မသမာတဲ့ နည်းသုံးပြီး Porsche ကားသစ်ကြီး နဲ့ Rolex နာရီ တွေ ၀ယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား

Image:Walton County Sheriff's Office

အ မေရိကန် ဖ လော်ရီဒါ ပြည်နယ်မှ အမျိုးသားတစ်ယောက် က တော့  သူ့ မှာရှိတဲ့ ဥာဏ်နီဥာဏ် တွေကို သုံးပြီး ကားသစ် ၀ယ်ဖို့ ကြိုးစား ခဲ့ပါတယ်။ မသမာ တဲ့ နည်းသုံးပြီး Porsche ကားသစ်ကြီးကို ၀ယ်ဖို့ ကြိုးစား ပေမယ့် လည်း  နောက်တစ် ရက်မှာပဲ ဖမ်းခံထိခဲ့တယ်။ဒီ အ ကြောင်းကို တော့ nypost မှာ ဖော်ပြထားတာပါ။အိမ်မှာရှိတဲ့ ကွန်ပျူတာကို သုံးပြီး ချက်လက်မှတ် ပရင့် ထုတ် တာ ကား လိမ်ခဲ့တာပါ။ဒါတင်အား မရ သေးပဲ နာရီ တစ်ချို့ကိုပါ ပုံ အော ၀ယ် ပစ်ခဲ့တာပါ။ပြစ်မှု ကျူးလွန်တဲ့ အမျိုးသား ရဲ့ နာမည် က တော့ Casey William Kelley ပါ။အသက်က တော့ (၄၂)နှစ်ပါ။

Image:Walton County Sheriff’s Office

အ မေရိကန် ဒေါ်လာ တစ်သိန်း လေးသောင်းတန် ချက်လက်မှတ် နဲ့ သြဂုတ်လ (၄)ရက်နေ့က ကား သွားဝယ်ခဲ့ တာပါ။ဒါပေမယ့် နောက် တစ်နေ့ မှာ တော့ အဖမ်းခံခဲ့ရပါတယ်။အဲ့ဒီ အမျိုးသားဟာ Miramar ကမ်း ခြေ မှာ ရှိတဲ့ လက်ဝတ်ရတနာ ဆိုင်တစ်ခု က နေ လည်း Rolex နာရီ တွေ အများကြီး ချက် အတု နဲ့ ၀ယ်ဖို့ ကြိုးစားခဲ့ပါ သေး တယ်။

READ
လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေနဲ့ ပတ်သတ်ပြီး ဝန်ထမ်းတွေကို တောင်းပန်လိုက်တဲ့ Ellen
Image :wikicommon

Porsche 911 Turbo ကားကို ရောင်းပြီး တော့ ချက်လက်မှတ်နဲ့ ငွေ သားထုတ် ဖို့ လုပ်တဲ့ အချိန်မှာပဲ အတု နဲ့ အလိမ်ခံရ မှန်း သိခဲ့တာပါ။ဒါ ကြောင့် ကား အခိုးခံလိုက်ရတယ်ဆိုပြီး တိုင် ကြားခဲ့တာပါ။လက်ဝတ်ရတနာ ဆိုင်က တော့ ငွေ ကိစ္စ အဆင် ပြေမှ နာရီ တွေ ကို ၀ယ်သူလက်ထဲ ပေးမယ်လို့ လုပ်ခဲ့ပါတယ်။ချက်ကို စစ်ပြီး ချိန်မှာ အတု ဆိုတာ သိလိုက် ချိန် မှာတော့ ရဲ ကို အ ကြောင်းကြား ပြီး ဖမ်းဆီးခဲ့တာပါ။ Kelley က တော့ ဒီချက် လက်မှတ် တွေကို အိမ်က ကွန်ပျူတာ နဲ့ပဲ ပရင့်ထုတ် ဖန်တီးခဲ့ တာ လို့ရဲ တွေကို ၀န်ခံခဲ့ပါတယ်။

READ
ဖူးစာရှင်မတွေ့တဲ့အဆုံး တစ်ကိုယ်တော်Wedding photoရိုက်ခဲ့တဲ့ ကင်ဆာဝေဒနာရှင်
Image:Walton County Sheriff’s Office

#SHWEMOM

SHARE