အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ Mina နဲ့ပတ်သက်ပြီး အေဂျင်စီတွေဘက်က ထုတ်ပြောလာ

Image:IG/Mina

AOA အဖွဲ့ ၀င် ဟောင်း Mina က တော့ သူမကိုယ်သူ မ အဆုံးစီရင် ဖို့ ကြိုးစားခဲ့ပါတယ်။သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာတော့ လက် ကောက်ဝတ် ကို လှီး ပြီး သွေး တွေ ထွက် နေတဲ့ ပုံ ကို တင်ခဲ့တာပါ။အဆုံးစီရင် ဖို့ ကြိုးစား တဲ့ Post တွေ ဆိုရှယ်မီဒီယာ ပေါ် တင်ခဲ့တာ နဲ့ ပတ်သက်ပြီး သူမရဲ့ေ အဂျင်စီ FNC Entertainment က တော့ ပြန် ပြီး ဖြေရှင်း ချက် ထုတ်ပြန်ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

Image:IG/Mina

သတ် သေဖို့ မကြိုးစားခင် ပြီးခဲ့တဲ့ ဇူလိုင် တုန်းက AOA အဖွဲ့ ၀င် ဟောင်း ဖြစ်တဲ့ Mina က သူမ အ ပေါ် အဖွဲ့ ၀င် ဟောင်း Jimin က အနိုင်ကျင့်ခဲ့တဲ့ အ ကြောင်းတွေကို ဖော် ထုတ် ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Mina ပြော တာတွေ မှန် နေတဲ့ အတွက် Jimin က တောင်းပန်စာ ရေးပြီးခဲ့ပြီး အဖွဲ့ ထဲက နေ နှုတ် ထွက် သွားခဲ့ပါတယ်။ ဒါပေမယ့် တောင်းပန်ချက် အ ပေါ် မ ကျေနပ်ပဲ ဆက်လက်ပြီး AOA အဖွဲ့ ၀င်တွေ ဆီက ရော FNC Entertain ment ဆီ က ပါ တကယ့် စိတ်ရင်းနဲ့ တောင်းပန်တာ မျိုးကို မရ ခဲ့ဘူး လို့ ပြော ခဲ့ပါတယ်။

Image:IG/Mina

သြဂုတ်(၈)ရက်နေ့ မှာတော့ သတ် သေ ဖို့ ကြိုးစားခဲ့တဲ့ Post ကို ဆိုရှယ်မီဒီယာ ပေါ် တင်ခဲ့ပါတယ်။သူမရဲ့ လက်ရှိ အေဂျင်စီ Woori Actors က တော့ Mina တစ်ယောက် ဆေးရုံ မှာ ဘေးကင်းစိတ်ချ နေရပါပြီ လို့ပဲ ခပ် တိုတို တရားဝင် ကြေညာချက် ထုတ်ခဲ့ပါတယ်။သြဂုတ် (၉) ရက်နေ့ မှာ တော Worri Actors က “Kwon Mina တစ်ယောက် ဆေးရုံမှာ သူမရဲ့ အ မေရဲ့ စောင့် ရှောက်မှု အောက် မှာရှိ နေတယ်။လိုအပ်တဲ့ ဆေးစစ်မှုတွေ ခံယူ ပြီး ရင် ကုသ မှုတွေ ဆက်လက်ခံယူ သွားမှာပါ။ဘယ်တော့ ဆေးရုံ ဆင်းမလဲ က တော့ မဆုံး ဖြတ်ရ သေးပါဘူး။ ရေရှည်ကု သ မှု ခံယူ သွားဖို့ အထိ လည်းဖြစ်နိုင်ပါတယ်..” လို့ ပြောခဲ့ပါတယ်။

READ
YBS ပညာပေးဇာတ်လမ်းတို ရိုက်ကူးခဲ့တဲ့ မြင့်မြတ်
Image:IG/Mina

တစ်နေ့ တည်းမှာပဲ အေဂျင်စီ ဟောင်း FNC Entertainment ကလည်း AOA နဲ့ ပတ်သက်ပြီး ဒီလို စိုးရိမ် စိတ်ပူ စရာ တွေ ဖြစ် စေ ခဲ့လို့ တောင်းပန် ပါတယ်။ Kwon Mina လည်း ခက်ခဲ တဲ့ အ ချိန် တွေကို ဖြတ် ကျော်ပြီး ကျန်းမာ ရေး ပြန် ကောင်းလာဖို့ မျှော်လင့်ပါတယ်။လေးလေးနက်နက် တောင်း ပန် ပါတယ်။အေဂျင်စီဘက်က ကြေညာချက် နှောင့် နှေး ခဲ့ရလို့ တောင်းပန် ပါတယ်။အဖွဲ့ ၀င် တွေ ကြား ဆက်ဆံ ရေးကို သေချာ ဂရုမစိုက် ပေးခဲ့မိလို့ တောင်းပန်ပါတယ်။

READ
ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတွဲညီညီတွေ့ရတဲ့ စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည်
Image:IG/Mina

မကြာ သေးခင်တုန်းက Kwon Mina က ကျ တော့် တို့ အေဂျင်စီရဲ့ ၀န်ထမ်း ဟောင်း Shin Jimin ရဲ့ အနာဂါတ် အနုပညာလှုပ်ရှားမှု တွေ အ ကြောင်း မေးလိုက်ပါတယ်။ကျ တော်တို့ ဘက်က ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။မတုံ့ ပြန် ဘူး ဆိုတာ က Shin Jimin က အေဂျင်စီနဲ့ ပုဂ္ဂိုလ် ရေးရာ အရ စကား ပြောတဲ့အခါ မှာ သူမ အ နေနဲ့ အနုပညာ လောကထဲမှာ ဆက် နေဖို့ အစီအစဉ် မရှိ တော့ါဘူး။ ဆယ်လီ မဟုတ်တဲ့ အပြင်သာမန် လူ အဖြစ်နဲ့ပဲ နေ သွားချင် လို့ ပြော လာပါတယ်..” ဆိုပြီး FNC ဘက်က ဆိုပါတယ်။

 

View this post on Instagram

 

디엠 보다가 많은분들이 무슨 광고 찍냐고 하셔서 제가 진짜 좋아하는 동생이 사진 작가라서 그냥 제가 헤메 하고 집에있는 옷 갖고 가면 스튜디오에서 실컷 수다 떨다가 둘다 사진찍는걸 좋아해서 찍고 그러는거에요 가영아..광고같대..실력 좋다 너.. 우와 기분 좋아..

A post shared by 권민아 우리액터스 actress (@kvwowv) on

#SHWEMOM

SHARE