ဆူရှီစားတဲ့အခါ လိုက်ကိုလိုက်နာသင့်တဲ့ ဂျပန်လူမျိုးများရဲ့ စည်းမျဉ်းစည်းကမ်း (၅) ချက်

Freepik- vershinin89

ဆူရှီဆိုတာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်မျိုးလို့ ဆိုရမှာပါ။ ဆူရှီဟာ ထသွားလာသွားအစားအသောက်အဖြစ် စားသုံးနိုင်သလို ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာလည်း luxury ဆန်ဆန် တည်ခင်းစားသောက်နိုင်ပါသေးတယ်။ ဒါပေမဲ့ သင်မသိသေးတဲ့ ဂျပန်လူမျိုးတို့ရဲ့ ဆူရှီစားပုံစားနည်း စည်းကမ်းချက် (၅) ချက်ရှိနေပါတယ်တဲ့။ အဲဒါကတော့..

(၁) ရေမွှေးနဲ့ဆေးလိပ်

ဆူရှီထဲ ရှာလကာရည်ပါဝင်နေတာကတစ်ကြောင်း၊ ငါးတွေရဲ့ လတ်ဆတ်မှုအနံ့ကိုရစေချင်တာကတစ်ကြောင်း ဆူရှီစားတဲ့အခါ ရေးမွှေးခပ်ပြင်ပြင်းတွေမဆွတ် ဆေးလိပ်လည်းမသောက်ကြပါဘူးတဲ့။

Freepik- 8photo

(၂) ဝါဆာဘိစည်းကမ်း

ဝါဆာဘိကို လိုတာထက် ပိုမထည့်သလို ထည့်ရင်လည်း ဝါဆာဘိအနည်းငယ်ကို တူထိပ်နဲ့ကော်၊ ဆူရှီပေါ်တင်ပြီးမှ စားပါတယ်တဲ့လေ။ ဝါဆာဘိကို တိုက်ရိုက်ပါးစပ်ထဲ ထည့်ခြင်းမှ  ရှောင်ကျဉ်ကြပါတယ်။

(၃) ဆူရှီစားသင့်တဲ့အချိန်

ဆူရှီစားတဲ့အခါ တရုတ်စားပွဲလိုပဲ တစ်မျိုးချတိုင်း ချက်ချင်းစားရပါတယ်တဲ့။ မဟုတ်ရင် ဆူရှီရဲ့ လတ်ဆတ်မှုတွေကို မခံစားနိုင်တော့ပါဘူးလို့ ဆိုသတဲ့။ ဒါကြောင့်တချို့ဆိုရင် ဓာတ်ပုံတောင် မရိုက်ကြဘဲ လာချတာနဲ့ ချက်ချင်းကောက်စားကြတာပါ။

READ
ဘာသာစကားအသစ်တစ်ခု သင်ယူမယ်ဆိုရင် ဒီအချက်(၅)ချက်ကို လိုက်နာဖို့လိုပါတယ်
Freepik- stockking

(၄) ဟင်းပွဲလှည့်တဲ့ ဆူရှီဆိုင်ရောက်ရင်

ဆူရှီပွဲတွေကို စားပွဲဝိုင်းပေါ်မှာ စက်နဲ့လှည့်ထားပြီး စားသုံးသူတွေက ကိုယ်ကြိုက်တဲ့ဟင်းပွဲကို ယူစားရတဲ့ စားသောက်ဆိုင်မျိုးဖြစ်တဲ့ belt restaurant တွေမှာ မကြိုက်တဲ့ဆူရှီပွဲကို မှားယူလိုက်တယ်ဆိုရင်တောင်မှပဲ အဲဒီအပေါ် ပြန်မတင်လိုက်ပါနဲ့တဲ့။ ထိတောင် မထိရသေးဘူးဆိုရင်တောင်မှပဲတဲ့လေ။ အဲလိုပဲ စားပြီးသားပန်းကန်တွေကိုလည်း ပြန်တင်မပေးသင့်ပါဘူး။

(၅) ဆူရှီဆိုင်ထိုင်ချိန်

ဂျပန်လူမျိုးတွေဟာ အမြဲတမ်း စည်းနဲ့ကနားနဲ့ရှိနေတတ်တာကြောင့် ဆူရှီစားတဲ့အခါမှာလည်း မိနစ် ၉၀ အတွင်း အပြီးစားကာ ဆိုင်ကနေ ထွက်သွားလေ့ရှိကြပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ပုံမှန်အားဖြင့် ဆူရှီဆိုင်တွေေဟာ ဧည့်ဝင်တာများတဲ့အတွက် ကိုယ့်အတွက်ကြောင့် သူများကို အနှောက်အယှက်ဖြစ်စေမှာစိုးသတဲ့လေ။

Freepik- freepik

penny

SHARE