နွေရာသီအတွက် အဖျော်ဆရာခေါ်နေတဲ့ ကာရစ်ဘီယံပင်လယ်ထဲက ရေပေါ်ဘားလေး

ဒီနွေမှာ ကာရစ်ဘီယံပင်လယ်ဘက်ကို အရက်ကောင်းကောင်းစပ်တတ်ရုံနဲ့ လခလည်းရ၊ စရိတ်ငြိမ်းလည်း ခရီးထွက်ရင်း ကမ္ဘာအနှံ့က ခရီးသွားတွေနဲ့ စကားလက်ဆုံကျရမယ်ဆိုရင် ဘယ်လိုလဲ။

Courtesy Joe Pepler_ PinPep

ဒီအခွင့်အရေးသုံးခုစလုံးကို ပေးနိုင်မယ့် အလုပ်ခေါ်စာလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျမေကာအနီး၊ ကာရစ်ဘီယံပင်လယ်ထဲမှာရှိတဲ့ ရေပေါ်အရက်ဘားဆိုင်လေးတစ်ဆိုင်ဟာ အရက်ကောင်းကောင်းစပ်တတ်တဲ့ bartender တစ်ယောက်အလိုရှိနေတယ်ဆိုပြီး ကြော်ငြာထားပါတယ်။

ပြာလဲ့လဲ့ပင်လယ်ကြီးထဲ ရိုးရာဆန်ဆန်တဲအိမ်လေးထဲမှာ လာသမျှဧည့်သည်တွေအလိုကျ အရက်တွေကို ကောင်းကောင်းစပ်ပေးနိုင်ရုံနဲ့ လစာလည်း ရမယ့်အပြင် အလုပ်ရှင်ဖြစ်တဲ့ ဘားပိုင်ရှင်အမျိုးသားဟာ သင့်ရဲ့ လေယာဉ်လက်မှတ်ကစလို့ ဘားဆိုင်အရောက် ခရီးစရိတ်ပေးဦးမှာဖြစ်ပြီး သူ့ရဲ့လက်ရာအတိုင်း အရက်စပ်တတ်ဖို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျသင်ပေးဦးမှာဖြစ်ပါတယ်။

Courtesy Joe Pepler_ PinPep
Courtesy Joe Pepler_ PinPep

Floyd Forbes ဟာ Pelican ဘားဆိုင်လေးကို ဖွင့်ထားခဲ့တာ အခုဆိုရင် ၁၈နှစ်တောင် ရှိနေခဲ့ပါပြီ။ ၁၈ နှစ်လုံးလုံး သူတစ်ယောက်ထဲ ကောင်တာအနောက်မှာ ဧည့်သည်တွေမှာသမျှ အရက်ေတွကို စိတ်ကြိုက်စပ်ပေးရင်း နေလာခဲ့တာ အခုအချိန်အထိ တစ်ရက်မှ ကောင်းကောင်းမနားရသေးသလို ခရီးထွက်ပြီး အနားယူဖို့ဆိုတာလည်း စိတ်တောင်မကူးခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီနှစ်နွေတစ်တွင်းလုံး စိတ်ကြိုက်အနားယူဖို့အတွက် သူ့နေရာမှာ လူစားထိုးနိုင်မယ့် အဖျော်ဆရာတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။

READ
အပေါ်ယံတပ်မက်မူများ၊အချစ်စစ်လား ဘယ်လိုခွဲခြားရမလဲ?

အလုပ်အနေနဲ့ကတော့ ကာရစ်ဘီယန်နွေရာသီတစ်တွင်းလုံး လုပ်ပေးရမှာဖြစ်ပေမယ့် ဒီကာလပြီးရင်တော့ စာချုပ်သက်တမ်းပြည့်သွားမှာဖြစ်တဲ့အတွက် စာချုပ်နဲ့ငှားတဲ့ အချိန်ပိုင်းအလုပ်လို့ ဆိုရမှာပါ။ အဆင်ပြေတာကတော့ ဂျမေကာနဲ့ နီးနီးလေးမှာရှိနေတဲအတွက် တာဝန်ချိန်ပြီးလို့ နေရပ်ကို ပြန်လာတော့မယ်ဆိုရင် ခဏလောက် လည်ပတ်နိုင်ပါသေးတယ်။ အလုပ်ခေါ်စာကိုတော့ ဗြိတိန်ကအေဂျင်စီတစ်ခုမှာ တွေ့ခဲ့ရတာပါ။ အေဂျင်စီအနေနဲ့ကတော့ ဗြိတိန်လူမျိုးတွေကိုသာ ဦးစားပေးခေါ်ထားပေမယ့် ဆိုင်ရှင် Floyd Forbes ကတော့ ဘယ်နိုင်ငံကမဆို လက်ခံပါတယ်တဲ့။

Courtesy Joe Pepler_ PinPep

Source: CNN|Travel

Penny

SHARE