ခေတ်စားနေတဲ့ Floss အကကို ဘယ်သူတီထွင်ခဲ့တာလဲ ဘယ်လိုကရမှာလဲ

ခေါင်းစောင်းပြီး လက်နှစ်ဖက်ကို တစောင်းမြှောက်တဲ့ Dab အထာကို ရိုးလာပြီဆိုရင် အခုခေတ်စားနေတဲ့ Floss ကနည်းကို လုပ်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေနဲ့ ကလေးတွေကြားမှာ ခေတ်စားနေတာဖြစ်ပြီး ပျော်ဖို့ကောင်းတဲ့ ကနည်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် တခြားကလေးအကတွေထက် အကွက်ညီအောင် ပိုကြိုးစားဖို့တော့ လိုပါတယ်။

သိပ်တော့မလွယ်ပေမယ့် ကျောပိုးအိတ်နဲ့ကောင်လေးဆိုတဲ့ ဆယ်ကျော်သက်လေးတောင် ကနိုင်ရင် သင်လည်း ကနိုင်လောက်ပါတယ်။ ဒီမှာ Floss ကနည်း အဆင့်ဆင့်ပါ။ ဗီဒီယိုတွေလည်း ထည့်ပေးထားပါတယ်။

Flossing to my manz #masonramsey

A post shared by Millie Bobby Brown (@milliebobbybrown) on

Floss ဘယ်လိုလုပ်ရမလဲ

  • သီချင်းဖွင့်လိုက်ပါ။
  • ကျောပိုးအိတ်လွယ်လိုက်ပါ။ (မလွယ်လည်း ရပါတယ်)
  • ဒူးကို မဆိုစလောက်လေးကွေးရပ်ပါ။
  • လက်သီးတွေဆုပ်လိုက်ပါ။
  • လက်မောင်းကို ကိုယ်ဘေးမှာ ချထားပါ။
  • ပြီးရင် တင်ပါးရမ်းတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်တွေဆီ လက်နှစ်ဖက်ကို ရင်နဲ့ကပ်ပြီး စလွှဲပါ။
  • လက်လွှဲတဲ့အရှိန်ကို ဆက်မြှင့်ပြီး ပိုအားရချင်ရင် ဒူးကိုနည်းနည်းပိုကွေးလိုက်ပါ။

Flossin in Central Park(Song: 2 LITT)

A post shared by Floss Dance Creator‼️ (@thebackpackkid) on

Floss အကကို Instagram ပေါ်က (၁၆)နှစ်အရွယ် အမေရိကန်ကျောင်းသားလေး Russell Horning က တီထွင်ခဲ့တာပါ။ သူ့ကို ကျောပိုးအိတ်နဲ့ကောင်လေးလို့လည်း ခေါ်ကြပါတယ်။ (၂၀၁၆)တုန်းက Floss အကကနေတဲ့ သူ့ဗီဒီယိုနာမည်ကြီးသွားခဲ့ပြီး (၂၀၁၇)မှာ Katy Perry ကတောင် Russell ကို Saturday Night Live အစီအစဉ်သို့ ဖိတ်ပြီး ၎င်းအကကို Swish Swish သီချင်းနဲ့ ကပြခိုင်းခဲ့ပါတယ်။

READ
ရှေးခေတ်ပြက္ခဒိန်တွေက အမျိုးသမီးတစ်ယောက်ပုံတွေကို ပြန်အသက်သွင်းခဲ့တဲ့ ကောင်မလေး
Dele Alli/ Snapchat

Stranger Things စီးရီးထဲက Millie Bobby Brown, စပါးအသင်းက Dele Alli တို့အပါအဝင် အခြားဆယ်လီတွေလည်း Floss အကကို လိုက်ကခဲ့ကြပါတယ်။

White (Shwemom)

Ref: Metro

SHARE