ထူဆန်းတဲ့အလှတရားတွေနဲ့ ယူနက်စကိုအသိအမှတ်ပြုခံထားရတဲ့ (၅) နေရာအကြောင်း

WJRVisuals/shutterstock,Lana Kray/shutterstock, vulkahn-22/pixabay, hyw/shutterstock

တမူထားခြားတဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တယ်ဆိုတဲ့ အာမခံချက်တစ်ခုကို ရဖို့အတွက် ယူနက်စကိုအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုတစ်ခုကို နိုင်ငံတော်တော်များများက တောင့်တနေကြပါတယ်။ ယူနက်စကို အသိအမှတ်အပြုခံလိုက်ရရင်ကို ကမ္ဘာကအလွယ်တကူသိသွားတတ်ကြပြီး အဲဒီနိုင်ငံတွေရဲ့ ခရီးသွားကဏ္ဍမှာလည်း အနည်းနဲ့အများ တိုးတက်ပြောင်းလဲမှု ရှိတတ်ကြတယ်လို့ ယူဆကြလို့ပါ။ ကမ္ဘာ့နေရာအနှံ့မှာ ယူနက်စကိုအသိအမှတ်ပြုနေရာတွေ ရာနဲ့ချီမက ရှိလို့နေတဲ့အထဲကမှ လှပေမယ့် ထူးထူးဆန်းဆန်းအနေအထားနဲ့ ရှိနေကြတဲ့ နေရာ ၅ ခုကို Atlas Obscura မှ ခရီးသွားကဏ္ဍအတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

Honghe Hani စပါးခင်း

တရုတ်နိုင်ငံ၊ Honghe စီရင်စုမှာတည်ရှိနေပြီး ရွာပေါင်း ၈၂ ရွာကို ဆက်စပ်ပေးထားတဲ့ စပါးခင်းကြီးကတော့ ယူနက်စကိုအသိအမှတ်ပြုမယ်ဆိုလည်း ပြုလောက်စရာပါပဲ။ ယူနမ်တောင်ပိုင်းက ဧကပေါင်း ၄၁၀၀၀ ကျော်ဟာ ဒီစပါးခင်းကြီးနဲ့ ဖုံးလွှမ်းနေပြီး Ailao တောင်မှတစ်ဆင့် ဟောင်ကောင်မြစ်နားမှာ ရပ်တန့်သွားပါတယ်။ ဒီစါးခင်းတွေရှိနေခဲ့တာ နှစ်ပေါင်း ၁၃၀၀ လောက်ရှိနေပါပြီ။ အရင်ကတည်းကိုက စပါးခင်းတွေကို ရေသွင်းဖို့ မြောင်းတွေကို စနစ်တကျပြုလုပ်ထားခဲ့ပြီး စပါးတွေအပြင် ငါးရှဉ့်တွေ၊ ငါးလေးတွေ၊ ကျွဲ၊ နွား၊ ဘဲအစရှိတဲ့ သက်ရှိတွေလည်း ကျင်လည်ကျက်စားရာနေရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

READ
ကားအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ထူးထူးခြားခြား မြို့ငယ်လေး
clkraus/shutterstock
hyw/shutterstock

Namib ကန္ဆာရပင်လယ်

ကန္တရရှိတဲ့ တစ်ဦးတည်းသော အာဖရိကန် ကမ်းရိုးတန်းဒေသဖြစ်ပြီး သမုဒ္ဒရာထဲကို  ဧကပေါင်း ၇,၄၁၃,၁၆၁ ကျော်ရှိတဲ့ သဲနီနီနဲ့ ကန္တရကြီးက ဦးတည်ပြန့်ကျဲလျက်ရှိနေပါတယ်။ ရေနဲ့နီးစပ်နေတဲ့အတွက် အမြဲတမ်းလိုလို မြူစိုင်းရာမှတစ်ဆင့် ကျက်စားနေတဲ့ သတ္တဝါတွေအတွက် သောက်သုံးရေရရှိလို့နေပါတယ်။

WJRVisuals/shutterstock
Matsumoto/shutterstock

Bergpark Wilhelmshöhe

ဂျာမဏီနိုင်ငံ၊ Kassel မှာ တည်ရှိနေတဲ့ Bergpark Wilhelmshöhe (၁၆၈၉ ခုနှစ်) ကတော့ သမရိုးကျအဆောက်အဦပုံသဏ္ဍာန်ထဲက ခွဲထွက်နေတဲ့ ရှုခင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် ရေတံခွန်သဖွယ် အဆင့်ဆင့်သောလှေကားတွေကတစ်ဆင့် ရေစီးနေတာလေးရယ်၊ အဆောက်အဦရဲ့ ဟိုးထိပ်ဆုံးမှာ သူရဲကောင်း ဟာကျူလီရဲ့ရုပ်ထုကြီး ရှိနေတာရယ်ပါ။

webandi/pixabay
vulkahn-22/pixabay

Rajasthan မှာတည်ရှိတဲ့ရှေးဟောင်းခံတပ်

အိန္ဒိယရဲ့ Rajasthan ရဲ့ တောင်ပေါ်တစ်နေရာမှာတော့ သမိုင်းဝင် ခံတပ်ကြီး ၆ ခုရှိနေပါတယ်။ ၈ ရာစုမှ ၁၈ ရာစုအတွင်း အသုံးပြုခဲ့ကြပြီး တောင်ကုန်းတွေ၊ တောတောင်၊ မြစ်တွေနဲ့ ကန္တာရတွေနဲ့ တစ်သားတည်းဖြစ်အောင် ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားခဲ့တာပါ။

READ
အင်တာနက်ပေါ်မှာ အမိုက်စားဓာတ်ပုံတွေ တင်နိုင်ဖို့အတွက် အိုင်ဒီယာကောင်းများ
Lana Kray/shutterstock
Lana Kray/shutterstock

Etna မီးတောင်သေ

အီတလီနိုင်ငံ၊ Sicily ရဲ့ အရှေ့ဖက်ကမ်းရိုးတမ်းနားမှာ တည်ရှိတဲ့ Etna မီးတောင်သေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သိန်းလောက်တုန်းကဆိုရင် မီးတောင်အပေါက်ဆုံးတောင်လို့တောင် ပြောရမှာပါပဲ။ အခုခေတ်နောက်ပိုင်းမှာတော့ မီးတောင်ဟာ အသက်ဝင်မှုမရှိတော့တာ ကြာလေတော့ အနီးအနားမှာ သတ္တဝါတွေတောင် ဂေဟစနစ်ကောင်းကောင်းနဲ့ နေထိုင်နေခဲ့ကြပါပြီ။

12019/pixabay
ilariodamato/pixabay

Penny

 

SHARE