အမေရိကန်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက လေကြောင်းလိုင်းဝန်ထမ်း (၃၂,၀၀၀) ကိုလုပ်ငန်းခွင်မှရပ်စဲခဲ့ပါတယ်။ နိုင်ငံရဲ့ ရုန်းကန်နေရတဲ့ လေကြောင်းလိုင်းတွေကိုပြည်နယ်အစိုးရတွေကလည်း ထောက်ပံ့ခြင်းမပြုနိုင်တော့ဘူးလို့ အမေရိကန်လေကြောင်းလိုင်းစီအီးအိုဒေါက်ပါကာကဆိုပါတယ်။
ဘရီယန်နာရော့စ်ဟာ အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်မယ်တစ်ဦးအဖြစ် အလုပ်လုပ်နေသူပါ။ ဘရီယန်ကတော့ သူမရဲ့နောက်ဆုံးနေ့အလုပ်ခွင်ဟာ အဆင်ပြေပြေနဲ့ပြီးသွားလိမ့်မယ်လို့ထင်ခဲ့တာပါ။ ဒါပေမဲ့လည်း လေယာဉ်ဆင်းဖို့ကြေညာချိန် ဖုန်းကိုကောက်ကိုင်လိုက်တဲ့အခါမှာတော့ သူမရဲ့ တည်ငြိမ်အေးဆေးမှုတွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။
“ကျွန်မကောလိပ်ပြီးတော့ မပျော်မရွှင်ဖြစ်နေတာ။ ဒီအလုပ်ရတော့ ဒီအလုပ်ကကျွန်မအတွက်ထွက်ပေါက်ပဲ။” လို့ ကြေညာခဲ့ပါတယ်။ သူမရဲ့ဗီဒီယိုကိုတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးကပဲ ရိုက်ကူးပေးခဲ့တာပါ။ “ဒီအလုပ်က အခွင့်အရေးတွေအများကြီးရှိတယ်။ ကျွန်မနှစ်သက်တဲ့အလုပ်ပါ။” လို့ ဘရီယန်ကဆိုပါတယ်။
Flight attendants across the country this week give tearful goodbyes on their final flights as more than 40,000 airline employees are furloughed today. pic.twitter.com/WQk7YwwpVA
— Sam Sweeney (@SweeneyABC) October 1, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဟာ လေကြောင်းကဏ္ဍကိုအကြီးအကျယ်ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် အမေရိကန်လေကြောင်းဟာ ဘီလီယံဒေါ်လာ(၅) သန်းဆုံးရှုံးခဲ့ပါတယ်။ ယူနိုက်တက်လေကြောင်းကလည်း အခြားလေကြောင်းလိုင်းတွေလိုပဲ ဘီလီယံဒေါ်လာ(၃.၃) သန်းဆုံးရှုံးခဲ့ပါတယ်။ ဆုံးရှုံးမှုတွေဟာ ၂၀၂၁ ခုနှစ်အထိလည်း ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။
Update. I didn’t hold it together lolllll. Thank you to my amazing coworker who is unfortunately getting furloughed as…
Posted by Breaunna Ross on Sunday, September 27, 2020
တာဝန်ကနေရပ်စဲခံလိုက်ရတဲ့လေကြောင်းဝန်ထမ်းတွေဟာ အမှန်တကယ်ကိုနစ်နာခဲ့ကြတာပါ။ သူတို့ဟာ စာချုပ်သက်တမ်းမပြည့်ခင် အလုပ်ရှင်ကရပ်စဲလိုက်လို့ပေးတဲ့ ဖြတ်စာလျော်ကြေးငွေကိုသာ ရရှိတာဖြစ်ပြီး အခြားအကျိုးခံစားခွင့်တွေဘာမှမရပါဘူး။ ကျန်းမာရေးအာမခံငွေနဲ လေယာဉ်အခမဲ့စီးနင်းလိုက်ပါခွင့်တွေလည်း မရတော့ပါဘူး။ ဒါ့အပြင် ထရိန်နင်နဲ့ အခြားလိုအပ်ချက်တွေကြောင့် တာဝန်ရပ်စဲခံရတဲ့ဝန်ထမ်းတွေဟာ ဘယ်အချိန်မှ သူတို့ကိုလေကြောင်းဘက်က ပြန်ခေါ်မလဲဆိုတာ မသိနိုင်တဲ့အတွက် လေကြောင်းဝန်ထမ်းတွေဟာ အလုပ်ထွက်သွားတာနဲ့ ပြန်ဝင်ဖို့ခက်ခဲမယ်လို့လည်း CNN သတင်းအရ သိရပါတယ်။
လင်းလင်း (ShweMom)