ခေါင်းတစ်ခြမ်းကိုက်တာကို အချိန်တိုအတွင်းပျောက်ကင်းဖို့ စားပေးသင့်တဲ့ အစားအသောက်များ

unsplash/amoon ra

ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ ရုတ်တရက်ဖြစ်လာပေမယ့် ပျောက်ကင်းဖို့ ခက်တဲ့ရောဂါမျိုးပါ။ တကယ်လို့ စာဖတ်သူအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကြာခဏခံစားနေရတယ်ဆိုရင်တော့ ဝေဒနာရဲ့သဘောကို နားလည်မှာပါ။ ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပေမယ့် အရှင်းပျောက်သွားတယ်ဆိုတာတော့ မရှိပါဘူး။ အချိန်မရွေး ဝေဒနာပြန်ပေါ်လာနိုင်ပါတယ်။

တစ်ခုရှိတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေချင်တယ်ဆိုရင် ကိုယ်စားတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးဖို့ပါပဲ။ ကိုယ်စားတဲ့ အစားအစာတွေထဲမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် တားဆီးပေးနိုင်တဲ့ ကိုယ်ခံအားစနစ်မြှင့်တင်ပေးတဲ့ အစားအသောက်တွေပါလာရင်တော့ ခေါင်းကိုက်ဝေဒနာဟာ သူ့အလိုအလျောက် လျော့ပါးသွားမှာပါ။ အောက်ဘက်မှာတော့ brightside ကနေ တဆင့် တွေ့မြင်ရတဲ့ ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းသွားဖို့ အကူညီပေးနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ riboflavin နဲ့ ဗီတာမင်ဘီတွေ ပါဝင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခဏခဏခံစားနေရတယ်ဆိုရင်တော့ နေ့တိုင်း ဒိန်ချဉ်စားပေးသင့်ပါတယ်။

READ
ပြားချပ်နေတဲ့ဗိုက်သားလေး ပိုင်ဆိုင်နိုင်မယ့်အကောင်းဆုံးလေ့ကျင့်ခန်း
unsplash/David B Townsend

ဆော်လ်မွန်

ဆော်လ်မွန်ငါးတွေမှာ အိုမီဂါ(၃) ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် ဘီတူး ပါဝင်ပါတယ်။ ဒါကြောင့် မကြာခဏ ခေါင်းကိုက်ဝေဒနာကို ဖြစ်ပွားစေတဲ့ သွေးကြောအဖုအထုံးတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥတွေဟာ အရသာရှိရုံတင်မကပဲ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုပါ ပျောက်ကင်းစေပါတယ်။ ကန်စွန်းဥတွေမှာ ဗီတာမင်စီ၊ ဗီတာမင်ဘီဝမ်း၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခေါင်းကိုက်တဲ့အချိန် ကန်စွန်းဥစားပေးရင် ခေါင်းကိုက်တာကို သက်သာစေတဲ့အပြင် စိတ်ကို တည်ငြိမ်စေပါတယ်။

unsplash/Charles 🇵🇭

ထောပတ်သီး

ထောပတ်သီးဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို တိုက်ဖျက်ပေးနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။ ထောပတ်သီးမှာ lutein နဲ့ zeaxanthin လို အင်တီအောက်ဆီးဒန့်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တဲ့ဝေဒနာကို ထောပတ်သီးစားခြင်းနဲ့ ကုစားနိုင်ပါတယ်။

သဖန်းသီး

သဖန်းသီးတွေဟာလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေတဲ့ သဘာဝဆေးတွေ ဖြစ်ပါတယ်။ သဖန်းသီးတွေထဲမှာတော့ ပိုတက်ဆီယမ်ပါဝင်တဲ့အတွက် ရောင်ရမ်းတာတွေကို သက်သာစေပြီး ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။

READ
ဓမ္မတာလာစဉ်ဖြစ်ပေါ်တတ်သည့် နာကျင်ကိုက်ခဲခြင်းများကို ကြိုတင်ကာကွယ်နည်း (၃) မျိုး
unsplash/Harshal S. Hirve

ဖရဲသီးနဲ့ မုန်လာဥနီ

ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ရေများများသောက်ရပါတယ်။ ဖရဲသီး၊ မုန်လာဥနီ၊ သခွားသီးနဲ့ တရုတ်နံနံတို့ဟာလည်း ခေါင်းကိုက်တာကို သက်သာစေတဲ့ သဘာဝဆေးတွေပါပဲ။ ရေဓာတ်ခန်းခြောက်ရင်လည်း ခေါင်းကိုက်တတ်တာကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

ရှောက်သီးဖျော်ရည်

ရှောက်ဖျော်ရည်ထဲမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ပေးပါတယ်။ ဒါကြောင့် ခေါင်းတွေထိုးပြီးကိုက်နေတာ၊ ခေါင်းတစ်ခြမ်းအုံပြီးကိုက်ခဲနေတာမျိုးဆိုရင် ရေတစ်ဖန်ခွက်ထဲကို ရှောက်ရည်ထည့်၊ ဆားနည်းနည်းထည့်ပြီး တစ်ကျိုက်တည်းသော က်ချပေးပါ။ ရှောက်ဖျော်ရည်ဟာ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် ခဏလေးအတွင်းမှာပဲ ဝေဒနာသက်သာသွားတာကို ခံစားမိမှာဖြစ်ပါတယ်။ ဒီတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ မကြာခဏခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ဖော်ပြထားတဲ့ ဓာတ်စာတွေနဲ့ ဝေဒနာသက်သာ ပျောက်ကင်းစေကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE