မိကျောင်းသားရေ၊မြွေသားရေ Face Mask ဖန်တီးခဲ့တဲ့ အမေရိကန်ကုမ္ပဏီ

Image:Fb/All American Gator's Fb

အခုအချိန် မှာတေ့ Face Mask တွေ က ၀ယ်လို အားတွေ အရမ်း ကောင်း နေပါတယ်။ Mask  က တော့ နေ့စဉ် သုံး မရှိ မဖြစ် ပစ္စည်း ဖြစ်လာ နေပါတယ်။ဒါကြောင့်လည်း နောက်ပိုင်းမှာ ထူးခြားတဲ့ Mask  တွေ ကို ပုံစံ အမျိုးမျိုး နဲ့ထုတ်လာ ဖို့ ကြိုးစား လာကြပါတယ်။တေ လာ တုန်းက ဂျပန် နိုင်ငံက အတွင်းခံ ထုတ်တဲ့ ကုမ္ပဏီ တစ်ခု ကနေ ဘရာ Mask တွေ ဖန်တီး ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ဒီ တစ်ခါ မှာတော့ ဖ လော်ရီ ဒါ ကုမ္ပဏီ တစ်ခု က နေ သူများ နဲ့ မတူ ထူးခြားတဲ့ Mask ကို ဖန်တီး ခဲ့ပါတယ်။

Image:Fb/All American Gator

မိ ကျောင်းသားရေ၊မြွေ သားရေ တို့နဲ့ ဖန်တီးထားတဲ့ Mask တွေ ကို ဖန်တီးခဲ့တာပါ။ အမေရိကန်  ဖ လော်ရီဒါ  အ ခြေ စိုက် ကုမ္ပဏီ တစ်ခုဖြစ်တဲ့All American Gator က နေ မိ ကျောင်းသားရေ၊မြွေ သားရေ တွေနဲ့ ဖန်တီး ထားတဲ့ Mask တွေ ကို ဖန်တီးခဲ့ပါတယ်။သားရေ တွေ က ကိုဗစ်ကို တကယ်တမ်း ပြောရရင် တော့ အပြည့်အ၀ ကာကွယ် မပေး နိုင်ပါဘူး။ဖက်ရှင် အ တွက် ရည်ရွယ် ထုတ်ပုံရပါတယ်။

READ
Kylie Cosmetics ရဲ့ရှယ်ယာ တစ်ဝက်ကျော်ကို ၀ယ်ယူလိုက်တဲ့ Coty
Image:Fb/All American Gator

All American Gator ရဲ့ ပိုင်ရှင်  Brian Wood ကတော့ “လူတစ်ချို့ ကကျ တော့ အခုလို ကပ် ဘေး ချိန်မှာ လည်း ဖက်ရှင်ကျ တာကို လိုချင် ကြတယ်။ ဒါ ကြောင့် သူတို့ အတွက် ရွေးချယ် စရာ ဖန်တီး ပေးခဲ့တာပါ..” လို့ ပြောခဲ့ပါတယ်။ဒီ Mask တွေကို တော့ ဓါတ် မတည့်တာမျိုးတွေ မဖြစ် စေတဲ့  hypoallergenic soft shell silicone  ၊မိ ကျောင်းသားရေ(သို့) မြွေ သားရေ တို့ နဲ့ ပေါင်း စပ် ဖန်တီး ထားတာပါ။

READ
အဖေများနေ့တုန်းက ထူးခြားအပြုအမူတစ်ခု လုပ်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့သမီး

နောက်ပိုင်း ကျရင်တော့ Mask တွေ မှာ အဆင့်မြင့် N95 filtration systems  တွေ ကိုပါ ထည့်သုံးဖို့ ရှိတယ်လို့ Wood  က ပြောပါတယ်။လ က်ရှိမှာတော့ ဒီ Mask တွေကို ပဏာမ အဆင့် ဖန်တီး နေစဲ ဖြစ်ပြီး နောက်ပိုင်းကျ ရင်တော့ မြန်မာ့ စပါးအုံ မြွေ သာမက ဖွက်၊မိ ကျောင်းခေါင်းတို သားရေ တို့ နဲ့ပါ ဖန်တီးမယ်လို့ ပြောခဲ့ပါတယ်။ဈေးနှုန်း အနေနဲ့ ဆိုရင်တော့ မိကျောင်းသရေ Mask က ( $120)၊စပါးအုံးမြွေ နဲ့ ဖွက်သားရေက ($90 ) ၊မိ ကျောင်းသားရေက $120  ပါ။

Source:odditycentral/All American Gator’s Fb

SHARE