အထူးခြားဆုံးဓလေ့ထုံးတမ်းများ ပိုင်ဆိုင်ထားတဲ့နိုင်ငံ (၅) နိုင်ငံ

နိုင်ငံတိုင်းလိုလိုမှာကတော့ သူ့ဓလေ့နဲ့သူ တစ်မျိုးစီရှိတတ်ကြပါတယ်။ ဒီအထဲကမှ ကမ္ဘာ့အထူးဆန်းဆုံးနိုင်ငံ (၅) နိုင်ငံကို ဖော်ပြလိုပါတယ်။

(၁) ဘူတန်

ဘူတန်မှာ တိုင်းပြည်ရဲ့ ၇၀% လောက်က သစ်တောတွေနဲ့ ဖုံးလွှမ်းနေဆဲဖြစ်ပါတယ်။ သစ်တောတိုင်းဟာလည်း ကျန်းမာသန်စွမ်းပြီး ပြီးပြည့်စုံတဲ့ ဂေဟစနစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဘူတန်ဘုရင်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။ ဒုစရိုက်မှုဟာ မရှိသလောက်နည်းပါးပြီး အသင့်အနေအထားနဲ့ စစ်တပ်လည်း ရှိမနေပါဘူး။ နိုင်ငံထဲလာလည်သူတိုင်းဟာ တစ်နေ့ကို ဒေါ်လာ (၂၅၀) နှုန်းပေးရမှာပါ။ ဒါဟာသင့်အတွက်တော့ များတယ်လို့ ထင်ရပေမယ့် နေဖို့ထိုင်ဖို့နေရာ၊ ခရီးစရိတ်၊ လမ်းပြ၊ အစားအသောက်စရိတ်တို့ တစ်ခါတည်းပါအပြီးဖြစ်ပြီး ဝင်ကြေးတွေဘာတစ်ခုမှ ထပ်မံပေးဆောင်စရာ မလိုတော့ပါဘူး။ အိတ်တွေပါလာရင်လည်း ထိန်းသိမ်းခိုင်းဖို့နေရာလည်း ရှိပါတယ်။

1cover Travel
(၂) ကာဇက်စတန်

ကာဇက်စတန်ဟာ ကမ္ဘာ့မြေပုံပေါ်မှာ ၂၀၀၆ ခုနှစ်တုန်းကမှ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရတာပါ။ အာရှနိုင်ငံများထဲမှာပါဝင်နေပြီး သူ့ရဲ့ ထူးခြားပြီး လူသိနည်းတဲ့ ဓလေ့တွေကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဖိတ်ခေါ်နေတာပဲဖြစ်ပါတယ်။ သူ့ရဲ့ရိုးရာအရည်ကတော့ မြင်းနို့ပါ။ အထင်ကရအစားအသောက်ကတော့ မြင်းသားအူချောင်းဖြစ်ပြီး နိုင်ငံရဲ့ရိုးရာအားကစားကတော့ “Buzkashi” လို့ခေါ်တဲ့ကစားနည်းပါ။ Buzkashi ရဲ့ကစားနည်းကတော့ ကစားသူဟာ မြင်းစီးပြီး ခေါင်းဖြတ်ထားတဲ့ ဆိတ်သေတစ်ကောင်ကို လှမ်းယူရမယ့် ကစားနည်းမျိုးပါ။ ကစားပြီးရင်လည်း ကစားသမားအားလုံးဟာ မဖြစ်မနေ စားသောက်ပွဲကျင်းပရပါတယ်။ ကမ္ဘာ့ (၉) ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး လူမျိုးကွဲပေါင်း (၁၃၀) ကျော်ဟာ စည်းလုံးစွာနေထိုင်ကြပါတယ်။

READ
နေထွက် နေ၀င် အလှကို အခမ်းအနားဆုံး ခံစားရမယ့် အမေရိကန်နိုင်ငံက နေရာ (၁၀) ခု
1cover Travel
(၃) မြောက်ကိုရီးယား

