မီးပွားတစ်ခုကြောင့်နာရီပိုင်းအတွင်းပျက်ဆီးခဲ့ရတဲ့ ကမ္ဘာ့အကြီးဆုံးရေပေါ်နန်းတော်ကြီး

ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီးကို ပြပါဆိုရင် တော်တော်များများက တိုက်တန်းနစ်သင်္ဘောကြီးလို့ မဆိုင်းမတွဖြေကြမှာပါ။ သို့ပေမယ့် အဲဒီတိုက်တန်းတစ်သင်္ဘောကြီးဟာဆိုရင် ပေပေါင်း ၈၈၂.၅၄၆ ပေ (၂၆၉ မီတာ) သာအလျားအတိုင်းအတာရှိနေပါတယ်။ သူ့ထက် ပေ ၁၀၀ ကျော်ကျော်ပိုရှည်တဲ့ ကမ္ဘာအကြီးဆုံး ဇိမ်ခံသင်္ဘောကြီးတစ်စီး သမိုင်းမှာရှိခဲ့ဖူးပါတယ်။ သူလည်းပဲ လူတစ်ယောက်ရဲ့ မတော်တဆမှုတစ်ခုကြောင့်ပဲ လွန်ခဲ့တဲ့ ၇၇ နှစ်လောက်တုန်းက ပျက်ဆီးသွားခဲ့ပါပြီ။

SS Normandie လို့ခေါ်တဲ့ သင်္ဘောကြီးဟာ ပြစ်သစ်ကပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဇိမ်ခံခရီးသွားသင်္ဘောကြီးပဲဖြစ်ပါတယ်။ ပေပေါင်း ၁၀၀၀ ရှည်လျားတဲ့အပြင် ခုတ်မောင်းနှုန်းအမြန်ဆုံး သင်္ဘောကြီးတစ်စင်းဆိုလည်း မမှားပါဘူး။

Canterbury Auction Galleries/BNPS

SS Normandie ဟာ ပြင်သစ်တို့ပိုင်ဖြစ်ပေမယ့်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိက်ခိက်ပြီး နောက်ပိုင်းမှာတော့ အမေရိကန်တို့ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ အမေရိကန်လက်ထဲမရောက်ခင်တုန်းက SS Normandie ဟာ ခရီးစဉ်ပေါင်း ၁၃၉ ခုကို ပြေးဆွဲခဲ့ပြီးဖြစ်ပါတယ်။

Canterbury Auction Galleries/BNPS

SS Normandie ဟာ အမေရိကန်တို့လက်ထဲရောက်ကာမှ USS Lafayette လို့ နာမည်ပြောင်းမှည့်ခံခဲ့ရပြီး ဇိမ်ခံခရီးသွားသေင်္ဘာကြီးမှ စစ်တပ်သုံးသယ်ယူပို့ဆောင်ရေးသင်္ဘောအဖြစ် အသုံးပြုခြင်းကို ခံခဲ့ရပါတယ်။

READ
အချမ်းသာဆုံး ပင်လယ်ဓားပြ 'ဘလက်ဆမ်မ်' သေဆုံးခဲ့တဲ့ နေရာကိုရှာဖွေတွေ့ရှိ
Canterbury Auction Galleries/BNPS

ဒါကတော့ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလရဲ့တစ်ရက်မှာ အမှတ်မထင်မီးပွားလေးတစ်ခုကနေ သင်္ဘောတစ်စီးလုံး နယူးယောက်ဆိပ်ကမ်းမှာ မီးစွဲနေတဲ့ပုံပဲဖြစ်ပါတယ်။ ပြင်သစ်တို့လက်ထဲကနေပြီး စစ်သင်္ဘောလုပ်ဖို့အတွက် သိမ်းခဲ့ပြီး သင်္ဘောကိုပြင်ဆင်မွမ်းမံနေတဲ့အချိန်မှာပဲ ဝရိန်တို့ရာကနေ လှပခမ်းနားလွန်းလှတဲ့ သင်္ဘောကြီးဟာ အချိန်ခဏလေးအတွင်းမှာပဲ မီးခိုးတွေလွှမ်းခဲ့ရပါတယ်။

The Life Pictures

မီးလောင်တာကို ငြိမ်းသက်အပြီးမှာတွေ့ရတဲ့ မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့သင်္ဘောကြီးတစ်စင်းလုံးဟာ နာရီပိုင်းအတွင်းမှာတင် ဘာမဟုတ်တဲ့မီးပွားလေးတစ်စကြောင့် အတုံးအရုန်းပျက်စီးခဲ့ရပါတယ်။

