မိမိမှာ ရှိမှန်းမသိ ရှိနေတတ်တဲ့ အစိုးရိမ်လွန်စိတ်ရောဂါ (၅) မျိုးအကြောင်း

Freepik- freepik

စိုးရိမ်လွန်စိတ်ရောဂါကိုတော့ “anxiety disorder” လို့ခေါ်ပါတယ်။ ဒီစိတ်ရောဂါဟာ လူတွေမှာ ရှိမှန်းမသိတတ်ကြတဲ့ စိတ်ရောဂါတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတတ်ပါတယ်။ Anxiety Disorder မှာလည်း အမျိုးအစားခွဲ ၅ ခု ရှိနေသေးပြန်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတော Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Anxiety Disorder ဆိုတာဘာလဲ

Anxiety Disorder ဆိုတာ မကြောက်သင့်တဲ့ သာမန်အရာတွေကို စိတ်ထဲက လိုတာထက်ပိုပြီး အစိုးရိမ်လွန်ကာ ကြောက်စိတ်ဝင်တာမျိုးကို ဆိုလိုတာပါ။ တချိုအစိုးရိမ်လွန်ခြင်းအမျိုးအစားမှာတော့ စိတ်ထဲကြောက်တဲ့ ကျောရိုးချမ်းခံစားမှုသာ ရတတ်ပြီး တချိုအစိုးရိမ်လွန်ခြင်းအမျိုးအစားတွေကတော့ ဘယ်လိုမှ နေလို့ထိုင်လို့မရတောအာင် စိတ်ရောကိုယ်ပါ အထိန်းချုပ်မဲ့ကြောက်တတ်တဲ့ ပုံစံမျိုးတွေရှိနေပါတယ်။

(၁) Simple or specific phobias

ဒါကတော့ ပုံမှန် အပ်၊ သွေး၊ ပင့်ကူ၊ အမြင့် စတာတွေကိုကြောက်တဲ့ ကြောက်စိတ်ပါ။ ပါးပါးလေးတွေမလို့ နေ့စဉ်ပုံမှန်ဘဝထဲ ပုံမှန်အတိုင်း ဖြစ်နေနိုင်ပါသေးတယ်။

READ
အသက်ရှည်ရှည်နေထိုင်ဖို့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်များ
Freepik- yanala

(၂) Panic disorder

နှလုံးခုန်သံတွေမြန်လာမယ်၊ မသိရင်ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ကြောက်စိတ်မျိုးတွေ ဝင်မယ်၊ တစ်ကိုယ်လုံး တုန်ရီလာပြီး ရင်ဘတ်နားကတင်းကာ အသက်ရှူတွေကြပ်လာမယ်၊ မျက်လုံးတွေ ပြာလာပြီး ဘေးစကားတွေကို ဘာမှ နားထဲမဝင်တာမျိုးပါ။ ဒါဟာ အချိန်မရွေး လူမျိုးမရွေးမှာ ရုတ်တရက်ဖြစ်ပွားနိုင်ပါသေးတယ်။

(၃) Agoraphobia

သူကတော့အဆန်း မိမိအိမ်မဟုတ်တဲ့ တခြားဟင်းလင်းပြင်နေရာများ (ဥပမာ- ပန်းခြံ၊ ကြီးမားသော ရှော့ပင်းမော) တို့ထဲ ကိုယ်နဲ့သိတဲ့လူမပါဘဲ တစ်ယောက်တည်းဖြစ်တာကို ကြောက်တတ်တဲ့ပုံစံမျိုးပါ။ ဒီလိုဟင်းလင်းပြင်တွေအပြင် လူတွေမျက်စိတစ်ဆုံးရှိတဲ့နေရာတွေကိုလည်း ကြောက်ပါသေးတယ်။ ဒါဟာ သူတို့ရဲ့စိတ်ထဲမှာ ဒီလိုနေရာတွေကနေ ဘယ်တော့မှ မလွတ်နိုင်ဘဲ အိမ်ပြန်မရောက်မှာကို ကြောက်ကြတာပါတဲ့။

Freepik- yanala

(၄) Social anxiety disorder 

ဥပမာ မိန့်ခွန်းတက်ပြောရတာလိုမျိုး လူတွေအများကြီးကြာထဲ ထင်ပေါ်အောင်လုပ်ပေးတဲ့ လုပ်ရပ်မျိုးတွေကို ကြောက်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒီစိတ်ဘယ်ကပေါက်ဖွားလာသလဲဆိုတော့ လူတွေရဲ့ထင်မြင်ချက်တွေမှာ ကိုယ်ဟာ ရှက်စရာကောင်းနေမလား၊ တော်တော်လေး ဆိုးရွားသွားမှာလားဆိုတဲ့ စိုးရိမ်စိတ်ကနေပါပဲ။

READ
 ဆေးလိပ်ဖြတ်ဖို့အတွက်အရေးကြီးတဲ့ အချက်(၁၀)ချက်

(၅) Generalized anxiety

ဒါကတော့ သင့်ဘဝမှာ အရေးကြီး ရွေးချယ်စရာ နှစ်မျိုးဖြစ်မှာကို ကြောက်တဲ့ စိတ်ရောဂါလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ဥပမာ ငွေရေးကြေးရေးကိုရွေးရမလား၊ မိတ်ဆွေတွေကိုရွေးရမလားဆိုတာမျိုးပေါ့။ ဒီောကာက်စိတ်ကတော့ သင့်ကို အာရုံစုးစိုက်မှုတွေ လျော့နည်းစေမယ်၊ ညဖက် အိပ်မပျော်တာတွေဖြစ်တတ်တာကြောင့် လနဲ့ချီအောင် တိုးတက်သင့်သလောက်မတိုးတက်ဘဲ လုံးလည်ချာလည်လိုက်နေတတ်ပါတယ်။

Penny

SHARE