လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်သွားတဲ့ အမေရိကန်ဒုသမ္မတရဲ့ ခေါင်းပေါ်က ယင်ကောင်

youtube/NBCNews

အောက်တိုဘာ၇ရက်နေ့တုန်းက အမေရိကန်ရဲ့ဒုသမ္မတ မိုက်ခ်ပန့်စ်ဟာ ဆွေးနွေးပွဲတစ်ခုမှာပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဆွေးနွေးပွဲထဲမှာ ပေါ်ပြူလာဖြစ်သွားသူကတော့ ယင်ကောင်တစ်ကောင်ပါ။ ဆွေးနွေးပွဲမှာ မိုက်ခ်ပန့်စ်စကားပြောနေတုန်းအချိန် ယင်တစ်ကောင်က သူ့ခေါင်းပေါ် ဖတ်ကနဲ လာနားတာပါ။

မိုက်ခ်ပန့်စ်က အမေရိကန်ဆီးနိတ်အမတ်လွှတ်တော် ကာမာလာဟားရစ်စ်နဲ့ စကားပြောနေတာပါ။ အမေရိကန်နိုင်ငံကို သူရဲ့လုပ်ပိုင်ခွင့်၊ ပွင့်လင်းမှု၊ သစ္စာခံမှုတွေနဲ့အတူ အခိုင်အမာချုပ်ထိန်းသွားမယ်လို့ ဆိုနေတာပါ။ ပြောနေရင်း ရုတ်တရက် ယင်ကောင်က လာနားတဲ့အတွက် ပြည်သူတွေက မိုက်ခ်ပန့်စ်ပြောနေတဲ့အပေါ် အာရုံစိုက်နေရာကနေ ယင်ကောင်ဆီအာရုံပြောင်းသွားကြပါတယ်။ သူနားနေတာ ၂မိနစ်လောက်ကြာပါတယ်။

မိုက်ခ်ပန့်စ်ရဲ့ဆွေးနွေးပွဲလည်းပြီးရော အွန်လိုင်းမှာ ဒုသမ္မတက ဘာတွေပြောသွားလဲ၊ သူ့အစီအစဉ်တွေက ဘယ်လိုဆိုတာတွေ တက်လာရမယ့်အစား ယင်ကောင်ပုံတွေချည်းလိုင်းပေါ်တန်းစီတက်လာတာပါ။ မာဗယ်လ်ပရိသတ်တွေကတော့ အမျိုးမျိုးနောက်နေပါတယ်။ ဒုတိယသမ္မတရဲ့ဆွေးနွေးပွဲကို Ant-Man ရုပ်ဖျက်ပြီး သတင်းလာယူတာ၊ Ant-Man လား Spider -Man လား တစ်ယောက်ယောက်ပဲ၊ လျှို့ဝှက် mission နဲ့လာတာဖြစ်မယ် စသဖြင့်ပြောနေပါတယ်။ အောက်ဘက်မှာတော့ တွစ်တာပေါ်မှာတွေ့ရတဲ့ ဟာသလေးတွေကို ladbible ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။


လင်းလင်း (ShweMom)

SHARE