(၂)လအတွင်း (၃)ကြိမ်မြောက်ထောင်ထဲထပ်ရောက်နေပြန်တဲ့ လည်ပင်းကြီးရာဇ၀တ်သား

အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ လည်ပင်းကြီးကြီးနဲ့ ဖလော်ရီဒါပြည်နယ်သား အမျိုးသားဟာ အခုတဖန် ပြန်ပြီးရဲအဖမ်းခံခဲ့ရပြီဖြစ်ပါတယ်။ သူဟာ (၂)လတာ အတွင်း အခုအကြိမ်ပါနဲ့ဆို အဖမ်းခံခဲ့ရတာ သုံးကြိမ်မြောက် ရှိနေပါပြီ။ သူ့ကို လည်ပင်းကြီးလို့ သိကြပြီး နာမည်အရင်းကတော့ ချားလ်စ်ဒီယွန်မက်ဒိုဝဲလ် ဖြစ်ပါတယ်။ ရာဇ၀တ်သား လည်ပင်းကြီးကို အင်္ဂါနေ့ညက ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာမြို့မှာ ဖမ်းဆီးရမိခဲ့တာပါ။

dailymail

သူ့ကို ပြန်လည်ဖမ်းဆီးခဲ့တဲ့ သတင်းကိုတော့ “damnwideneck” အင်စတာဂရမ်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ ချားလ်စ်ဒီယွန်ဟာ ပြစ်မှုအသစ်ကျူးလွန်တာမဟုတ်ပဲ တရားသူကြီးက မူရင်းစွဲချက်အတွက် ခံဝန်ကို ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် တဖန်ပြန်ပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လည်ပင်းကြီးရဲ့ ခံဝန်ကို တရားသူကြီးက ဘာကြောင့် ပြန်ရုတ်သိမ်းခဲ့လဲ ဆိုတာကိုတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ အမှုမှာတော့ လည်ပင်းကြီးဟာ နောက်တဖန် ထောင်ထဲပြန်မသွားတော့ဘူးဆိုပြီး လူတွေကို ကတိပေးခဲ့ပါတယ်။လည်ပင်းကြီး မက်ဒိုဝဲလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပထမဆုံး အဖမ်းခံခဲ့ရပြီးနောက်ပိုင်း သူ့ရဲ့ တရားခံဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ အရမ်းကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရဲလက်မှ ထွက်ပြေးမှု၊ ဆေးခြောက်နဲ့ ကိုကင်းအပါအ၀င် မူးယစ်ဆေးလက်ဝယ် တွေ့ရှိမှု၊ မူးယစ်ဆေးသုံးကိရိယာ လက်ဝယ်ပိုင်ဆိုင်မှုတို့နဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

READ
မယားကြီးရှိတာကို18 နှစ်နေမှ အမှန်အတိုင်း သိခဲ့ရသည့် စစ်သားတစ်ဦးရဲ့ ဇနီး

၎င်းရဲ့ ဓာတ်ပုံကို အက်စ်ကမ်ဘီယာ ကောင်တီ ရဲစခန်းကနေ ဖေ့စ်ဘုတ်မှာ မျှဝေခဲ့ရာက ချက်ခြင်းပဲ ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ လည်ပင်းကြီးဟာ ဒုတိယအကြိမ်အနေနဲ့ မဆင်မခြင် ကားမောင်းနှင်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ အသိမ်းခံထားရတဲ့ လိုင်စင်၊ လမ်းကြောင်း မှားယွင်းရွေးချယ်မှု၊ ဒုတိယအကြိမ်မြောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုတို့နဲ့အတူ ထပ်မံအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် အဖမ်းခံရပြီးနောက်မှာတော့ သူဟာ ဘယ်တော့မှ ထောင်ထဲပြန်မ၀င်တော့ဘူးဆိုပြီး လည်ပင်းကြီး မက်ဒိုဝဲလ်က ပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဒိုဝဲလ်ဟာ သူ့ရဲ့ လည်ပင်းကြီးလွန်းလို့ ကျော်ကြားမှုနဲ့ ပတ်သက်လို့ ပျော်ရွှင်နေပုံရပါတယ်။ နိုဝင်ဘာလမှာတော့ မက်ဒိုဝဲလ်ဟာ အင်စတာဂရမ်အကောင့်တစ်ခုကို ဖန်တီးပြီး “CEO of Wide Neck Gang” လို့ အမည်ပေးထားပါတယ်။ သူ့အကောင့်ထဲမှာတော့ follower ပေါင်း (၁.၃) သန်း ရှိပါတယ်။ ဒါ့အပြင် မက်ဒိုဝဲလ်ဟာ “Daddy Long Neck” အမည်ရတဲ့ ဒေးဗစ်ဆမြူရယ်ဆန်ဂျူနီယာနဲ့အတူ “NECKST UP” ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုလည်း ဖန်တီးခဲ့ပါသေးတယ်။

READ
မိခင်စိတ်က ရန်သူမိတ်ဆွေ မခွဲခြားဘူးဆိုတာ သက်သေပြခဲ့သည့် တိရစ္ဆာန်လေးများ

လင်းလင်း (ShweMom)

Ref: Dailymail

SHARE