အချစ်ရေးမှာ ကျော်ဖြတ်ရမယ့် အဆင့် (၅) ဆင့်

အကယ်၍သင်တို့ချစ်သူနှစ်ဦးဟာ အောက်မှာဖော်ပြထားတဲ့ အဆင့် (၃) ကို ကျော်လွှားပြီး အဆင့် (၄) ဒါမှမဟုတ် (၅) ထဲရောက်နေပြီ ဆိုရင်တော့ သင်တို့ရဲ့အချစ်လမ်းခရီးဟာ ပြဿနာတွေမရှိသလောက်နည်းပါးပြီး လုံးဝပျော်ရွှင်တဲ့အဆင့်ကို ရောက်ရှိလို့သွားပါပြီ။ ဒါပေမဲ့ အဲဒီ အဆင့် (၃) ကြောင့်ပဲ ရှင်ကွဲကွဲသွားရတဲ့ စုံတွဲတွေက ပိုများသလို့ အဲဒီအဆင့်ကနေဆက်မတက်ဘဲ အတူရှိနေတာတော်င မပျော်ရွှင်တော့တဲ့ စုံတွဲတွေလည်း ရှိနေပါတယ်။ ကဲဒီတော့ ကိုယ့်ချစ်သူနဲ့ဆက်ဆံရေးဟာ ဘယ်အဆင့်မှာရှိမလဲဆိုတာ ဆန်းစစ်ကြည့်ကြပါဦးနော်။

အဆင့် (၁) : အရာရာအားလုံးဟာ သစ်လွင်တဲ့ခံစားချက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်အတိပါပဲ။

Higher Perspective

ဒါကတော့ ရည်းစားစဖြစ်ဖြစ်ချင်း အချိန်ပါ။ သူ့ရဲ့စကားလေးတွေ၊ အထိအတွေ့ အနမ်းလေးတွေနဲ့ လျှပ်စီးလိုက်သလို ရင်ခုန်မှုမျိုးရစေပြီး သူနဲ့တွေ့ရရင်ကို ဘာမှမသိပျော်နေတာမျိုးဖြစ်တတ်တဲ့အဆင့်ပါ။ နေ့တိုင်း ဖုန်းတွေအကြာကြီးပြောမယ်၊ တစ်နေကုန်တွေ့နေရရင်တောင် အချိန်တွေကုန်လို့ကုန်သွားမှန်းမသိဘဲ ကိုယ့်အိမ်ကိုယ်စီပြန်ပြီး ညအိပ်ချိန်လေးသာ ခွဲခွာရတဲ့ အချိန်မှာ သူ့ကို ချက်ချင်းလွမ်းစွတ်လာတတ်ပါတယ်။ ချစ်သူအကြောင်းစဉ်းစားရင်ကို ရင်ဘတ်ထဲက နှလုံးကြီး ပါးစပ်ထဲကနေ ခုန်ထွက်လာမတတ် ရင်ခုန်တာမျိုးပေါ့။ ကိုယ်ဘယ်လိုနေရင် သူပိုပျော်မလဲဆိုတာကို စမ်းသပ်လေ့ရှိပြီး သာမန်အချိန်တွေထက် သူနဲ့နေရတဲ့ အချိန်မျိုးတွေမှာ ကိုယ့်စီကရယ်သံတွေ ပိုကြားနေရတတ်ပါတယ်။ ဘယ်တော့မှအဆုံးမသတ်နိုင်တဲ့ ကြည်နူးမှုမျိုးနဲ့ အပျော်ကြီး ပျော်နေရတတ်ပါတယ်။

READ
အဆက်ဟောင်းက သင့်ကို သံယောဇဉ်မပြတ်ဘူးဆိုတာ သိနိုင်တဲ့အချက်များ

အဆင့် (၂) : ပိုပြီးချစ်လာသလို အရာရာဟာလည်း တည်ငြိမ်စပြုလာပါပြီ။

Higher Perspective

အရင်လိုတွေးတိုင်းရင်ခုန်တာမျိုးမဟုတ်တော့ပေမယ့် သံယောဇာဉ်ကတော့ နှစ်ယောက်ကြား ပိုတွယ်လို့လာပါတယ်။ အမြဲတမ်းချစ်သူအကြောင်းမစဉ်းစားဖြစ်တော့ဘဲ သူနဲ့ကိုယ့်ရဲ့နောင်ရေးကိုတွေးပြီး လုပ်သင့်တာတွေလုပ်ဖို့ အားတက်သရောဖြစ်နေတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ စုံတွဲတွေတော်တော်များများ လက်ထပ်လေ့ရှိကြပါတယ်။ သူနဲ့ကိုယ်ကြားမှာ အားနာတာတွေ ရှက်တာတွေမရှိတော့ဘဲ နှစ်ယောက်ကြားက သူစိမ်းနံရံကြီးကို ဖြိုလို့ပြီးသွားခဲ့ပါပြီ။

