အာဟာရလည်းရှိ၊ စားချင်စိတ်လည်းဖြစ်စေမယ့် သရေစာမုန့်ပြင်ဆင်နည်းလေးတွေ

ကလေးတွေက အသက်(၂)နှစ်ကျော်ပြီဆိုတာနဲ့  အစားအသောက် ဂျီးများလာကြတယ်။ ထမင်းစစားတဲ့အရွယ်ဆိုရင် ပိုပြီးကျွေးရတာ ခက်ပါတယ်။ ဒီလို အမြဲအစားစားဖို့ ငြင်းဆန်နေရင် သင့်ကလေးက အာဟာရချို့တဲ့သွားမှာပါ။ ဖွံဖြိုးဆဲဖြစ်နေတဲ့အရွယ်တွေမှာ ကလေးတွေကို ထမင်းစားချင်စိတ်ပေါ်လာအောင် ထမင်းဗူးလေးတွေကို ဒီလို အလှဆင်ပေးလိုက်ရင် သူတို့တွေ ထမင်းစားချင်စိတ်ပေါ်လာမှာပါ။ သရေစာကြိုက်တဲ့ကလေးတွေအတွက်လည်း အာဟာရရှိလှတဲ့ သရေစာမုန့်များကို အလှဆင်ပေးလိုက်ရင် သူတို့တွေ စားချင်စိတ်ပေါ်လာမှာပါ။ မေမေတို့ သားသားမီးမီးတွေအတွက် ဒီလိုလေးတွေ အလှဆင်ပြီးကျွေးလိုက်ပါနော်။

(၁) ကြက်ဥကြော်နဲ့ အသီးအနှံ

ကလေးတွေကို သရေစာကျွေးမယ်ဆိုရင် အာဟာရရှိတာကိုပဲ ကျွေးသင့်ပါတယ်။ Snack ထုပ်တွေကို မကျွေးပါနဲ့။ ဖြစ်နိုင်ရင် သရေစာကို ကိုယ်တိုင်လုပ်ပြီးကျွေးပေးပါ။ ဒီပုံလေးကအတိုင်း အာဟာရဖြစ်စေမယ့် ကြက်ဥကို အပြားကြော်ပြီး အ၀ိုင်းလုပ်ပေးထားတာပါ။ ပြီးရင် စတော်ဘယ်ရီသီး၊ စပျစ်သီး၊ မုန်လာဥနီနဲ့ သခွားသီးတို့ပါ သရေစာအဖြစ်ကျွေးပေးပါ။ ကလေးတွေကို အသီးအနှံ များများကျွေးပါ။

(၂) ပန်ကိတ်နဲ့ ငှက်ပျောသီး 

ကိုယ့်ကလေးကိုချစ်တယ်ဆိုရင် သူတို့တွေကို အာဟာရဖြစ်စေမယ့် အစာပြေတွေကို ကိုယ်တိုင်လုပ်ပေးပါ။ ကလေးတွေရဲ့သဘာဝက အရုပ်လေးတွေကြိုက်ကြတယ်။ သူတို့ကြိုက်မယ့်အရုပ်လေးတွေကို သရေစာအဖြစ် ပြောင်းပေးလိုက်ရင် သူတို့တွေ စားချင်စိတ်ပေါ်လာမှာပါ။ ဒီပုံလေးအရတော့ ပန်ကိတ် (ဒါမှမဟုတ်) ဂျုံကြော် ကို ငှက်ပျော်သီးလေးနဲ့ အလှဆင်ထားပြီး ကျွေးပေးပါ။ ပြီးရင် ပန်းပွင့်စိမ်း၊ မုန့်လာဥနှီ ၊ သစ်ကြာသီး တို့ကို သရောစာအဖြစ်ကျွေးပေးပါ။

READ
အစားအသောက်ကောင်းကြိုက်သူတွေအတွက် ရန်ကုန်မြို့ကနေရာလေးတစ်ခု

 (၃) ပေါင်မုန့်နဲ့ ကြက်ဥကြော်

ကိုယ့်ကလေးကြိုက်မယ့် အရုပ်လေးတွေနဲ့ ပေါင်မုန့်ကို အလှဆင်ပြီး ကျွေးကြည့်ပါ။ ဒီပုံလေးမှာတော့ ပေါင်မုန့်နဲ့ ကြက်ဥကြော်လေးကို ကလေးတွေစားချင်စိတ်ပေါ်အောင် ဖန်တီးပြီးကျွေးပေးပါ။ ပြီးရင် ထုံးစံအတိုင်း အသီးအနှံလေးတွေကို ထည့်ကျွေးပေးပါ။ ကလေးတွေအတွက် အာဟာရဖြစ်စေပါတယ်။

(၄) ထမင်းနဲ့ ကြက်ဥကြော်

ထမင်းဖြူနဲ့ ကြက်ဥကြော်ပါပဲ။ ရိုးရိုးအသားဟင်းတောင်မပါပေမယ့် ကလေးတွေကို စားချင်စိတ်ပေါ်လာအောင် အရုပ်လေးတွေနဲ့ ဖန်တီးပြီးကျွေးပေးပါ။ ကြက်ဥကြော်မကြိုက်တတ်တဲ့ ကလေးတောင် စားသွားပါလိမ့်မယ်။ ကလေးတွေအတွက် အမြဲ အသီးအနှံ မပါမဖြစ် ပါအောင်ထည့်ကျွေးပေးပါ။ ငယ်ငယ်ကတည်းက အသီးအနှံစားတတ်တဲ့အကျင့်ကို ကျင့်ပေးထားပါ။

(၅) အသားချောင်းနဲ့ အသီးအနှံ

အိမ်မှာ ပေါင်မုန့်မရှိရင် အသားချောင်းလေးကို ရေဘ၀ဲပုံစံလေးကြော်ပြီးကျွေးပေးပါ။ ပြီးရင် အသီးအနှံလေးတွေကိုပါထည့်ထည့်ပြီးကျွေးပေးပါ။

(၆) ကြက်သားပြားကြော်နဲ့ အသီးအနှံ

ကလေးက အစား စားဖို့ကိုငြင်းနေလို့ စိတ်ညစ်နေရတဲ့မေမေတွေ ဒီပုံလေးကအတိုင်း ကြက်သားဖြစ်ဖြစ်၊ ၀က်သားဖြစ်ဖြစ် ကြော်ပြီးကျွေးကြည့်ပါ။ ပြီးရင် အသီးအနှံကို ကျွေးပေးပါ။ ကလေးတိုင်း အရုပ်တွေနဲ့ အလှဆင်ထားတဲ့ အစားအစာကို ကြိုက်ကြမှာပါ။

READ
ထူးခြားကောင်းမွန်ပြီးအရသာနဲ့ပြည့်စုံတဲ့ ကြာစွယ်အချိုကြော်လေး ဘယ်လိုချက်မလဲ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE