မေ၀ဲလ်သာကြီး သူ့ထက် အသက်တစ်ဝက်ငယ်တဲ့ ကလေးမနဲ့ ဒိတ်နေတယ်ဆိုပဲ

နာမည်ကျော် လက်ဝှေ့သမား မေ၀ဲလ်သာ ဟာ အာဂျင်တီးနားသူ Big Brother စတားတစ်ယောက်ဖြစ်တဲ့ ရက်စ်မီ မန်ဒီဂူအာ ကို ဒိတ်လုပ်နေကြောင်း ကောလဟလတွေထွက်ပေါ်နေပါတယ်။ ကောင်မလေးဟာ မေ၀ဲလ်သာ ထက် အသက် (၂၀) တိတိ ငယ်ပါတယ်။

TMZ

ရက်စ်မီ ဟာ လက်ရှိမှာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေပြီး ပြီးခဲ့တဲ့လကမှ မမျှော်လင့်ဘဲ လော့စ် အိန်ဂျလိစ်မြို့မှာ အသက် (၄၂) အရွယ် လက်ဝှေ့အကျော်အမော်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြတယ်။ အဲ့ဒီ့လို ဆုံတွေ့ရင်းနဲ့ မေ၀ဲလ်သာ ဟာ သူမဖုန်းနံပါတ်ကို စတင် တောင်းဆိုခဲ့ကြောင်း The Sun ရဲ့ အင်တာဗျူမှာ သူမဖြေဆိုထားတာကို တွေ့ရတယ်။

instagram

သူမက စတိုးဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့ ရှိနေတဲ့အချိန် Mayweather ကို တွေ့လိုက်တော့ ဓာတ်ပုံအတူရိုက်ဖို့ ခွင့်သွားတောင်းခဲ့တယ်။ အဲ့ဒီ့မှာ သူရဲ့ ဘော်ဒီဂတ်က ခွင့်မပြုခဲ့ဘူး။

READ
မိန်းကလေးပရိသတ်တွေ ကြွေနေတဲ့ အ၀င်းရဲ့ အကြောင်း
instagram
Instagram

“ဒါပေမယ့် Floyd က ကျွန်မကို ခွင့်ပြုခဲ့ပြီး ဓာတ်ပုံတွေ အတူတွဲရိုက်ခဲ့တယ်။ ပြီးတော့ စကားတွေ ဆက်ပြောခဲ့ပြီး မက္ကဆီကိုမှာ လုပ်မယ့်ပါတီကို လာခဲ့ဖို့ပြောတယ်၊ အဲ့ဒါက သိပ်မိုက်မယ့်ပုံပဲ ပြီးတော့ ကျွန်မဖုန်းနံပါတ်ကိုလည်း တောင်းသွားခဲ့တယ်”လို့ သူမကပြောပါတယ်။

instagram
View this post on Instagram

Hola 👋🏼

A post shared by Yasmi Mendeguía (@yasmi_mendeguia) on

ရက်စ်မီက (၂၀၁၆) ခုနှစ်တုန်းက Big Brother အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပြီး အခု မက္ကဆီကိုနိုင်ငံမှာ မော်ဒယ်၊ သရုပ်ဆောင်နဲ့ ကတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေတယ်။ မေ၀ဲလ်သာကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် ဒီဇင်ဘာက ဂျပန်လက်ဝှေ့သမား တန်ရှင် နာဆူကာဝါနဲ့ ပွဲပြီးကတည်းက အခုထိ ဘာလှုပ်ရှားမှုမှမတွေ့ရသေးပါဘူး။

READ
ပရိသတ်တွေရဲ့ ရင်ခုန်သံကို လှုပ်နှိုးလိုက်တဲ့ မော်ဒယ်မလေး Maria J Naw

Source: News.com

Matthew (ShweMOM)
SHARE