ရေကန်ရဲ့ အနားသတ်မှာဆောက်လုပ်ထားတဲ့ နေချင်စဖွယ် ချစ်စရာရေပေါ်အိမ်လေးများ

z9resorts

ထိုင်းနိုင်ငံ အနောက်ပိုင်းက ဆရီနာကာရင်းရေကန်ရဲ့ ကမ်းစပ်မှာ Z9 resort အမည်ရတဲ့ အပန်းဖြေစခန်း ရှိပါတယ်။ ၄င်းအပန်းဖြေစခန်းကိုတော့ ဘန်ကောက်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ ဒါဆင်းစတူဒီယိုက ဒီဇိုင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အပန်းဖြေစခန်းကိုလာတဲ့ ဧည့်သည်တွေဟာ ကုန်းပေါ်မှာပဲဖြစ်ဖြစ်၊ ရေပေါ်ဆောက်လုပ်ထားတဲ့ သီးသန့်တည်းခိုဆောင်ဖောင်လေးတွေမှာပဲ ဖြစ်ဖြစ် တည်းခိုနိုင်ပါတယ်။

z9resorts

၎င်းသီးသန့်ဖောင်လေးတွေဟာ ရေကန်ရဲ့ အနားပတ်ပတ်လည်မှာရှိပါတယ်။ အပန်းဖြေစခန်းရဲ့ ကုန်းပေါ်တည်ဆောက်ထားတဲ့ ပင်မအဆောက်အဦးကြီးကနေတော့ နေ၀င်ချိန်၊ နေထွက်ချိန်တွေကို လှမ်းမြင်နိုင်ပါတယ်။ ဒါဆင်းစတူဒီယိုဟာ Z9 resort ကို ဧည့်သည်တွေအတွက် အကောင်းဆုံးသဘာဝအငွေ့အသက်တွေကို ခံစားခွင့်ရအောင် ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

z9resorts

Z9 resort အပန်းဖြေစခန်းတည်ဆောက်ရာမှာ ဒေသတွင်းက အသုံးမလိုတော့တဲ့ သစ်သားပျဉ်ပြားတွေကိုတော့ အလှဆင်ဖို့အနေနဲ့ ပြန်အသုံးပြုထားပါသေးတယ်။ စွန့်ပစ်ပစ္စည်းဖြစ်မယ့် သစ်သားအစအနတွေကို စုစည်းပြီး ဘုတ်ပြားလေးတွေအဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ စတီးတွေပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာကြောင့် အခြားဆောက်လုပ်ရေးနည်းလမ်းတွေဖြစ်တဲ့ ကွန်ကရစ်နဲ့ ဆောက်လုပ်တာမျိုးတွေထက် ဆောက်လုပ်ရပိုမြန်သလို အဆောက်အဦးကို ပိုပြီးလည်း သန့်ရှင်းစေပါတယ်။

READ
အစားအသောက်ကို အဓိကဦးစားပေးမထားတဲ့ ကမ္ဘာတစ်ခွင်က စားသောက်ဆိုင်များ
z9resorts

အပန်းဖြေစခန်းမှာ သုံးထားတဲ့ သစ်သားပြင်တွေကို ခပ်ကြီးကြီးအရွယ်တွေ အသုံးပြုထားပြီး အချို့သစ်သားစတွေကိုတော့ recycle ပြန်လုပ်ကာ အတွင်းပိုင်းပရိဘောဂတွေအဖြစ် ပြန်သုံးထားပါတယ်။ အပန်းဖြေစခန်းကို အလည်လာတဲ့ ဧည့်သည်တွေအနေနဲ့ ရေထဲမှာ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ဖို့ကိုလည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ ဧည့်သည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးထားပြီး သဘာဝနဲ့လည်းကိုက်ညီ အပန်းလည်းပြေစေတဲ့ ၀န်းကျင်လေးရအောင် ဖန်တီးထားပါတယ်လို့ Z9 resort အရ သိရပါတယ်။

z9resorts
z9resorts

လင်းလင်း (ShweMom)

SHARE