ခွေးလေးကို ကျွေးသင့်တဲ့ အစားအသောက်တွေနဲ့ မကျွေးသင့်တဲ့ အစားအသောက်များ

[email protected]

ဒီဆောင်းပါးလေးကိုတော့ Bright Side မှာ ဖတ်လိုက်ရတဲ့အတွက် ခွေးချစ်သူပိုင်ရှင်များ အနေနဲ့ သိသင့်တယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ခွေးလေးတွေကို ကျွေးသင့်တဲ့ အစားအသောက်တွေနဲ့ မကျွေးသင့်တဲ့အစားအသောက်တွေကို ယှဉ်တွဲဖော်ပြပေးသွားမှာမလို့ ဆင်ခြင်သင့်တာ ဆင်ခြင်နိုင်ကြစေဖို့ ဖတ်လိုက်ကြပါဦး။

Freepik-davit85

(၁) အရိုး

ခွေးလေးတွေကို အရိုးကျွေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ပိုင်ရှင်တွေ တော်တော်များများ အမှတ်မှားနေတာကတော့ ချက်ပြုတ်ထားတဲ့အရိုးတွေဆိုရင် အရိုးစိမ်းထက် ပိုကောင်းမယ်လို့ ထင်နေကြတာပါပဲ။ တကယ်တေယ့ ချက်ပြုတ်ထားတဲ့အရိုးတွဟာ ပိုမာပြီး ခြောက်သွေ့သွားကြတဲ့အတွက် ခွေးလေးတွေ စားလိုက်တဲ့အခါ လျှာ၊ လည်ချောင်းနဲ့အစာအိမ်တွေကို ထိုးဖောက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အရိုးကိုက်ခိုင်းမယ်ဆိုရင် အစိမ်းကိုပဲ ကိုက်ခိုင်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် အရိုးစိမ်းကိုက်ခိုင်းထားမယ်ဆိုရင်လည်း ၁၀ မိနစ်နေရင် ပြန်ယူပြီး ပစ်လိုက်ပါ။ ဘာကြောင့်လဲဆို အရိုးကိုကိုက်ရင်းကိုက်ရင်း သေးသေးလေးဖြစ်သွားပြီး နင်နိုင်လို့ပါပဲ။

 

Freepik-8photo

(၂) အစေ့အဆံများ

ပဲမှာ ပရိုတင်းဓာတ်တွေပါပေမယ့်လို့ ခွေးလေးတွေကို ပဲကျွေးမယ်ဆိုရင် သတိအရမ်းထားရပါလိမ့်မယ်။ ချောကလတ်နဲ့သကြားလုံးတွေထဲပါဝင်တဲ့ မြေပဲတွေဟာ ခွေးလေးတွကို အော့အန်စေခြင်း၊ ပင်ပမ်းနွမ်းနယ်မှုအပြင် ဖျားခြင်း၊ ကြွက်သားနာကြင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ကျွေးဖန်များရင် ဖြစ်လာစေပါတယ်။ ဒီအပြင် သစ်ချသီးမျိုးနွယ်တွေဟာလည်း ခွေးလေးတွေနဲ့မတည့်ပါဘူး။

READ
အခြားဘုရင်တွေနဲ့မတူပဲ တမူထူးခြားတဲ့ ထိုင်းနိုင်ငံရဲ့ ဘုရင်သစ် King Rama X

အကျွေးသင့်ဆုံးကတော့ မြေပဲနဲ့ သီဟိုဠ်စေ့တို့ပါပဲ။

Freepik-alphacell

(၃) ထောပတ်သီး

ခွေးလေးတွေကို ထောပတ်သီးကျွေးခြင်းက မှားယွင်းတဲ့လုပ်ရပ်ပါပဲ။ ထောပတ်သီးမှာပါဝင်တဲ့ persin ဆိုတဲ့ ဓာတ်ဟာ ခွေးတွေအပြင် တခြားသော တိရိစ္တာန်တွေကိုပါ သေစေနိုင်တဲ့အထိ အဆိပ်အတောက်ဖြစ်စေပါတယ်။

ကျွေးချင်တယ်ဆိုရင် ထောပတ်သီးနဲ့ ပါဝင်ပစ္စည်းချင်းဆင်တဲ့ ငှက်ပြောသီးကို ကျွေးပါ။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ငှက်ပျောသီးမှာ သကြားဓာတ်ပါဝင်တဲ့အတွက် အမြဲတမ်းလိုလိုကျွေးတာတော့ မကောင်းပါဘူး။

Freepik-AndreyStar

(၄) အသားစိမ်း

အသားစိမ်းဆိုတဲ့အထဲ ငါးအစိမ်းလည်း ပါဝင်နေပါတယ်။ တိရိစ္တာန်ဆိုပြီး အသားစိမ်း၊ ငါးစိမ်းကို ကျွေးမယ်လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ ဒီအသားစိမ်းတွေထဲမှာ မမြင်နိုင်တဲ့ဘတ်တီးရီးယားပိုးမွှားတွေ ပါဝင်နိုင်တဲ့အတွက် လူတွေလိုပဲ အလွယ်တကူ ပိုးဝင်ကာ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ ဖြစ်စေနိုင်တဲ့အပြင် ဝိတ်လည်း တက်စေပါတယ်တဲ့။ ဒါကြောင့် ချက်ပြုတ်ပြီးသား အသားနဲ့ ချက်ပြုတ်ပြီး အရိုးထုတ်ထားတဲ့ ငါးတွေကိုသာ ကျွေးသင့်ပါတယ်။

READ
သူနာပြုဆရာမတွေပြောပြတဲ့ သရဲတစ္ဆေများအကြောင်း Part (7)
Freepik- Recool_studio

(၅) သွားရည်စာ

ခွေးလေးတွေကိုချစ်လို့ ကိုယ်ကျွေးတဲ့အစေားအသောက်တွေ ကျွေးတယ်ဆိုတာ ချစ်တာမဟုတ်ပါဘူးနော်။ အထူးသဖြင့် သွားရည်စာတွေဖြစ်တဲ့ သကြားလုံး၊ ဂျယ်လီစတာတွေဟာ ခွေးတွေအတွက် သွေးပေါင်ကျခြင်း၊ နှလုံးဖောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သွားရည်စာကျွေးမယ်ဆိုရင် peanut butter ကိုကျွေးပါ။ Xylitol ဓာတ်ပါဝင်မှုကိုတော့ အထူးဂရုပြုပါ။

Freepik- azerbaijan_stockers

(၆) နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ သူတို့လေးတွေကို ဝမ်းလျှောစေတယ် ဒါမှမဟုတ် ဝမ်းချုပ်စေတယ်၊ အစာအိမ်ထဲ ဂတ်စ်ထစေပြီး ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်းတို့ကို အခန့်မသင့်ဖြစ်စေနိုင်ပါတယ်။ ကျွေးသင့်တာကတော့ ဖိုက်ဘာဓာတ်ပေါကြွယ်ဝပြီး ဗီတာမင်းနဲ့သတ္တုဓာတ်ကြွယ်ဝတဲ့ oatmeal တွေကို ကျွေးသင့်ပါတယ်။

Penny

SHARE