တရုတ်နိုင်ငံမြစ်ထဲက ရေထဲမြောနေတဲ့ (၅)ထပ်တိုက်အဆောက်အဦး

News Flare / China News, Weibo

တရုတ်နိုင်ငံရဲ့ Yangtze မြစ်ခဲ ငါးထပ်တိုက်အဆောက်အုံကြီး ရွေ့လျားသွားလာနေတဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ် လတ်တလောခေတ်စားနေပါတယ်။

News Flare / China News

မြင်တွေ့နေကျမဟုတ်တဲ့ မြင်ကွင်းမျိုးဖြစ်ပြီး ငါးထပ်တိုက်အဆောက်အုံကြီးဟာ လှေနှစ်စင်းမှညှပ်ကာ မြစ်ထဲမြောနေခဲ့ပါတယ်။ စနေနေ့(၁၀.၁၁.၂၀၁၈) မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဆက်လက်စုံစမ်းလိုက်တဲ့အချိန်မှာတော့ တိုက်နေရာရွှေ့ပြောင်းတာဖြစ်ကြောင်း သိခဲ့ရပါတယ်။

Weibo

Impression Jiangjin လို့အမည်ရှိတဲ့ စားသောက်ဆိုင်ဟာ တရုတ်နိုင်ငံမှာတော့ သိပ်ကိုနာမည်ရကာ လူလာအများဆုံးဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ မြစ်ကမ်းနဘေးမှာရှိတဲ့ ဒီစားသောက်ဆိုင်ကြောင့် Yangtze မြစ်ထဲအရင်ကထက်ပိုပြီး အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေများလာခဲ့တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။ စားသောက်ဆိုင်ရဲ့စွန့်ပစ်အမှိုက်တွေကို မြစ်ထဲအလွယ်တူစွန့်ပစ်ကြပြီး အညစ်အကြေးစွန့်ပိုက်တွေဟာလည်း မြစ်ထဲပဲချထားတဲ့အတွက် Yangtze မြစ်ဟာ တစ်နေ့တခြားပို၍ညစ်ပတ်လာခဲ့ပါတယ်။ ဒီအပြင် စားသောက်ဆိုင်လာတဲ့ ဧည့်သည်များမှလည်း မြစ်ထဲကိုအမှိုက်တွေ လွယ်လင့်တကူစွန့်ပစ်သွားတာကြောင့်လည်း မြစ်ရဲ့အခြေအနေပိုဆိုးလာခဲ့တာပါ။

Jiangjin Daily News
Jiangjin Daily News

ဒါကြောင့်အာဏာပိုင်တွေက ဒီအရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ နေရာပြောင်းဖို့ပါ။ မြစ်ကမ်းနဘေးက နာမည်ရှိပြီးသားဆိုင်လည်းဖြစ်၊ အဆောက်အဦကလည်း သေးသေးလေးမဟုတ်ဘဲ ငါးထပ်တိုက်ကြီး ဟီးနေအောင်ဆောက်ထားတာကြောင့် ဆိုင်နေရာပြောင်းရွှေ့မှုဟာ သိပ်တော့မလွယ်ကူလှပါဘူး။

ရှိရင်းစွဲနေရာ Jiangjin ကနေ Chongqing သို့ပြောင်းရွှေ့ရတော့မယ့် စားသောက်ဆိုင် အဆောက်အုံကြီးကို သင်္ဘောနှစ်စီးကဆွဲပြီးသယ်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ ကြိုးစားမှုလည်း အောင်မြင်သွားခဲ့ပါတယ်။ သာမန်အရကြည့်မယ်ဆိုရင်တော့ မဖြစ်နိုင်တဲ့အ မှုကိစ္စရပ်တစ်ခုဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ မဖြစ်,ဖြစ်အောင် လုပ်သွားခဲ့ပါတယ်။

READ
ပြုတ်ကျတော့မယ့် အိမ်ဖော်အမျိုးသမီးကို မကယ်ဆယ်ဘဲ ဗွီဒီယိုရိုက်နေတဲ့ အိမ်ရှင်
News Flare / China News

Ref: Daily Mail , Asiaone

Penny

SHARE