အဆင့် (၃) : ကြည်နူးချိန်လေးတွေအစား ပြဿနာဖြစ်နေချိန်တွေ အစားထိုးဝင်ရောက်လာပါတယ်။

Higher Perspective

ဒီအဆင့်က တကယ်ကို အရေးကြီးတဲ့အဆင့်ပါ။ အဆင့် (၃) မှာတင် စုံတွဲတော်တော်များများ လမ်းခွဲတတ်ကြပါတယ်။ အကယ်၍လမ်းမခွဲဖြစ်ဘဲ အတူတူရှိနေရင်တောင် အရင်ကလိုကြည်နူးမှုတွေ ရတော့မှာမဟုတ်ပါဘူး။ ချစ်ကြိုက်ကြည်နူးစရာအချိန်တွေအစား မိဘ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်၊ အလုပ်အကိုင်နဲ့ ပညာရေးတွေဟာ ဘဝအတွက် အရေးပိုကြီးလာတာကို သတိရသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ အရင်က ချစ်သူနဲ့ဖြုန်းခဲ့တဲ့အချိန်တွေကိုပဲ နှမြောမိသလိုလိုဖြစ်လာရပါမယ်။ အဆင့် (၂) တုန်းက တစ်ယောက်နဲ့တစ်ယောက်ကြားက သူစိမ်းတံတိုင်းကြီး ပြိုပျက်သွားတဲ့အချိန်ကစလို့ ဒီအဆင့်အထိ တစ်ယောက်အကြောင်း၊ တစ်ယောက်အကျင့်၊ စိတ်နေသဘောထားများကို ထဲထဲဝင်ဝင် သိလာပြီဆိုတော့လည်း ကိုယ်မကြိုက်တာတွေ၊ ကိုယ်နဲ့အဆင်မပြေတာတွေကြောင့် စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ပဲ ငါသူ့ကိုရွေးချယ်ခဲ့မိတာ မှားများမှားသွားပြီလားလို့ တစ်နေ့တစ်ခေါက်တွေးမိရလောက်တဲ့အထိ ကိုယ့်လက်တွဲဖော်အပေါ် စိတ်ပျက်ညစ်ညူးမှုတွေ ဖြစ်စေတတ်ပါတယ်။

READ
လူအများစု အချစ်ကိုကြောက်ရတဲ့အကြောင်းအရင်း (၅)ချက်

အဆင့် (၄) : အပေါ်အဆင့်ကို ကျော်ဖြတ်ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ ပိုရှိလာပါပြီ။

Higher Perspective

အဆင့် (၃) ကနေ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာ ကျော်ဖြတ်ချင်တယ်၊ ပိုပြီး အဆင်ပြေပြေလက်တွဲချင်တယ်ဆိုတာ သေချာသွားရင်တော့ နားလည်မှုတွေ ပိုတိုးလာတဲ့ ဒီအဆင့်ကို ရောက်လို့လာမှာပါ။ အချင်းချင်းနားလည်မှုတွေ အပြည့်အဝရပြီး တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်မပြောဘဲ သိတာမျိုး၊ မကြိုက်တာဆို အလိုလို ရှောင်လာတာမျိုးတွေ စပြီး လုပ်လာပါတော့တယ်။

အဆင့် (၅) : လောကရဲ့နိယာမတွေကို လက်တွဲပြီး ရင်ဆိုင်ကြမယ်။

Higher Perspective

ဒါကတော့ ချစ်သူတွေနောက်ဆုံးကျော်ဖြတ်ရတဲ့ အဆင့်ပဲဖြစ်ပါတယ်။ အကယ်၍သင်တို့ချစ်သူတွေသာ ဒီအဆင့်ကို ရောက်ရှိနေခဲ့မယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ စုံတွဲတော်တော်များများဟာ ဒီအဆင့်ကို မရောက်နိုင်လို့ပဲဖြစ်ပါတယ်။ သူဟာကိုယ်မဟုတ်၊ ကိုယ်ဟာလည်းသူမဟုတ်ဆိုသလို ကိုယ့်ရဲ့အားနည်းချက်ကလည်း သူ့အားသာချက်ဖြစ်သွားနိုင်တာကို ဖြည့်စွက်တွေးပေးပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်နိုင်ကြတော့ပါဘူး။ ခရီဒတွေအတူတူထွက်ဖြစ်ပေမယ့် ကိုယ့်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းတွေကိုလည်း အမှီအခိုကင်းစွာတစ်ယောက်တည်း လုပ်လာနိုင်ပါပြီ။ သဝန်တိုတယ်ဆိုတဲ့ ခေါင်းစဉ်အောက် ချုပ်ချယ်နေမယ့်အစား သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ နားလည်မှုပေးပြီး တစ်ခါတစ်ရံကိုယ့်ကိုပါခေါ်ကာ ပျော်တတ်လာပါပြီ။ နှစ်ယောက်သားသဟာ သစ္စာရှိရှိချစ်နေကြပြီး တစ်ယောက်ဘဝတစ်ယောက်အလေးထားကာ ရှင်သန်နေကြပါပြီ ….

Source: Higher Perspective

Penny

SHARE