သူတို့ရဲ့relationship အကြောင်း ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြရဲကြတဲ့ ဆယ်လီ 5 တွဲ

ig/@leesunbin,@jinwoon52

Korea celebrity တွေအနေနဲ့ သူတို့ရဲ့ relationship အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ချမပြတတ်ကြပဲ ဖုံးကွယ်ထားကြတာတွေ များပါတယ်။ သူတို့ရဲ့ အေဂျင်စီတွေကလည်း ဒီလို relationship သတင်းတွေကို အတင်းအကျပ် ပရိတ်သတ်တွေမသိအောင် ကာကွယ်တတ်ကြပြီးတော့ သူတို့တွေရဲ့ ပရိတ်အားပေးမှုတွေ လျော့နည်းသွားမှာကို စိုးရိမ်ကြတဲ့အတွက်ကြောင့်ပါ။ ဘာပဲပြောပြော ဒီ ကိုးရီးယားဆယ်လီတွေကတော့ သူတို့ရဲ့ relationship ကို လူသိရှင်ကြား ချပြရဲကြတဲ့ သတ္တိရှိရှိ ချစ်တတ်ကြသူတွေ ဖြစ်ကြောင်းကို koreaboo က ခုလိုဖော်ပြထားပါတယ်။

Sooyoung & Jung Kyung Ho

https://www.instagram.com/p/BWp5-4bggzK/?utm_source=ig_embed&utm_campaign=loading

Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ မင်းသား Jung Kyung Ho တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို ပွင့်လင်းစွာ ပြောပြထားတဲ့ သူတွေပါ။ တစ်ခါတစ်လေမှာ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး အကြောင်းကိုတောင် ပြောပြတတ်ပါသေးတယ်။ Jung Kyung Ho က ကြင်နာတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး အမြဲတမ်း သူ့ဘက်ကနေ Sooyoung အပေါ် အလိုလိုက်အလျော့ပေးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။

Lee Kwang Soo & Lee Sun Bin

https://www.instagram.com/p/B6u7yFCly21/?utm_source=ig_embed&utm_campaign=loading

Lee Kwang Soo နဲ့ Lee Sun Bin တို့နှစ်ယောက်ကတော့ သူတို့ရဲ့ relationship အကြောင်းကို အမြဲတမ်း ပျော်ပျော်ကြီး ပြောပြတတ်တဲ့ သူတွေဖြစ်ပြီး သူတို့နှစ်ယောက်လုံးက ပျော်ပျော်နေတတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ relationship ကို စကြေညာတဲ့အချိန်တုန်းက Running Man ရဲ့အဖွဲ့သားတွေက သူ့ကို စနောက်ပြီး ရယ်မောခဲ့ကြပြီး Lee Kwang Soo တစ်ယောက် ဟာသအလုပ်ခံခဲ့ရပါသေးတယ်။ Lee Sun Bin ကလည်း သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြတဲ့အချိန်မှာ အရမ်းတွေ ရယ်မောနေခဲ့ပါတယ်နော်။

READ
အလန်းစားဂိုဏ်းစတားမလေး အဖြစ် အသွင်ပြောင်းသွားတဲ့ အောန်ဆိုင်း

HyunA & Dawn

HyunA နဲ့ Dawn ဆက်ဆံရေးဟာလည်း ပရိတ်သတ်တွေအားလုံး သိထားပြီးသား ဖြစ်သလို သူတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နေမှုတွေကို variety show တွေမှာ မြင်ရတိုင်း တွေ့နိုင်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ relationship နဲ့ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထားတွေကို အသေးစိတ်ကျကျ အမြဲတမ်း ပြောတတ်ကြတဲ့ ချစ်စရာစုံတွဲလေးပဲ ဖြစ်ပါတယ်။

Kyungri & Jinwoon

အဆိုတော် မင်းသမီးချောလေး Kyungri နဲ့ 2AM အဖွဲ့ဝင် Jinwoon ကတော့ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေ ဝေဖန်မှာကို လုံးဝဂရုမစိုက်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူများတဲ့နေရာတွေလည်း လျှောက်လည်တတ်ပြီး ဒိတ်လုပ်တတ်ကြပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေကို ဖော်ပြတတ်ကြတဲ့ သူတွေဖြစ်ပြီး Jinwoon ကတော့ နည်းနည်း အူတိုတတ်ပါတယ်။

READ
ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြှော်ခဲ့တဲ့ ဓါတ်ပုံတွေ မျှဝေလိုက်တဲ့ 2NE1 အဖွဲ့ဝင် Dara

Heechul & Momo

https://www.instagram.com/p/BbbGFhcAHz0/

Super Junior အဖွဲ့ဝင် Heechul နဲ့ Twice အဖွဲ့ဝင် Momo ဟာလည်း ပရိတ်သတ်တွေကို ချပြထားတဲ့ ဆက်ဆံရေးတစ်ခုပါ။ Momo ကတော့ သူတို့ရဲ့ အချစ်ရေးအကြောင်းကို သိပ်ပြောလေ့မရှိပေမယ့် Heechul ကတော့ သူတို့ရဲ့ အချစ်ရေးအကြောင်းလေးကို ပြောပြရတာကို နှစ်သက်တတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ Heechul က သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အားထက်သန်စွာ ပြောပြလေ့ရှိပါတယ်။

Khin

 

 

SHARE