ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးဗိုင်းရပ်သစ်တစ်မျိုး တရုတ်မှာ တွေ့ရှိ

Image:twitter/@cmlittlejohn/pixabay/Jai79

ကမ္ဘာ့ ကူးစက် ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ တုပ် ကွေး ဗိုင်းရပ် သစ် တစ်မျိုးကိုတော့ တရုတ်မှာ  တွေ့ ရှိခဲ့တယ်လို့ BBC နဲ့ CNN သတင်း တွေ မှာ ဖော်ပြ ထားပါတယ်။ကိုဗစ် တောင်မှ ကာကွယ် ဆေး ၊ကုသ ဆေး မ တွေ့ သေး တဲ့ ဒီလို အ ခြေ အ နေ မှာ နောက်ထပ် ပိုးသစ် တွေ့တယ်ဆိုတဲ့ သတင်း  ထွက်လာခဲ့တာပါ။တရုတ် သု တေသီ တွေ က နေ G4 virus ဆိုတဲ့ တုပ် ကွေး ဗိုင်းရပ်စ် သစ်ကို ရှာ တွေ့ ခဲ့တာ ဖြစ်ပြီး  ကပ်ရောဂါ ဖြစ်လာ နိုင်တယ်လို့  ထုတ်ပြန် ခဲ့တာ ပါ။ဒါပေမယ့် ရုတ်တရက်ကြီး ကပ်ရောဂါ ဖြစ်လာ မှာ မျိုး တော့ မဟုတ်ဘူး လို့ ပညာရှင် တွေ က တော့ သုံး သပ် ခဲ့ပါတယ်။

Imge:pixabay/RoyBuri

ဒါ ပေမယ့်လည်း လက်ရှိမှာတော့ ဒီပိုးသစ် ကို ၀က် တွေ မှာ တွေ့ နေရပါပြီ။ဝက် တွေ က ပိုးတွေ ကို သယ် ဆောင် ထားပြီး ၀က်က နေ လူ ကို ကူးစက် နိုင် တယ်လို့ သု တေ သီ တွေ က ပြောပါတယ်။နောက်ပိုင်းကျ ရင် တော့ ၀က် က နေ လူကို ကူးစက်ပြီး၊လူ အချင်းချင်း ရောဂါ အလွယ်တကူ ပျံ့ ကုန်မှာကို တော့ သု တေသီ တွေ က စိတ် ပူေ န ကြပါတယ်။ချက်ချင်းဖြစ်ပေါ် လာနိုင်တဲ့ ပြဿနာ မျိုးတော့ မဟုတ် ပေမယ့်လည်း သေချာ စောင့်ကြည့် ရမယ့်  ကျန်း မာ ရေး ပြဿနာ တစ်ခု ပါ။ဗိုင်းရပ်ပိုးက အသစ် ဖြစ်တာ ကြောင့် လူသားတွေ အနေနဲ့ ဒီဗိုင်းရပ် ကို ခုခံ နိုင် ချေ နည်းနည်း (ဒါမှမဟုတ်) လုံးဝ မရှိ နိုင်တာ မျိုးလည်း ဖြစ်နိုငပါတယ်။ဝက် တွေ မှာ တွေ့ နေရတဲ့ ဒီ ဗိုင်းရပ် ကို ထိန်း ချုပ် နိုင် ဖို့ လုပ် ငန်းတွေ ကို ဆောင်ရွက် ဖို့ နဲ့ ၀က် မွေးမြူ ရေး လုပ်သားတွေ ကို အနီး ကပ် စောင့် ကြည့် ဖို့ ကို တော့  လိုအပ် တယ်လို့ ပညာရှင်တွေ က သတိပေးထားပါတယ်။

ကိုဗစ်နဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိ အ နေ အထားမှာတော့ အခု အသစ် ထပ် တွေ့ တဲ့ ဒီဗိုင်းရပ် ပိုး က တော့ ကမ္ဘာ တစ်ဝန်း ကို ခြိမ်းခြောက်လာ မယ့် ထိပ်တန်း ရောဂါ ဖြစ်လာခဲ့ပါတယ်။ကမ္ဘာ ပေါ်မှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ ကပ် ရောဂါ တုပ် ကွေး ကူးစက်မှု က တော့ (၂၀၀၉)က ဖြစ်ခဲ့တာပါ။သေဆုံးမှု နှုန်း က တော့ တော်တော် လေး နည်းခဲ့ပါတယ်။  အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ တခြား တုပ်ကွေး ဗိုင်းရပ်စ် တွေ နဲ့ ဆင်တူ တာကြောင့် အသက်ကြီးတဲ့ သူတွေက ဒီပိုးကို ခုခံ နိုင်ခဲ့တာ ကြောင့် သေဆုံးနှုန်းက နည်း ခဲ့တာပါ။အခု အသစ် ထပ် တွေ့ တဲ့ ဗိုင်းရပ် က တော့ (၂၀၀၉) ခုနှစ်က ၀က် တုပ် ငွေး နဲ့ ဆင်တူ ပေ မယ့်လည်း ပြောင်းလဲ မှု အသစ်တစ်ချို့ တော့ ရှိ နေပါတယ်။

READ
အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်းကိုကျော်ဖြတ်ပြခဲ့တဲ့ မျက်လှည့်ပညာရှင် Dynamo

 

#SHWEMOM

SHARE