ဆီးချိုထိန်းညှိပေးဖို့ စားသုံးသင့်တဲ့ အစားအသောက် (၇) မျိုး

Freepik- atlascompany

ဆီးချိုသမားတွေဟာ မတည့်တဲ့အစားအသောက်များတဲ့အတွက် တစ်ခါတစ်လေကျရင် ဘာစားလို့စားရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် ဆီးချိုကိုလည်း ထိန်းညှိပေးမယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်ဆိုတဲ့ အစားအသောက် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Freepik- kucherav

(၁) အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်တွေဟာ ဗီတာမင်စီကြွယ်ဝပြီးတော့ သွေးတွင်းက သကြားဓာတ်တွေကိုလည်း ထိန်းညှိပေးပါသေးတယ်။

(၂) ဥအမျိုးမျိုး

Type 2 diabetes သမားတွေဟာ တစ်နေ့ကို ကြကဥ ၂ လုံးလောက် စားသုံးပေးခြင်းဖြင့် ကိုလက်စရောနဲ့ သွေးတွင်းသကြားဓာတ်တွေကို ထိန်းငြိစေပါတယ်။

Freepik- freepik

(၃) Chia Seeds

တစ်နေ့ကို ၂၈ ဂရမ်လောက် chia seeds တွေကို စားသုံးခြင်းဟာ ဖိုက်ဘာဓာတ်မြင့်မားသလို သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေမှုကို လျော့ကျစေပါတယ်။

(၄) ဆနွင်းမှုန့်

ယောင်ယမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းငြိပေးတဲ့အပြင် နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ထိန်းညှိပေးပါတယ်။ နောက် ဆီးချိုကြောင့် ထပ်ဆင့်ကဲဖြစ်ပွားတတ်တဲ့ ကျောက်ကပ်ပြဿနာကိုလည်း လျော့နည်းစေပါတယ်။

Freepik- detry

(၅) ကြက်သွန်ဖြူ

READ
ခရီးသည်တချို့ကြုံတွေ့ခဲ့ကြတဲ့ လေကြောင်းလိုင်းမှ ဆိုးဆိုးရွားရွားအစားသောက်များ

ကြက်သွန်ဖြူဟာဆိုရင်လည်း Type 2 Diabetes သမားတွေနေ့တိုင်းစားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ဆီးချိုကို ထိန်းငြှိပေးရုံတင်မကဘဲ သွေးတိုးခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။

(၆) ကျောက်ဖရုံသီး

Lutein နဲ့ zeaxanthin တို့ ပါဝင်တဲ့ ကျောက်ဖရုံသီးဟာ ဆီးချိုသမားတွေ နေ့တိုင်းတောင် စားသုံးသင့်တဲ့ အစားအသောက်တစ်မျိုးပါပဲ။

Freepik- freepik

(၇) ပန်းဂေါ်ဖီစိမ်း

ဗီတာမင် စီဓာတ်ပေါကြွယ်ဝပြီး မဂ္ဂနီဆီယမ်လည်းပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းက အင်ဆူလင်ဓာတ်တွေကို လျော့ကျစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်းစဉ်ကို အားပေးပါတယ်။

penny

SHARE