of God

ဒီဇာတ်ကားကတော့ ဘရာဇီးနိုင်ငံမှာတချိန်က မူးယစ်ဆေးနဲ့ လူမိုက်ဂိုဏ်းတွေကြား တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုယက်တယ်၊လူသတ်တယ်၊မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်။လူသတ်တတ်မှ၊ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုးမှာ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ဆေးခြောက်နံ့တွေ၊သွေးနံ့တွေ၊ကာမကိစ္စတွေနဲ့ ဖုံးလွှမ်းနေတယ်။ အရာအားလုံးကို သေနတ်တွေနဲ့ပဲ ဖြေရှင်းကြတယ်။ တစ်ချိန်က ဒီလိုပတ်ဝန်းကျင်မှာ အသက်ရှင်နေထိုင်ခဲ့ရတဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ရိုက်ပြထားတာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE