မိသားစုတစ်ခုမှာလည်း အိမ်ထောင်ရေးသုခရစေဖို့ဆိုတာ အဓိကမကျပေမယ့်လို့ အရေးပါတဲ့ကဏ္ဍကနေ စွမ်းဆောင်နတယ်ဆိုတာ လက်ခံရမှာပါပဲ။ ဒီတစ်ခေါက်မှာတော့ အိမ်ထောင်သည်အမျိုးသားတွေအတွက် အိမ်ထောင်ရေးသုခကို အပြည့်အဝပေးစွမ်းနိုင်ဖို့ ဘယ်လို အစားအစာတွေကို ပုံမှန်လေး စားသုံးပေးသင့်တယ်ဆိုတာကို မျှဝေပေးလိုက်ချင်ပါတယ်။
ဝိုင်နီ
ဝိုင်နီဟာ သွေးလှည့်ပတ်မှုကိုကောင်းစေပါတယ်။ အရက်ရဲ့ မူုးယစ်မှုနဲ့မတူဘဲ ဝိုင်နီသောက်ပြီး မူးဝေဝေဖြစ်သွားခြင်းဟာ သင့်ရဲ့ လိင်စိတ်တက်ကြွမှုကို ပိုပြီး ဖြစ်ပေါ်စေတယ်ဆိုပြီး လောလာမှုတွေရှိတယ်လို့ Health Line မှာ ဖော်ပြထားပါတယ်။

Oysters
Oysters တွေဟာ ပင်လယ်စာတွေထဲမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးအဖြစ်ဆုံးလို့ ဆိုရမှာပါပဲ။ သူဟာ လိင်အင်္ဂါကို အထူးပြုပြီး သွေးစီးဆင်းမှုနှုန်းအားကောင်းစေတဲ့အတွက် ဆက်ဆံစဉ်မှာ ကြာရှည်မှုကိုဖြစ်စေနိုင်ပါတယ်။
Almond စေ့
Almond မှာပါဝင်တဲ့ arginine ဓာတ်ဟာ သွေးကြောတွေရဲ့လုပ်ဆောင်ချက်ကို အားပေးတဲ့အတွက်ကြောင့် အမျိုးသားများအတွက် တာရှည်မှုမှာ အထောက်အကူဖြစ်စေပါတယ်။ နောက် စိတ်အားလည်း ထက်သန်စေပါတယ်။

မက်မွန်သီး
ဗီတာမင် C ဓာတ်ဟာ အမျိုးသားများ သုတ်လွှတ်ခြင်းရဲ့ လုပ်ဆောင်မှုကို အားပေးတဲ့အပြင် quality ကောင်းတဲ့ သုတ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။
Coffee
စိတ်ကို ကြည်လင်စေပြီးတော့ နှိုးဆွမှုတွေအပေါ်မှာ အပြည့်အဝအာရုံခံစားနိုင်တဲ့အတွက်ကြောင့် ကော်ဖီသောက်သုံးပေးသင့်ပါတယ်လို့ဆိုပြန်ပါတယ်။

Saffron
စွမ်းဆောင်ရည်မြင့်မားမှုကို လိုချင်တယ်ဆိုရင်တော့ saffron ကို မှီဝဲပါ။ သင့်ကို အမောခံနိုင်စေပြီး အားအင်လည်းပြည့်ဝစေမှာဖြစ်ပါတယ်။
penny