Food Delivery သမား ၄ဦးမှာ ၁ဦးက မုန့်တွေကို နှိုက်စားလေ့ရှိကြောင်း စစ်တမ်းတစ်ခုဆို

KaiPilger/Pixabay

အရင်တုန်းက စားချင်တဲ့အစားသောက်ရှိရင် ကိုယ်တိုင်သွားဝယ်ပြီး ဝယ်စားခဲ့ရပေမယ့်လို့ အခုအချိန်မှာတော့ ဖုန်းလေးတစ်ချက်၊ စာတိုလေးတစ်စောင်တည်းနဲ့ မြို့အနှံ့ စားသောက်ဖွယ်ရာများကို အိမ်တိုင်ရာရောက်စနစ်နဲ့ မုန့်တွေမှာစားလို့နေပြီလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး NPR သတင်းဌာနမှာ မျက်လုံးပြူးစရာသတင်းတစ်ပုဒ်ဖတ်ခဲ့ရပါတယ်။

Andrey_Popov/shutterstock

အဲဒါကတော့ အမေရိကက မုန်ပို့ပေးတဲ့ delivery ဆရာများရဲ့ ၄ ယောက်မှာ ၁ ယောက်လောက်က စိတ်မထိန်းနိုင်လို့ မုန့်တွေကို နည်းနည်းလေး နှိုက်စားမိခဲ့ကြတယ်လို့ ဝန်ခံကြတာပါတဲ့။ ဟုတ်လည်းဟုတ်ပါတယ်။ စက်ဘီးလေးတွေနင်းပြီး နေပူမရှောင်၊ မိုးရွာမရှောင်၊ ညဥ့်နက်သန်းခေါင်လည်း ပင်ပင်ပန်းပန်း အိမ်အထိ လာပို့ပေးနေရသူလေးတွေပါ။ နောက်ပြီး အစားမကြိုက်တဲ့သူဆိုလို့လည်း ဘယ်သူမှမရှိကြဘူးမလား။ မွှေးကြိုင်တဲ့အနံ့တွေရဲ့ဆွဲဆောင်မှုမှာ ဒူးထောက်အရှုံးပေး၊ စားချင်စိတ်ကို ထိန်းမရဘဲ နည်းနည်းလေး နှိုက်စားမိကြတာ ဖြစ်တတ်ပါတယ်လေ။

၎ ယောက်မှာ ၁ ယောက်ဆိုတာကိုတော့ အမေရိကန်နိုင်ငံက နာမည်ကြီး Food Delivery ကုမ္ပဏီတစ်ခုဖြစ်တဲ့ US Foods မှ delivery ဆရာပေါင်း ၅၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာပါ။ Delivery ဆရာများဟာ အသက် ၁၈ နှစ်မှာ ၇၇ နှစ်အထိ အရွယ်အသီးသီးရှိနေပြီး အများဆုံးအရွယ်ကတော့ ၃၁ နှစ်အရွာ်တွေပဲဖြစ်ပါတယ်။ စစ်တမ်းကောာက်ခဲ့တဲ့အထဲ ၄၄% လောက်ဟာ customer တွေမှာတဲ့ အစားအသောက်အနံ့တွေမခံနိုင်တော့လို့ တစ်ခါတစ်ခါကျ စိတ်ကျေနပ်အောင်ဆိုပြီး နည်းနည်းလေးတော့ နှိုက်စားမိခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ deli တိုင်းတော့မဟုတ်ပါဘူးနော်။

READ
ကားကို တစ်ခြမ်းစောင်းမာင်းနှင်ပြီး ပျော်နေကြတဲ့ ဆော်ဒီလူငယ်များ
Daisy Daisy/shutterstock

Penny

SHARE