အမေရိကန်လက်ဝှေ့ကျော် မေဝယ်သာရဲ့ အကောင်းဆုံးအနိုင်ယူခဲ့တဲ့ ပွဲစဉ်များ

မေ၀ယ်သာကို အားကစားလောက,က Floyd Money Mayweather လို့တောင် အမည်ပြောင်ပေးထားပါတယ်။ အကြောင်းကတော့ ငွေအလွန်မက်လို့ပါ။ ဒါပေမယ့် အလွန်လိမ္မာပါးနပ်တဲ့ လက်ဝှေ့သမားမို့ သူ့ကို အနိုင်ယူဖို့တော့ အတော်လေး ခက်ခဲပါတယ်။ သူဟာ အရှောင်အတိမ်းလည်း အလွန်ကောင်းမွန်ပြီး၊ ငွေတစ်မျက်နှာတည်းကို ကြည့်ကာ လက်ဝှေ့ထိုးသူလို့တောင် စွပ်စွဲခံရသူပါ။

မေ၀ယ်သာကလည်း အများမြင်တဲ့အတိုင်း အားတဲ့အချိန်တိုင်းမှာ ငွေပုံတွေပေါ်ထိုင်ပြီး ဆယ်လ်ဖီဆွဲလိုစွဲ၊ ငွေတွေကို ကျဲတဲ့ပုံတွေ လုပ်လိုလုပ်နဲ့ အများအမြင်ကပ်အောင် အတော်လေး နေတဲ့သူဖြစ်ပါတယ်။ သူ လက်ဝှေ့ထိုးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အများအားဖြင့် နိုင်ပွဲတွေသာ ရခဲ့ပါတယ်။

နောက်ဆုံး မက်ဂရီဂေါနဲ့ ထိုးတဲ့ပွဲမှာ သူဟာ 55 ပွဲဆက်တိုက် ရှုံူးပွဲမရှိ စံချိန်ကို ထိန်းနိုင်ခဲ့တဲ့အပြင် တစ်သက်တာ သုံးမကုန်တဲ့ ဆုကြေးငွေကိုလည်း ရရှိခဲ့ပါတယ်။ မေ၀ယ်သာဟာ ယမန်နှစ်ကလည်း လက်ဝှေ့လောကမှ အနားယူသယောင် လေသံလွှင့်ခဲ့ပေမယ့်၊ ပွဲစီစဉ်သူတွေကနေ ပေးတဲ့ ငွေကြေးမက်လုံးကို မလွန်ဆန်နိုင်လို့ ကြိုးဝိုင်းထဲ ပြန်ဝင်ခဲ့သူပါ။

READ
PSG ကစားသမားသစ် နေမာရဲ့ အံ့ဖွယ်ဘောလုံး Skill များ

အဲဒီနှစ်မှာပဲ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုကို အငြင်းပွားဖွယ်ရာ ရလာဒ်နဲ့ ပြိုင်ဘက်ကင်း သရဖူကို ဆောင်းနိုင်ခဲ့ပါတယ်။ ယင်းနောက် လက်ဝှေ့လောကမှာ အနားယူတော့မယ်ဆိုပြီး လေသံထပ်လွှင့်ခဲပေ့မယ့် မက်လောက်စရာ ထိုးကြေးနဲ့ ပွဲစီစဉ်သူတွေက ကမ်းလှမ်းလာပြန်ပါတယ်။ ပြိုင်ဘက်ကတော့ MMA ဖိုက်တာ မက်ဂရီဂေါဖြစ်ပြီး၊ ထိုးကြေး ဒေါ်လာ သန်း 100 အနည်းဆုံး ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ကတော့ ပြိုင်ဘက်တွေကို အကောင်းဆုံး တုန့်ပြန်အနိုင်ယူခဲ့တဲ့ မေ၀ယ်သာရဲ့ မှတ်တမ်းပါဘဲ။ ဒီဗွီဒီယိုဖိုင်တွေထဲမှာတော့ မေ၀ယ်သာဟာ အများထင်မှတ်ထားသလို ငွေမှငွေ မဟုတ်ပဲ၊ သူ ဒီလိုနေရာ ရောက်ဖို့ ဘယ်လောက်အထိ ပေးဆပ်ခဲ့ရတယ်ဆိုတာကို မြင်သာစေမှာပါ။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE