ခြံစည်းရိုးပေါ်ကိုကျော်တက်နေတဲ့မိကျောင်းတစ်ကောင်ရဲ့ဗီဒီယို ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီး

Twitter "Wesh2News"

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ထဲက စစ်လေတပ်စခန်းတစ်ခုရဲ့ ခြံစည်းရိုးကို ကျော်တက်နေတဲ့ မိကျောင်းတစ်ကောင်ရဲ့ ဗီဒီယို ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ လုံးဝကို နာမည်ကြီးနေခဲ့ပါတယ်။

လူအများစု မေးခွန်းထုတ်ခဲ့တာကတော့ မိကျောင်းဟာ ခြံစည်းရိုးကို ကျော်တက်ရကောင်းမှန်းသိတဲ့ အသိဥာဏ်မျိုး ရှိလို့လား ဆိုတာပါပဲ။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း ချီကာဂိုမှာရှိတဲ့ နေအိမ်ပြတင်းပေါက်ကနေ မိကျောင်းတစ်ကောင် ၀င်ရောက်လာခဲ့လို့ အားလုံး အုံးအုံးကြွက်ကြွက်ဖြစ်ခဲ့ပြီးပါပြီ။

ဒီတစ်ကြိမ်ကတော့ ပိုလို့တောင် အံ့အားသင့်စရာကောင်းနေပြီး မိကျောင်းဟာ လူတစ်ရပ်လောက်နီးပါးမြင့်တဲ့ ခြံစည်းရိုးကို ကျော်တက်သွားခဲ့တာကို အားလုံးမြင်တွေ့ခဲ့ရတယ်။

READ
တရုတ်နိုင်ငံရောက် နိုင်ငံခြားသားများ တွေ့ကြုံခဲ့ရတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်များ

ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းဟာ ခြံစည်းရိုးကို ကျော်တက်ဖို့အတွက် အမြှီးကိုထောက်ကာ အားယူခဲ့ပြီး သူ့ရဲ့လက်နှစ်ဖက်ကို ခြံစည်းရိုးပေါ် တင်လိုက်တာပါ။ အဲဒီတော့မှာတော့ လက်နဲ့ ခြေထောက်တွေကို အားပြုပြီး သူက ခြံစည်းရိုးကို သက်သောင့်သက်သာပဲ ကျော်ဖြတ်သွားခဲ့တယ်။

 

အနီးအနားမှာ နေထိုင်တဲ့သူတွေကတော့ မိကျောင်းတွေကို တွေ့မြင်နေရတာဟာ အဆန်းမဟုတ်ပေမယ့် ဒီလိုအဖြစ်အပျက်မျိုးကိုတော့ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရတာလို့ ဆိုကြပါတယ်။

READ
တိရစ္ဆာန်လေးတွေရဲ့ သဘာဝကျကျ ရယ်စရာဓာတ်ပုံလေးများ

ဖလော်ရီဒါမှာ အခုဆိုရင် မိကျောင်းတွေပေါလွန်းလို့ ရေရှိတဲ့နေရာ မြင်လိုက်ရတာနဲ့ မိကျောင်းရှိမယ်လို့ပဲ ထင်နေကြရတယ်လို့ လေတပ်တာဝန်ရှိသူတွေက တွစ်တာပေါ်မှာ ပြောဆိုနေခဲ့ကြပြီး ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း အမြဲသတိထားနေရတဲ့အကြောင်းကို အသိပေးသွားခဲ့ပါတယ်။

 

Linn

Source : https://people.com

 

SHARE