ကျန်းမာရေးကောင်းဖို့ ဒီလိုအခြေခံအချက်လေးတွေကအစ လိုက်နာဖို့လိုပါတယ်

သင့်ရဲ့နေထိုင်မှုပုံစံကို ပိုကောင်းတဲ့အကျင့်လေးတွေနဲ့ ပြောင်းလဲပစ်လိုက်ခြင်းက ကျန်းမာရေး သိသိသာသာကောင်းလာစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကောင်းဖို့အတွက် အရေးကြီးတဲ့အချက်ကလည်း ကျန်းမာတဲ့ နေထိုင်စားသောက်မှုပေါ် မူတည်နေပါတယ်။ ဒီအခြေခံပြောင်းလဲမှုလေးတွေက သင့်ကျန်းမာရေးကို ပိုကောင်းလာစေမှာပါ။

(၁) ဆယ်မိနစ်လမ်းလျှောက်ပေးပါ

လေ့ကျင့်ခန်းကြီးတွေ လုပ်ရမှာ မလုပ်ချင်ဘူးဆိုရင် လမ်းလျှောက်ပေးတာက အကောင်းဆုံးပါပဲ။ တကယ်လို့ လေ့ကျင့်လုပ်နိုင်ရင်လည်း လုပ်နိုင်သလောက် လုပ်ပေးတာက ကျန်းမာရေးကို ပိုကောင်းစေနိုင်ပါတယ်။

Shutterstock

(၂) တစ်နေ့ကို အသီး (သို့မဟုတ်) အရွက် တစ်မျိုးမျိုး စားပေးပါ

အသီးအနှံတွေ ၊ အသီးအရွက်တွေက ဈေးမကြီးတဲ့အပြင် အရသာလည်းကောင်းပြီး သင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အစာအာဟာရလည်းဖြစ်ပါတယ်။

(၃) မနက်စာစားပေးပါ

သင့်တစ်နေ့တာမှာ မနက်စာ ပုံမှန်စားပေးတာက သင့်မှတ်ဥာဏ်တွေကို ကောင်းစေပါတယ်။ မနက်တိုင်း အသီးအနှံတစ်မျိုးမျိုးနဲ့ oatmeal တို့ကို စားပေးနိုင်ပါတယ်။

READ
အိပ်စက်ပုံအနေအထားမမှန်တာကြောင့် အာရုံကြောထိခိုက်ခဲ့ရတဲ့အမျိုးသမီး
Shutterstock

(၄) အချိုရည်သောက်တာတွေ ရပ်ပေးပါ

အချိုရည်နဲ့ သကြားပါတဲ့ ဆိုဒါတွေ သောက်တာ ရပ်လိုက်ရင်တော့ ကယ်လိုရီ (၁၀၀) လောက်ကို save ဖြစ်သွားမှာပါ။
ဒါတွေကို လုံးဝဖြတ်ပစ်လိုက်နိုင်ရင်တော့ (၁၀)ပေါင်လောက် ၀ိတ်ကျသွားနိုင်မှာပါ။

(၅) အသက်ပြင်းပြင်းရှုပေးပါ

အသက်ကို ဖြည်းဖြည်းနဲ့ ပြင်းပြင်း ရှူပေးပါ။ ဒီလိုလုပ်ပေးတာက သင့်စိတ်ကို အပန်းပြေစေနိုင်ပြီး အဆုတ်ကိုလည်း သန့်စင်စေနိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ ပြင်းပြင်း အသက်ရှူပေးခြင်းက သွေးပေါင်ချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။

Hannwe Soe

SHARE