မြောက်ကိုရီးယားအကြောင်းကိုတော့ တော်တော်များများသိပြီးကြမှာပါ။ အရင်တုန်းကပြင်ပနဲ့အဆက်အသွယ်တွေဖြတ်တောက်ထားပြီး နိုင်ငံအတွင်းမှာပဲ ပြင်းပြင်းထန်ထန်လှောင်ပိတ်ထားခဲ့ကြပါတယ်။ ခရီးသွားတွေကို ပြည်ဝင်ခွင့်ကို တော်ရုံခွင့်မပြုခဲ့ပါဘူး။ သြစတေးလျမှာတော့ မြောက်ကိုရီးယားသွားမယ်ဆိုရင် အဲဒီလူကို အသက်အာမခံမပေးနိုင်တာကြောင့် သေချာရဲ့လားလို့ အခေါက်ခေါက်အခါခါ ပြန်မေးလေ့ရှိပါတယ်။ မကြာခင်နှစ်ကမှ နိုင်ငံတိုင်းနဲ့စတင်ရင်းနှီးမှုယူကာ တင်းကြပ်တဲ့ စည်းကမ်းတွေကိုလည်း လျှော့ချပေးခဲ့ပါတယ်။

1cover Travel
(၄) ဘယ်လာရုစ်

ဆိုဗီယက်ပြည်ထောင်စုကြီးကျဆုံးစဉ် အစိတ်စိတ်ကွဲပြားသွားတဲ့ Europe အရှေ့ပိုင်းက နိုင်ငံလေးတွေကို EU နဲ့ ပူးပေါင်းဖို့အတွက် တိုက်တွန်းခဲ့ကြပါတယ်။ ဒီအထဲ ဘယ်လာရုစ်လည်းအပါအဝင်ပါပဲ။ သို့သော် ဘယ်လာရုစ်ရဲ့အိမ်နီးချင်းနိုင်ငံများက နှစ်ခါပြန်မစဉ်းစားဘဲ ပူးပေါင်းခဲ့ပေမယ့် ဘယ်လာရုစ်ကတော့ အခုအချိန်အထိ ဘယ်သူ့လက်အောက်ခံဘဝမှာမှမနေဘဲ တစ်သီးတစ်သန့်ရပ်တည်နေခဲ့ပါတယ်။ ရုရှားနဲ့ပိုလန်တို့ကြားမှာ တည်ရှိနေပါတယ်။ ထူးခြားတဲ့သမိုင်းကြောင်းတွေကို ပိုင်ဆိုင်ထားတာမို့ Europe မှ ခရီးသွားများ အထူးစိတ်ဝင်စားကြတဲ့ နိုင်ငံလေးပါ။ မြို့တော် Minsk ဟာဆိုရင် အကြိမ်ပေါင်း (၁၈) ကြိမ်လောက် ပြာကျအောင်အထိ မီးရှို့ခံခဲ့ရပါတယ်။ နန်းတော်တွေများပြားပြီး လူ့ခန္ဓာအစိတ်အပိုင်းတွေကို အထူးတလည်ပြသထားတဲ့ ကြောချမ်းစရာပြတိုက်ကြီးလည်းရှိပါတယ်။

READ
သခင်တွေနဲ့အတူ ဘတ်စ်ကားအိုလေးစီးကာ ကမ္ဘာပတ်ခဲ့တဲ့ ခွေးလေး 
1cover Travel
(၅) အာမေးနီးယား

အာမေးနီးယားနိုင်ငံမှာတော့ စစ်တုရင်ကစားနည်းကို မူလတန်းကျောင်းမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားပေးပါတယ်။ သင်္ချာနဲ့သမိုင်းကို အထူးအလေးပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဂျော်ဂျီယာမြောက်ပိုင်း၊ အီရန်နဲ့တူရကီတို့ရဲ့ တောင်ပိုင်းမှာ တည်ရှိပါတယ်။ မြို့တော် Yerevan ဟာ ပန်းရောင်ရှိတဲ့ မီးကျောက်တွေနဲ့တည်ဆောက်ထားတဲ့ အဆောက်အုံတွေကြောင့် ပန်းရောင်မြို့တော်အဖြစ် နာမည်ကြီးပါတယ်။ အာမေးနီးယားမှာ ခရစ်ယာန်သမိုင်းကြောင်းများစွာ ကြွယ်ဝပါတယ်။

1cover Travel

Source: 1cover Travel 

Penny

SHARE