ပုံစံအဆန်းကြီးနဲ့ အောင်လက်မှတ်ပေးပွဲ ကျင်းပခဲ့တဲ့ ဖလော်ရီဒါ အထက်တန်းကျောင်း

Image:twitter/@FlCharter/Academia

အားလုံး မြင်ဖူး တွေ့ ဖူးတဲ့ အောင်လက်မှတ် ချီးမြှင့်ပွဲ ဆိုတာမျိုးက လူကြီးတွေက တစ်ယောက်ပြီး တစ်ယောက် စင်ပေါ် တက်ပြီး စကားတွေ ပြောပြီး ရင်  ကျောင်းသား၊ကျောင်းသူတွေ က တစ်ယောက် ပြီး တစ်ယောက် စင် ပေါ် တက် ပြီး အောင်လက်မှတ်တွေယူ၊အောက်က ၀ိုင်းလက်ခုပ် တီး ရတာပါ။ဒီလို အောင်လက်မှတ် ချီးမြှင့်ပွဲ မျိုးကို ပဲ မြင်ဖူး တွေ့ ဖူးကြတာပါ။ဒါပေမယ့်  အမေရိကန် က ကျောင်း တစ်ကျောင်းမှာတော့ ဒီလို မြင်ေ နကျ ပုံစံ မျိုးနဲ့ မဟုတ်ပဲ တကယ့်ကို နည်းအဆန်းကြီး နဲ့  အောင်လက်မှတ် ချီးမြှင့်ပွဲ လုပ်ခဲ့ပါတယ်။ဒီအ ကြောင်းကို တော့ Insider မှာ ဖော်ပြထားတာပါ။

Image:twitter/@FlCharter

အမေရိကန် ပြည်ထောင်စု၊ဖ လော်ရီဒါ ပြည်နယ် ၊ Key West မှာရှိတဲ့  Somerset Island Prep ရဲ့  အောင် လက်မှတ် ချီးမြှင့်ပွဲကိုတော့ စင်မြင့် ပေါ်မှာ ကျင်းပ တာ မဟုတ်ပဲ ရေထဲမှာ ကျင်းပခဲ့တာပါ။ပြီးခဲ့တဲ့  အင်္ဂါ နေ့ (မေ ၂၆ )ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့တာပါ။အထက် ကျောင်းရဲ့ စီနီယာ ကျောင်းသား၊ကျောင်းသူတွေ ကို အောင်လက်မှတ် ပေးခဲ့တာ ပါ။ Academia  တွစ်တာမှာလည်း  အခမ်း အနား ဗီဒီယိုဖိုင် ကို ဝေမျှ ထားပါတယ်။လက်မှတ်ယူမယ့် ကျောင်းသား၊ကျောင်းသူတွေ က jet skis တွေ ကို စီး လာခဲ့ပါတယ်။ပြီးရင် တော့ ကမ်းမှာ ကပ် တဲ့ မော်တော်ဘုတ် ပေါ်မှာ တော့ ကျောင်းအုပ် ကြီးက အသင့် စောင့် နေပါတယ်။လက်မှတ် တွေ ကိုတော့ တုတ် ချောင်း လို အရာ မှာ ညှပ်ပြီး Jet Skis ပေါ်က ကျောင်းသား ကို ကမ်း ပေးတာပါ။

READ
ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သားလေးကို ကျောင်းလိုက်ပို့ခဲ့ကြတဲ့ ရဲသားကြီးများ
Image:twitter/@FlCharter

ဒီလို jet skis နဲ့ အောင်လက်မှတ် ပေးပွဲ အလန်းစားကြီးကို  လုပ်ဖို့အတွက်က ကျောင်းသား၊ကျောင်းသူတွေကို (၃)နာရီ လောက် jet ski စီး နည်း Training ပေးထား ခဲ့ ရတာပါ။ထူး ဆန်းတဲ့ အောင်လက်မှတ် ပွဲကြီး ကတော့ အွန်လိုင်း ပေါ်မှာ တော် တော် လေး လူ ပြောများခဲ့ပါတယ်။ကျောင်းအုပ် Tom Rompella ကတော့ ဘယ်လို အတားအဆီး မျိုးကို မဆို ဖန်တီးမှု နဲ့ ကျော် ဖြတ် နိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။နိုင်ငံ တစ်ဝန်းမှာတော့ ကိုဗစ် ကြောင့် အထက် တန်း ကျောင်း အောင်လက်မှတ် ပေး ပွဲ အပါအ၀င် ဘွဲ့ နဲ့  တခြား လက်မှတ် ပေးပွဲ  ကျင်းပတာတွေ ကို ရပ်ဆိုင်းထားရပါတယ်။ဒါကြောင့် ကျောင်းတွေ က လူစုလူဝေးလဲ မဖြစ်၊Social Distancing ကို လည်း လိုက်နာပြီး ပွဲကို ဘယ်လို ပုံစံ နဲ့ ကျင်းပမလဲ ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ဖန်တီးလာကြတာပါ။အ မေရိကန် Colorado ပြည်နယ်၊ Telluride မှာရှိတဲ့ အထက် တန်းကျောင်း တစ်ကျောင်းက ဆိုရင် Telluride တောင်ထိပ် ပေါ် တက်ပြီး အောင် လက်မှတ် ကျင်းပ ပွဲ ပြုလုပ်ခဲ့ပါတယ်။

#SHWEMOM

SHARE