Canterbury Auction Galleries/BNPS

သင်္ဘောကြီးဟာ ဇိမ်ခံသင်္ဘောကြီးဖြစ်ပြီး ဟိုတယ်ကြီးတစ်လုံးသဖွယ်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ အထဲမှာဆိုရင်တော့ အဲဒီခေတ်အဲဒီအခါက သိပ်ကိုကောင်းတဲ့ရေကူးကန်မျိုးကို ထားပေးထားပြီး လူကြီးကန်အပြင် ကလေးတွေအတွက် ကလေးရေကူးကန်နိမ့်နိမ့်လေးတွေပါ ရှိနေပါတယ်။

Canterbury Auction Galleries/BNPS

ပထမတန်းခရီးသွည်တွေအတွက် အထူးပြုထားရှိပေးထားတဲ့ စားသောက်ခန်းမဟာဆိုရင် လူပေါင်း ၇၀၀ ကျော်တပြိုင်နက်တည်း တည်ခင်းစားသောက်လို့ရပြီး လှပစွာသော ဖန်တွေ၊ မီးတွေ၊ ကြေးတွေနဲ့အလှဆင်ထားကာ ဝင်ပေါက်တံခါးကြီးဟာ ပေ ၂၀ အမြင့်တောင်ရှိနေပါတယ်။

Canterbury Auction Galleries/BNPS
Canterbury Auction Galleries/BNPS

ဒါကတော့ပထမတန်းစားအခန်းတွေထဲကတစ်ခုပါ။ ဈေးကြီးဟိုတယ်ခန်းတွေလိုမျိုးပဲ အိပ်ခန်းကသပ်သပ်၊ ဧည့်ခန်းကသက်သက်နဲ့ စီစဉ်ပေးထားပြီး ပီယာနိုပါတဲ့အခန်းတွေတောင်ရှိနေပါတယ်။

Canterbury Auction Galleries/BNPS

ဒါကတော့သင်္ဘောရဲ့အနိမ့်ဆုံးအတန်းပါ။

Canterbury Auction Galleries/BNPS

သင်္ဘောထဲ နိုက်ကလပ်တွေထည့်ထားတာဟာ သိပ်ခေတ်မစားခဲ့သေးပေမယ့် SS Normandie မှာတော့ နေ့ဘက်မှာကဖေးဖွင့်ပြီး ညဖက်မှာ ခုန်တွေသိမ်းကာ နိုင်ကလပ်အဖြစ် ခရီးသည်တွေအတွက် ပြင်ဆင်ပေးခဲ့ပါတယ်။

READ
စာနာမှုတွေ ဝေမျှခဲ့ကြတဲ့ စစ်အတွင်းက နွေးထွေးသော နှလုံးသားပိုင်ရှင်များ
Canterbury Auction Galleries/BNPS

ဒီအပြင် အားကစားခန်းမကိုလည်း အားကစားပစ္စည်းကိရိယာအစုံအလင်နဲ့ထားရှိပေးထားတာမို့လို့ ရက်ရှည်ခရီးသွားတဲ့အခါမျိုးကျ ညောင်းညာနေတဲ့ခရီးသည်တွေအတွက် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ကာ လန်းဆန်းစေပါတယ်။

Canterbury Auction Galleries/BNPS

အိမ်မွေးခွေးလေးတွေကို တော်ရုံပေးမသယ်တတ်ကြပေမယ့်လည်း SS Normandie မှာကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် အထူးဝန်ဆောင်မှုတွေ ပေးတဲ့အပြင်ကိုမှ ကိုယ်ပိုင်အိမ်လေးတွေ၊ လှောင်ချိုင့်လေးတွေကိုလည်း အမျိုးအစားအလိုက်ပေးခဲ့ပါတယ်။

Canterbury Auction Galleries/BNPS

သွားဆေးခန်းတွေ၊ စလွန်းတွေပါရှိခဲ့တာကြောင့် သင်္ဘောကြီးဟာ SS Normandie ဘဝနဲ့ရှိစဉ်တုန်းကတော့ သိပ်ကိုခမ်းနားလွန်းခဲ့ပါတယ်။

Canterbury Auction Galleries/BNPS

Source: Daily Mail

Penny

 

SHARE