အနာဂတ်မှာ ရေပေါ်မြို့တွေ ပေါ်ထွက်လာဖွယ်ရှိကြောင်း မြို့ပြပညာရှင်များ အတည်ပြုခဲ့

Oceanix.Com

လာမယ့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ပထမဆုံးရေပေါ်မြို့တွေ အမှန်တကယ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ မြင့်တက်လာတဲ့  ပင်လယ်ရေမျက်နှာပြင်ပေါ်မူတည်ပြီး အခုလိုရေပေါ်မြို့တွေတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ကျွမ်းကျင်သူ  တွေကပြောပါတယ်။

လူဦးရေထူထပ်လာမှုတွေကြောင့်အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးသက်ရောက်မှု  တွေကြောင့် ရေနဲ့နီးတဲ့နေရာမှ မြို့ပြ နေရာသစ်တွေ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

တည်ဆောက်မယ့်မြို့တွေကို ရေတိမ်ပိုင်းမှာ မြေကြီးနဲ့ တစ်ကီလိုမီတာအကွာမှာ တည်ဆောက်မှာဖြစ်ပြီး ဒီနေရာတွေ မှာအဆောက်အအုံတွေကိုဘယ်လိုဆောက်ပြီး ဘယ်လိုနေထိုင်မလဲ၊ ဘယ်လိုလုပ်ကိုင်စားသောက်မလဲဆိုတာကို  ပြန်စဉ်းစားရမှာပဲဖြစ်ပါတယ်။

 

ရေပေါ်မြို့တွေဟာ လာမယ့်စိန်ခေါ်မှုတွေအတွက် အလားအလာရှိတဲ့ အကောင်းဆုံးအဖြေတစ်ခုပဲဖြစ်တယ်လို့ Abu Dhabi မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့မြို့ပြဖိုရမ်ဆွေးနွေးမှုမှာ ကမ္ဘာလုံးဆိုင်ရာကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါဟာရေရှည် အသုံးပြုရမယ့် မြို့ပြဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်တယ်လို့ UN-Habitat ရဲ့ဒုတိယအမှုဆောင်ဒါရိုက်တာ Victor Kisob ကပြောပါတယ်။

Twitter/MrVictorKisob

ရေပေါ်မြို့လို့ကြားလိုက်ရရင် အားလုံးကဒါဟာ ရူးနေတဲ့အိုင်ဒီယာတစ်ခုလို့တွေးကြမှာအမှန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့အလားအလာတွေကို ဦးတည်နေတယ်လို့ Victor Kisob ကပြောပြ ခဲ့ပါတယ်။

ဒီရည်ရွယ်ထားတဲ့အိုင်ဒီယာကိုအကောင်အထည်ဖော်ဖို့နဲ့ သိပ္ပံပညာနဲ့ပတ်သက်ပြီးအသိပညာတိုးဖို့အတွက် ပညာရှင်တွေကိုစုစည်းနေတယ်လို့ မစ္စတာ Kisob ကဆက်လက်ပြောပြခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးမြို့ကြီးတွေရဲ့(၉၀)ရာခိုင်နှုန်းလောက်ဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုတွေနဲ့ကြုံတွေ့နေရပါ တယ်။ ဒီလိုပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေကြောင့် အနာဂတ်မှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ရေရှည်ခံမြို့တွေပိုမိုဖန်တီးတည်ဆောက်ဖို့လိုတယ်လို့ မစ္စတာ Kisob ကရှင်းပြခဲ့ပါတယ်။ ဆောက်လုပ်မယ့်ဒီဇိုင်းနဲ့အခြေခံအဆောက်အအုံက ရေပေါ်မြို့တွေဖြစ်လာဖို့ အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်တယ်လို့ မစ္စတာ Kisob ကပြောပါတယ်။

ဒီရေပေါ်မြို့ပေါ်မှာ ဒေသခံတွေကိုယ်တိုင် အစားအသောက်တွေကိုစိုက်ပျိုးနိုင်သလို၊ စွမ်းအင်ထုတ်လုပ်ဖို့နဲ့ စွန့်ပစ်  ပစ္စည်းကိုပြန်လည်အသုံးပြုနိုင်ဖို့တွေကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ အဓိကအရေးကြီးတာကတော့ ရေပေါ်မြို့မှာ နေထိုင်တဲ့သူတွေဟာ အပြုအမူသစ်တွေနဲ့ ဒီမြို့ကြီးကိုကြာရှည်ခံအောင်လုပ်ဆောင်ရမယ်ဆိုတဲ့စိတ်နဲ့ နေထိုင်ဖို့လို  ပါတယ်။

နည်းပညာတွေနဲ့ တည်ဆောက်ထားပြီးမယ့်လည်း ဒေသခံတွေကို တတ်နိုင်တဲ့ဈေးနဲ့ အဆောက်အအုံတွေကို ၀ယ်ယူ နိုင်ဖို့စီစဉ်ပေးမှာ ဖြစ်တယ်လို့လည်း မစ္စတာ Kisob ကပြောပါတယ်။

Thae Su

SHARE