အသက်၂ဆကြီးတဲ့ ချစ်သူနဲ့ ပတ်သတ်တဲ့ ဝေဖန်ချက်တွေကို တုံ့ပြန်ခဲ့တဲ့ မင်းသမီးချော

[email protected] [email protected]

လူတစ်ယောက်ကို ချစ်တော့မယ့်ဆိုရင် သင့်အတွက် အသက်အရွယ်က အရေးကြီးသလား၊ ကိုယ့်ပျော်ရွှင်မှုက အရေးကြီးသလား ဒါမှမဟုတ် ပတ်ဝန်းကျင်က အရေးကြီးသလား။ ကျွန်တော့်အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ရှင်နေစဉ် လူ့ဘဝတိုတိုလေးမှာ ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နေရတဲ့ ခံစားမှုမျိုးက ဘာနဲ့မှကို မလဲနိုင်ပါဘူး။

Florence Pugh ကိုတော့ လူငယ်တော်တော်များများ သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ Florence Pugh ဟာ Black Widow, Malevolent, Falling , Little Women အစရှိတဲ့ လူငယ်ကြိုက်ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့လို့ပါပဲ။ မကြာသေးခင်က Pugh ဟာ သူ့ရဲ့ ချစ်သူကို တရားဝင်ကြေညာပြီး လူမြင်ကွင်းထဲမှာ ချပြခဲ့ပါတယ်။ သူ့ချစ်သူကတော့ နာမည်ကြီးသရုပ်တောင် Zach Braff ပဲ ဖြစ်ပါတယ်။

View this post on Instagram

#stayhome #sunday #fosterfail Link in bio.

A post shared by Zach Braff (@zachbraff) on

ဒါပေမယ့် လူတော်တော်များများကတော့ Pugh အပေါ်မှာ ဝေဖန်ခဲ့ပါတယ်။ ဒီလိုဝေဖန်ရတဲ့ အကြောင်းအရင်းကလည်း Pugh က အသက် (၂၄) နှစ်ပဲရှိသေးပြီး Zach ကတော့  အသက် ၄၅ နှစ်ရှိနေပြီဖြစ်နေလို့ပါပဲ။ (၂၁) နှစ်ကျော် အသက်ကွာနေတာကြောင့်မို့လို့ နှစ်ဖက်လုံးက ပရိသတ်တွေရဲ့ Pugh တို့ Relationship အပေါ် ဝေဖန်မှုက တော်တော် မြင့်တက်ခဲ့ပါတယ်။

“ ကိုယ်ချစ်တဲ့သူကိုတောင် တရားဝင်တွဲတာ တွဲလို့မရတော့ဘူးလား။ ကျွန်မဟာ အသက် ၂၄ နှစ်ရှိပါပြီ။ ဘယ်ဟာကကောင်းသလဲ ဘယ်ဟာကဆိုးသလဲဆိုတာ ကောင်းကောင်းကြီး ဆုံးဖြတ်တတ်နေပါပြီ။ အခုဒီကိစ္စမှာဆိုရင်တော့ ကျွန်မတို့အတွဲကို ဝေဖန်တဲ့သူတွေက တော်တော်ဆိုးရွားပါတယ်။ ဒီလိုမျိုးလိုက်တာ် မလိုက်ဘူးလိုက်ပြောနေရအောင်လည်း သူတို့က ကျွန်မ မိဘတွေ မဟုတ်ပါဘူး” လို့ Pugh က ပြောကြားခဲ့ပါတယ်။

READ
ဓါတ်ပုံအတူရိုက်ရင်း ခြူးလေးကို ဖက်ဖို့ ရှက်နေတဲ့ ဖြိုးမြတ်အောင်

Pyi Hein Kyaw

SHARE