ပိတ်ရက်မှာ Netflix မှာ ကြည့်ဖို့အတွက် ရသစုံခံစားရမယ့် ရုပ်ရှင်ကား(၅)ကားအကြောင်း

Netflix

အခုလာမယ့် ထပ်ဆင့်ပိတ်ရက်တွေမှာ အိမ်မှာပဲနေပြီး ကွေးမယ့်လူတွေအတွက် Netflix မှာ ကြည့်သင့်တဲ့ ရုပ်ရှင်ကား (၅) ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Godfather

Godfather ကတော့ တကယ့်အပြင်က လက်တွေ့ဘဝရဲ့ အီတလီနိုင်ငံက Godfather အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ ၃ ကားရှိပြီး ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကြည့်သင့်ပါတယ်နော်။

(၂) Kissing Booth

ဒီကားကတော့ လူငယ်အချစ်ကားပေါ့။ အပေါ်က Godfather က ဖြစ်ရပ်မှန် ကြမ်းကြမ်းရမ်းရမ်းဆိုတော့ အခုကားလေးကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာရုပ်ရှင်လေးကို ညွှန်းပေးချင်ပါတယ်။ Kissing Booth ကတော့ ၂ ကားရှိနေပါတယ်။ အခုပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ Kissing Booth 2 လည်း ထွက်ထားတော့ ၂ ကားတောင်ဆက်တိုက်ကြည့်ရမှာနော်။

READ
မြန်မာ/ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် ဝတ်မှုန်ရွှေရည်

(၃) The Grudge

The Grudge ကတော့ သရဲကားပါ။ ဟိုးရင်တုန်းကတော့ ဂျပန်ကားအနေဲ့ မူရင်းထွက်ရှိခဲ့ပြီးနောက် အခု ၂၀၂၀ ခုနှစ်ကမှ ဟောလိဝုဒ်မှပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တစ်ကားပါ။ အိမ်တစ်အိမ်မှာ အစွဲပြုနေတဲ့ အညှိုးကြီးဝိဥာဉ်တစ်ကောင်ရဲ့ အကြောင်းကို ရိုက်ကူးပေးထားပါတယ်။

(၄) The Old Guard

မင်းသမီးကြီး Charlize Theron သရုပ်ဆောင်ထားပြီးတော့ မကြာသေးခင်ကမှ Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်ပါ။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အဆင်ပြေစေမှာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ ဘယ်တော့မှ မအို၊ မသေတဲ့ စွမ်းအားကို ရုတ်တရက်ရထားတဲ့ စစ်သည်စစ်သားတွေရဲ့ အဖြစ်ဆန်းဆန်းလေးအကြောင်းပါ။

(၅) Little Women

အမေရိကန် Civil Wars ပြီးတဲ့ နှောင်းပိုင်းကာလတွေကို အခြေခံထားပြီး အဲဒီခေတ်က မတူညီတဲ့အမျိုးသမီးတွေရဲ့ ဘဝတွေ၊ ပုံစံတွေကို ရိုက်ကူးပြထားတာပါ။ ဆုပေါင်းများစွာရရှိထားခဲ့ပြီး Emma Waston, Saoirse Ronan, Florence Pugh, Eliza Schanlen အပြင် Meryl Streep စတဲ့ မင်းသမီးတွေအများကြီးပါဝင်အားဖြည့်ထားတဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဒရာမာရုပ်ရှင်တစ်ကားပါ။

READ
မြန်မာအဝတ်အစားနဲ့ ခန့်ခန့်ညားညား ကြည့်ကောင်းနေတဲ့ ညိမ်းသော်

Penny

SHARE